သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ၄ သိန်းအတွက် ဘင်္ဂလားဒေ့ရှ် စခန်းဆောက်မည်


မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအမျိုးသမီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနားက လမ်းဘေးမှာ ချက်ပြုတ်နေစဉ်။ (စက်တင်ဘာ ၁၆၊ ၂၀၁၇ - Reuters)
မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအမျိုးသမီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနားက လမ်းဘေးမှာ ချက်ပြုတ်နေစဉ်။ (စက်တင်ဘာ ၁၆၊ ၂၀၁၇ - Reuters)

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတယ်ဆိုတဲ့ - သူတို့အခေါ်အားဖြင့် - ရိုဟင်ဂျာမွတ်စလင် ၄၀၀,၀၀၀ လောက်အတွက် စခန်းကြီး တခုဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဆောက်အဦးတလုံးကို မိသားစု ၆ စု နေထိုင်နိုင်မယ့် အဆောက်အဦးပေါင်း ၁၄,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်နားက ၈ စတုရန်း ကီလိုမီတာ အကျယ်ရှိတဲ့မြေမှာ နောက် ၁၀ ရက်အတွင်း တည်ဆောက်သွားမှာပါ။

အဲဒီဒုက္ခသည်တွေရဲ့ သွားလာခွင့်ကို ကန့်သတ်ထားမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို စခန်းအပြင်ဘက် သွားခွင့် ပြုမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က စက်တင်ဘာလ ၁၀ ရက်နေ့မှာပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာ မော်တော်ယာဉ်နဲ့ ခရီးသွားလာခွင့်ကိုလဲ တားမြစ်ထားပါတယ်။

ဒီစခန်းကို ဘင်္ဂလားဒေ့ရှ်စစ်ဘက်နဲ့ နိုင်ငံတကာ အကူအညီပေးအဖွဲ့အစည်းတွေ ပူးပေါင်း တည်ဆောက်မှာပါ။ သြဂုတ်လ ၂၅ ရက်နေ့က နယ်စပ် ရဲကင်းတွေကို ရိုဟင်ဂျာ စစ်သွေးကြွတွေက တိုက်ခိုက်ပြီးတဲ့နောက် စစ်ဘက်က နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆင်ရေးလုပ်တာမှာ ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး သွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလဲ စနေနေ့မှာပဲ မြန်မာအစိုးရကို တောင်းဆိုလိုက် ပါသေးတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ AI အဖွဲ့က ဦးစီးစီစဉ်တဲ့ ဆန္ဒပြပွဲတခု အတွင်း အဲဒီလိုတောင်းဆိုတာပါ။ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှု ရပ်၊ မြန်မာနိုင်ငံမှာ လူအမြောက်အများ သတ်ဖြတ်မှု ရပ် ဆိုတဲ့ စာတန်းတွေကို ဆန္ဒပြသူတွေ က ကိုင်ပြီးတော့ ဆန္ဒပြကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG