သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဩစေတးလ်မွာ ကိုဗစ္ကူးစက္မႈစံခ်ိန္တင္


ေလာ့ေဒါင္းခ်ထားတဲ့ ျသစတေးလ်နိုင္ငံ ဆစ္ဒနီျမိဳ ့က ဘူတာရံုတခု ( ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ၾသစေၾတးလ်ႏိုင္ငံမွာ ဒီေန႔မွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္သူ စံခ်ိန္တင္ျမင့္တက္ခဲ့တယ္လို႔ ၾသစေၾတးလ် အာဏာပိုင္ေတြက ေျပာၾကားလိုက္ပါတယ္။ ေသဆုံးသူ ၂ ဦး အပါအဝင္ ေရာဂါကူးစက္မႈေတြ စံခ်ိန္တင္ျမင့္တက္ခဲ့တာျဖစ္ၿပီး၊ ကူးစက္မႈေတြ အဓိကအားျဖင့္ New South Wales ျပည္နယ္မွာျဖစ္၊ Delta ဗိုင္းရပ္မ်ိဳးကြဲေၾကာင့္ ကူးစက္မႈေတြ ေနာက္ထပ္ မပ်ံ႕ေအာင္လုပ္တဲ့အေနနဲ႔ လူေတြကို အျပင္မထြက္ဘဲ အိမ္ထဲမွာပဲ ေနၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း New South Wales ျပည္နယ္မွာ ေရာဂါကူးစက္သူ ၃၁၉ ေယာက္ရွိခဲ့တယ္လို႔ျပည္နယ္ က်န္းမာေရးဝန္ႀကီး Brad Hazzard က သတင္းေထာက္ေတြကို ဆစ္ဒနီၿမိဳ႕မွာ ဒီေန႔ ေျပာပါတယ္။ ဒါဟာ ကပ္ေရာဂါစတင္ခ်ိန္ကစၿပီး၊ New South Wales ျပည္နယ္မွာ တရက္အတြင္း ကူးစက္မႈအမ်ားဆုံးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဗစ္တိုးရီးယားျပည္နယ္မွာလည္း ကူးစက္သူ ၂၉ ေယာက္ရွိခဲ့ၿပီး၊ ဒါဟာ အခုႏွစ္အတြင္း ေန႔စဥ္ကူးစက္မႈမွာ အမ်ားဆုံးစံခ်ိန္ျဖ္စပါတယ္။ Queesland ျပည္နယ္မွာေတာ့ မနက္ျဖန္ ေန႔လည္မွာ လူေတြကို အိမ္ထဲကေန အျပင္မထြက္ဖို႔ ခ်မွတ္ထားတဲ့ အမိန႔္ကို ႐ုတ္သိမ္းဖို႔လုပ္ေနခ်ိန္မွာပဲ၊ ေနာက္ထပ္ကူးစက္သူ ၁၃ ေယာက္ကို ေတြ႕ရွိခဲံပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းထိုင္းႏိုင္ငံမွာေတာ့ ဒီေန႔မွာ ကူးစက္သူ ၂၁၃၈၃ ေယာက္ရွိခဲ့ၿပီး၊ ေသဆုံးသူကေတာ့ ၂၁၂ ေယာက္ရွိခဲ့တာေၾကာင္ ဒါဟာ ေန႔စဥ္ကူးစက္မႈႏႈန္းမွာေရာ ေသဆုံးမႈႏႈန္းမွာပါ အမ်ားဆုံးစံခ်ိန္တင္လိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္က ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးသူေတြ တိုးလာတာေၾကာင့္ ၊ အခုဆိုရင္ တိုင္းျပည္ရဲ႕ လူဦးေရ ထက္ဝက္ေလာက္ဟာ ကာကြယ္ေဆးထိုးၿပီးၾကၿပီျဖစ္တယ္လို႔အိမ္ျဖဴေတာ္က မေန႔က ထုတ္ျပန္လိုက္ပါတယ္ခင္ဗ်ာ။

...................................................................................................

ဩစေတးလ်မွာ ကိုဗစ္ကူးစက္မႈစံခ်ိန္တင္
please wait

No media source currently available

0:00 0:01:24 0:00
တိုက္႐ိုက္ လင့္ခ္


ဩစတေးလျမှာ ကိုဗစ်ကူးစက်မှုစံချိန်တင်

(Unicode)

သြစတြေးလျနိုင်ငံမှာ ဒီနေ့မှာ ကိုဗစ် ၁၉ ရောဂါကူးစက်သူ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ သေဆုံးသူ ၂ ဦး အပါအဝင် ရောဂါကူးစက်မှုတွေ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပြီး၊ ကူးစက်မှုတွေ အဓိကအားဖြင့် New South Wales ပြည်နယ်မှာဖြစ်၊ Delta ဗိုင်းရပ်မျိုးကွဲကြောင့် ကူးစက်မှုတွေ နောက်ထပ် မပျံ့အောင်လုပ်တဲ့အနေနဲ့ လူတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း New South Wales ပြည်နယ်မှာ ရောဂါကူးစက်သူ ၃၁၉ ယောက်ရှိခဲ့တယ်လို့ပြည်နယ် ကျန်းမာရေးဝန်ကြီး Brad Hazzard က သတင်းထောက်တွေကို ဆစ်ဒနီမြို့မှာ ဒီနေ့ ပြောပါတယ်။ ဒါဟာ ကပ်ရောဂါစတင်ချိန်ကစပြီး၊ New South Wales ပြည်နယ်မှာ တရက်အတွင်း ကူးစက်မှုအများဆုံးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဗစ်တိုးရီးယားပြည်နယ်မှာလည်း ကူးစက်သူ ၂၉ ယောက်ရှိခဲ့ပြီး၊ ဒါဟာ အခုနှစ်အတွင်း နေ့စဉ်ကူးစက်မှုမှာ အများဆုံးစံချိန်ြဖ်စပါတယ်။ Queesland ပြည်နယ်မှာတော့ မနက်ဖြန် နေ့လည်မှာ လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဖို့ ချမှတ်ထားတဲ့ အမိန့်ကို ရုတ်သိမ်းဖို့လုပ်နေချိန်မှာပဲ၊ နောက်ထပ်ကူးစက်သူ ၁၃ ယောက်ကို တွေ့ရှိခဲံပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ ဒီနေ့မှာ ကူးစက်သူ ၂၁၃၈၃ ယောက်ရှိခဲ့ပြီး၊ သေဆုံးသူကတော့ ၂၁၂ ယောက်ရှိခဲ့တာကြောင် ဒါဟာ နေ့စဉ်ကူးစက်မှုနှုန်းမှာရော သေဆုံးမှုနှုန်းမှာပါ အများဆုံးစံချိန်တင်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးသူတွေ တိုးလာတာကြောင့် ၊ အခုဆိုရင် တိုင်းပြည်ရဲ့ လူဦးရေ ထက်ဝက်လောက်ဟာ ကာကွယ်ဆေးထိုးပြီးကြပြီဖြစ်တယ်လို့အိမ်ဖြူတော်က မနေ့က ထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG