{{Zawgyi/Unicode}}
ယူကရိန္းအေရွ႕ပိုင္းက Bakhmut ၿမိဳ႕မွာ တိုက္ပြဲေတြျပင္းထန္ေနေပမယ့္ ဒီၿမိဳ႕ကို ႐ုရွားေတြလက္ထဲ ေရာက္မသြားေအာင္ ယူကရိန္းတပ္သားေတြက အျပင္းအထန္ခုခံေနပါတယ္။ ႐ုရွားတပ္ေတြအဝိုင္းခံေနရတဲ့ဒီၿမိဳ႕ကို ခုခံကာကြယ္ေနတဲ့ ယူကရိန္းတပ္ေတြဟာ ေဒသခံေတြ ေဘးလြတ္ရာေရွာင္ေျပးႏိုင္ဖို႔ပါ အကူညီေတြေပးေနၾကပါတယ္။ ယာယီျပဳျပင္ထားတဲ့တံတားကေန ထြက္ေျပးၾကသူေတြထဲက အမ်ိဳးသမီးတဦးေသဆုံးခဲ့ၿပီး အမ်ိဳးသား ၂ ဦးကေတာ့ ဒဏ္ရာျပင္းထန္တယ္လို႔ အကူညီေပးေနတဲ့ ယူကရိန္းစစ္တပ္ ေျပာခြင့္ရက ေျပာပါတယ္။
ယူကရိန္းကိုဝင္ေရာက္က်ဴးေက်ာ္တဲ့ ႐ုရွားတပ္ေတြရဲ႕အဓိကပစ္မွတ္ျဖစ္တဲ့ ဒီၿမိဳ႕နားက မဟာဗ်ဴဟာက်တဲ့တံတားေတြကိုဖ်က္ဆီးဖို႔ ယူကရိန္းေတြလုပ္ေဆာင္ခဲ့ၾကတယ္လို႔ ၿဗိတိန္စစ္တပ္ေထာက္လွမ္းေရးအရာရွိေတြက ေျပာပါတယ္။
Bakhmut ေရွ႕တန္းစစ္မ်က္ႏွာဟာ ယူကရိန္းတပ္ေတြေၾကာင့္ လြန္ခဲ့တဲ့ရက္ေတြတုန္းက တည္ၿငိမ္မႈရွိခဲ့တယ္ လို႔ ယူကရိန္း အမ်ိဳးသားအေစာင့္တပ္ ဒုတိယအႀကီးအကဲ Volodymyr Nazarenko က ေျပာပါတယ္။ ႐ုရွားတပ္ေတြရဲ႕ ျပင္းထန္တဲ့တိုက္ခိုက္မႈဒဏ္ကို ဆက္ခံေနရေပမယ့္ ဒီၿမိဳ႕ကေတာ့ ယူကရိန္းေတြရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာပဲ ရွိေနတာျဖစ္ေၾကာင္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ၿမိဳ႕ေျမာက္ဘက္နဲ႔ အေနာက္ေျမာက္ဘက္မွာ ႐ုရွားေတြသိမ္းထားခဲ့ေပမယ့္ ယူကရိန္းတပ္သားေတြက ျပန္လည္ တိုက္ခိုက္သိမ္းယူခဲ့တယ္လို႔လည္း ေျပာပါတယ္။
Bakhmut ၿမိဳ႕တဝိုက္က Vasiukivka ၊ Dubovo-Vasylivka ၊ Ivanivske နဲ႔ Bohdanivka စတဲ့ေက်းရြာေတြမွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနတာပါ။ Bakhmut ၿမိဳ႕ဟာ ႐ုရွားေတြရဲ႕ ဝိုင္းဝန္းတိုက္ခိုက္မႈကို ဘက္ ၃ ဘက္မွာခံေနရေပမယ့္ ယူကရိန္းက အဲဒီမွာ အထူးတပ္ေတြနဲ႔ အားျဖည့္ထားတယ္လို႔ ၿဗိတိန္စစ္တပ္ေထာက္လွမ္းေရးက ေျပာပါတယ္။
တခ်ိန္တည္းမွာပဲ ႐ုရွားကာကြယ္ေရးဝန္ႀကီးဟာ ယူကရိန္းက အဲဒီေနရာမွာတာဝန္က်ေနတဲ့ ႐ုရွားတပ္သားေတြကိုအားေပးဖို႔ ကိုယ္တိုင္သြားေရာက္ခဲ့ပါတယ္။
===============
{{Unicode}}
ယူကရိန်းအရှေ့ပိုင်းဒေသ တိုက်ပွဲတွေ ပြင်းထန်နေဆဲ
ယူကရိန်းအရှေ့ပိုင်းက Bakhmut မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ဒီမြို့ကို ရုရှားတွေလက်ထဲ ရောက်မသွားအောင် ယူကရိန်းတပ်သားတွေက အပြင်းအထန်ခုခံနေပါတယ်။ ရုရှားတပ်တွေအဝိုင်းခံနေရတဲ့ဒီမြို့ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းတပ်တွေဟာ ဒေသခံတွေ ဘေးလွတ်ရာရှောင်ပြေးနိုင်ဖို့ပါ အကူညီတွေပေးနေကြပါတယ်။ ယာယီပြုပြင်ထားတဲ့တံတားကနေ ထွက်ပြေးကြသူတွေထဲက အမျိုးသမီးတဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ အကူညီပေးနေတဲ့ ယူကရိန်းစစ်တပ် ပြောခွင့်ရက ပြောပါတယ်။
ယူကရိန်းကိုဝင်ရောက်ကျူးကျော်တဲ့ ရုရှားတပ်တွေရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဒီမြို့နားက မဟာဗျူဟာကျတဲ့တံတားတွေကိုဖျက်ဆီးဖို့ ယူကရိန်းတွေလုပ်ဆောင်ခဲ့ကြတယ်လို့ ဗြိတိန်စစ်တပ်ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။
Bakhmut ရှေ့တန်းစစ်မျက်နှာဟာ ယူကရိန်းတပ်တွေကြောင့် လွန်ခဲ့တဲ့ရက်တွေတုန်းက တည်ငြိမ်မှုရှိခဲ့တယ် လို့ ယူကရိန်း အမျိုးသားအစောင့်တပ် ဒုတိယအကြီးအကဲ Volodymyr Nazarenko က ပြောပါတယ်။ ရုရှားတပ်တွေရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုဒဏ်ကို ဆက်ခံနေရပေမယ့် ဒီမြို့ကတော့ ယူကရိန်းတွေရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာဖြစ်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြို့မြောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ရုရှားတွေသိမ်းထားခဲ့ပေမယ့် ယူကရိန်းတပ်သားတွေက ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့တယ်လို့လည်း ပြောပါတယ်။
Bakhmut မြို့တဝိုက်က Vasiukivka ၊ Dubovo-Vasylivka ၊ Ivanivske နဲ့ Bohdanivka စတဲ့ကျေးရွာတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ Bakhmut မြို့ဟာ ရုရှားတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ဘက် ၃ ဘက်မှာခံနေရပေမယ့် ယူကရိန်းက အဲဒီမှာ အထူးတပ်တွေနဲ့ အားဖြည့်ထားတယ်လို့ ဗြိတိန်စစ်တပ်ထောက်လှမ်းရေးက ပြောပါတယ်။
တချိန်တည်းမှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဟာ ယူကရိန်းက အဲဒီနေရာမှာတာဝန်ကျနေတဲ့ ရုရှားတပ်သားတွေကိုအားပေးဖို့ ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။