သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bakhmut တိုက်ပွဲအရေးပါမှု ယူကရိန်းသမ္မတအလေးထားပြောဆို


ယူကရိန်းသမ္မတ Zelenskyy
ယူကရိန်းသမ္မတ Zelenskyy

{{Zawgyi/Unicode}}

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Bakhmut မြို့တိုက်ပွဲရဲ့ အရေးကြီးမှုကို သမ္မတ Volodymyr Zelenskyy က အလေးထားပြောဆိုပါတယ်။ အဲဒီမှာ ယူကရိန်းတို့ ရှုံးနိမ့်ရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဖိအားတွေ ရှိလာနိုင်သလို ယူကရိန်းနိုင်ငံတွင်းက တချို့ဟာလည်း ရုရှားနဲ့ လက်သင့်မခံနိုင်စရာ အပေးအယူတွေ ဖြစ်လာနိုင်ကြောင်း သမ္မတ Zelenskyy က ပြောဆိုပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ရုရှားတို့ တရားမဝင်သိမ်းယူခဲ့တဲ့ Crimean ကျွန်းဆွယ်အပါအဝင် ယူကရိန်းနယ်မြေတွေအတွင်းကနေ ရုရှားတပ်ဖွဲ့တွေ မရုပ်သိမ်းမချင်း ငြိမ်းချမ်းရေး ဆွေးနွေးမှာမဟုတ်ကြောင်းလည်း ယူကရိန်းသမ္မတ Zelenskyy က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှု နောက်ပိုင်း ယူကရိန်းနိုင်ငံတွင်းက ဒေသ ၄ ခုကို သိမ်းယူထားကြောင်း ရုရှားက ပြောဆိုထားပြီး ဒီလုပ်ရပ်ဟာ တရားမဝင်ကြောင်း ကုလသမဂ္ဂအထွေထွေ ညီလာခံကလည်း ရှုတ်ချထားပါတယ်။

Bakhmut မြို့မှာ ယူကရိန်းတို့ရှုံးနိမ့်ရင်လည်း ပဋိပက္ခကြီးတခုလုံးအပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုမရှိနိုင်ကြောင်း အနောက်မဟာမိတ်နိုင်ငံတွေက ပြောဆိုပြီး Bakhmut မြို့ရဲ့ အရေးပါမှုကို လျှော့ချ ပြောဆိုထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲရဲ့ အစိတ်အပိုင်းအားလုံးဟာ အရေးကြီးကြောင်း ယူကရိန်းသမ္မတ Zelenskyy က AP သတင်းအေဂျင်စီကို အင်္ဂါနေ့မှာ ပြောပါတယ်။

အစိတ်အပိုင်းတိုင်းမှာ ရှုံးနိမ့်လို့မဖြစ်ပါဘူး၊ စစ်ပွဲဟာ အောင်ပွဲအစိတ်အပိုင်းတွေ ပါဝင်တဲ့ စက်ဝိုင်းကြီးတခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}

Bakhmut တိုကျပှဲအရေးပါမှု ယူကရိနျးသမ်မတအလေးထားပွောဆို





ဆက်စပ်သတင်းများ ...

XS
SM
MD
LG