သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျနိုင်ငံသား တရုတ်စာရေးဆရာ တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ် အပြစ်ပေးခံရ

ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ် စီရင်ချက်ချခံလိုက်ရတဲ့ သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး စာရေးဆရာ Yang Jun ကို ဇနီးသည် Yuan Xiaoliang နဲ့အတူ တွေ့ရစဉ်
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ် စီရင်ချက်ချခံလိုက်ရတဲ့ သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး စာရေးဆရာ Yang Jun ကို ဇနီးသည် Yuan Xiaoliang နဲ့အတူ တွေ့ရစဉ်

သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး စာရေးဆရာကို တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ် စီရင်ချက်ချလိုက်တဲ့ သတင်းဆိုးကို သိရှိရကြောင်း သြစတြေးလျ အစိုးရက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ Yang Jun ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။

စီရင်ချက်အတွက် သြစတြေးလျအစိုးရက စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong ကပြောပါတယ်။ ဆိုင်းငံ့သေဒဏ် စီရင်ချက်ကို ၂ နှစ်ကြာတဲ့အခါ တသက်တကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်မယ်လို့ မျှော်လင့်ရကြောင်းလည်း ပြောပါတယ်။ စိတ်ပျက်စရာကောင်းလွန်းတဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်မှာ ဖြစ်ကြောင်းလည်း ပြောခဲ့တာပါ။ သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xiao Qian ကို ဆင့်ခေါ် ကန့်ကွက်မယ်လို့လည်း ပြောပါတယ်။ ၂၀၂၁ ခုနှစ် မေလကစတဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စွဲချက်တွေနဲ့ တံခါးပိတ်ကြားနာ စစ်ဆေးနေတဲ့ တရားခွင်ဟာ အကြိမ်ကြိမ် ကြန့်ကြာမှုတွေ ကြုံခဲ့ရပြီး အခုနောက်ဆုံး စီရင်ချက် ထွက်ပေါ်လာတာပါ။

သြစတြေးလျ အစိုးရကတော့ တရားမျှတမှု အခြေခံစံတွေရှိဖို့၊ မျှမျှတတဆောင်ရွက်ဖို့နဲ့ စာနာမှုရှိရှိ ဆက်ဆံဖို့ ထပ်တလဲလဲ တောင်းဆိုထားပါတယ်။ ဒေါက်တာ Yang အတွက် တရားမျှတမှု ရရှိရေး သြစတြေးလျနိုင်ငံက မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG