[[Zawgyi/Unicode]]
အီရန္ႏိုင္ငံအႏွံ႔က အစိုးရဆန္႔က်င္ဆႏၵျပပဲြေတြမွာ ေထာင္ေသာင္းခ်ီ ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ဒါမွမဟုတ္ ျပစ္ဒဏ္ေလွ်ာ့ေပါ့ခြင့္ေပးဖို႔ ႏိုင္ငံဥေသွ်ာင္ Ayatollah Ali Khamenei က တနဂၤေႏြေန႔မွာ အမိန္႔ေပးလိုက္တယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။
အီရန္ႏိုင္ငံရဲ႕ ၁၉၇၉ ခုႏွစ္ အစၥလာမစ္ ေတာ္လွန္ေရး ႏွစ္ပတ္လည္ေန႔မတိုင္ခင္ ႏွစ္စဥ္အက်ဥ္သားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတဲ့အစီအစဥ္ တစိတ္တပိုင္းအျဖစ္ အျမင့္ဆုံးအာဏာပိုင္ကထုတ္ျပန္လိုက္တဲ့အမိန္႔ေၾကာင့္ ဆႏၵျပပဲြေတြနဲ႔ဆက္ႏြယ္ၿပီး ဖမ္းဆီးထားသူ ေထာင္ေသာင္းခ်ီရွိတယ္ဆိုတာကို အာဏာပိုင္ေတြဝန္ခံလိုက္တဲ့ သေဘာလည္း ျဖစ္ပါတယ္။ ျပည္ပနဲ႔ဆက္ႏြယ္သူေတြ၊ သူလွ်ဳိမႈနဲ႔ အေရးယူခံထားရသူေတြကေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္မွာ အက်ဳံးမဝင္ဘူးလို႔လည္း ႏိုင္ငံပိုင္သတင္းဌာနက ထုတ္ျပန္ခ်က္မွာ ေၾကညာခဲ့တာပါ။
မၾကာေသးခင္ကျဖစ္ရပ္ေတြနဲ႔ဆက္ႏြယ္ၿပီး စြပ္စဲြခံထားရသူေတြ၊ အေရးယူအျပစ္ေပးခံထားရသူ ေထာင္ေသာင္းခ်ီကို လြတ္ၿငိမ္းခ်မ္းသာခြင့္၊ ဒါမွမဟုတ္ ျပစ္ဒဏ္သက္သာခြင့္ျပဳဖို႔ ႏိုင္ငံဥေသွ်ာင္က လက္ခံခဲ့တယ္လို႔လည္း ႏိုင္ငံပိုင္ IRNA သတင္းဌာနက အီရန္ႏိုင္ငံသုံး ဖာရစီဘာသာနဲ႔ ေၾကညာခဲ့ပါတယ္။ ဒါေပမဲ့ ဒီသတင္းကို ေနာက္ပိုင္းမွာ အဂၤလိပ္ဘာသာနဲ႔ ေၾကညာရာမွာေတာ့ မၾကာေသးခင္က အဓိက႐ုဏ္းေတြနဲ႔ ဆက္ႏြယ္ၿပီး ဖမ္းဆီးခံထားရသူေတြ အပါအဝင္ ေထာင္ေသာင္းခ်ီတဲ့အက်ဥ္းသားေတြဆိုၿပီး စကားလုံးအထားအသိုကို ေျပာင္းလဲေၾကညာခဲ့တာပါ။ ဒီလိုသတင္း ၂ ခုကဲြလဲြခ်က္နဲ႔ ပတ္သက္လို႔ အာဏာပိုင္ေတြဘက္က ရွင္းလင္းတာမရွိသလို အီရန္မွာ ေနာက္ဆုံး အဆုံးအျဖတ္ေပးႏိုင္တဲ့အာဏာရွိသူ Khamenei က ဖမ္းဆီးထားသူေတြကို လႊတ္ေပးဖို႔နဲ႔ ျပစ္ဒဏ္ေတြေလွ်ာ့ဖို႔ ဆုံးျဖတ္ခဲ့တဲ့ အေၾကာင္းရင္းကိုလည္း ႏိုင္ငံပိုင္သတင္းမွာ ရွင္းမျပပါဘူး။
အီရန္ႏိုင္ငံမွာ စီးပြားေရးျပႆနာအပါအဝင္ မေက်နပ္ခ်က္ေတြေၾကာင့္ ကန္႔ကြက္ဆႏၵျပသူေတြကို ဖမ္းဆီးထိန္းသိမ္းတာေတြ ႏွစ္နဲ႔ခ်ီ ရွိလာေနခ်ိန္မွာ အက်ဥ္းေထာင္ေတြ၊ ထိန္းသိမ္းေရးစခန္းေတြမွာ လူေတြျပည့္က်ပ္ေနတဲ့ အေျခအေနနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။
=====================
[[Unicode]]
ဆန္ဒပြလို့ ဖမ်းဆီးခံထားရသူတွေကို ကင်းလွတ်ခွင့်ပေးဖို အီရန် ဥသျှောင် ညွှန်ကြား
အီရန်နိုင်ငံအနှံ့က အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ထောင်သောင်းချီ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ဒါမှမဟုတ် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးဖို့ နိုင်ငံဥသျှောင် Ayatollah Ali Khamenei က တနင်္ဂနွေနေ့မှာ အမိန့်ပေးလိုက်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အီရန်နိုင်ငံရဲ့ ၁၉၇၉ ခုနှစ် အစ္စလာမစ် တော်လှန်ရေး နှစ်ပတ်လည်နေ့မတိုင်ခင် နှစ်စဉ်အကျဉ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အစီအစဉ် တစိတ်တပိုင်းအဖြစ် အမြင့်ဆုံးအာဏာပိုင်ကထုတ်ပြန်လိုက်တဲ့အမိန့်ကြောင့် ဆန္ဒပြပွဲတွေနဲ့ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ထောင်သောင်းချီရှိတယ်ဆိုတာကို အာဏာပိုင်တွေဝန်ခံလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြည်ပနဲ့ဆက်နွယ်သူတွေ၊ သူလျှိုမှုနဲ့ အရေးယူခံထားရသူတွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးမဝင်ဘူးလို့လည်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ချက်မှာ ကြေညာခဲ့တာပါ။
မကြာသေးခင်ကဖြစ်ရပ်တွေနဲ့ဆက်နွယ်ပြီး စွပ်စွဲခံထားရသူတွေ၊ အရေးယူအပြစ်ပေးခံထားရသူ ထောင်သောင်းချီကို လွတ်ငြိမ်းချမ်းသာခွင့်၊ ဒါမှမဟုတ် ပြစ်ဒဏ်သက်သာခွင့်ပြုဖို့ နိုင်ငံဥသျှောင်က လက်ခံခဲ့တယ်လို့လည်း နိုင်ငံပိုင် IRNA သတင်းဌာနက အီရန်နိုင်ငံသုံး ဖာရစီဘာသာနဲ့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီသတင်းကို နောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာနဲ့ ကြေညာရာမှာတော့ မကြာသေးခင်က အဓိကရုဏ်းတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတွေ အပါအဝင် ထောင်သောင်းချီတဲ့အကျဉ်းသားတွေဆိုပြီး စကားလုံးအထားအသိုကို ပြောင်းလဲကြေညာခဲ့တာပါ။ ဒီလိုသတင်း ၂ ခုကွဲလွဲချက်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ရှင်းလင်းတာမရှိသလို အီရန်မှာ နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်တဲ့အာဏာရှိသူ Khamenei က ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ ပြစ်ဒဏ်တွေလျှော့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကိုလည်း နိုင်ငံပိုင်သတင်းမှာ ရှင်းမပြပါဘူး။
အီရန်နိုင်ငံမှာ စီးပွားရေးပြဿနာအပါအဝင် မကျေနပ်ချက်တွေကြောင့် ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ နှစ်နဲ့ချီ ရှိလာနေချိန်မှာ အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေးစခန်းတွေမှာ လူတွေပြည့်ကျပ်နေတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။