{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာခိုလႈံေနတဲ့ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအတြက္ ရန္ပုံေငြ ေဒၚလာ ၈၇၆ သန္း လိုအပ္ေနတယ္လို႔ ကုလသမဂၢက အဂၤါေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္က ရန္ပုံေငြျပတ္လပ္လာလို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဒီလကေနစၿပီး စားနပ္ရိကၡာအကူအညီေတြ ရပ္တန႔္လိုက္တဲ့ အခ်ိန္မွာ ကုလက အခုလို ေတာင္းဆိုလိုက္တာပါ။
ဒုကၡသည္ေတြေနထိုင္ေနတဲ့ေနရာေတြက ေဒသခံလူ႔အသိုင္းအဝန္းက လူ ၄၉၅,၀၀၀ အပါအဝင္ လူေပါင္း ၁.၄၇ သန္းအတြက္ အစားအစာ၊ အမိုးအကာ၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေသာက္သုံးေရရရွိေရး၊ အကာအကြယ္ေပးေရး၊ ပညာေရးအျပင္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ အခြင့္အလမ္းေတြနဲ႔ ကြၽမ္းက်င္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာက႑ေတြအတြက္ ရန္ပုံေငြရွာေဖြေနတယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေထာက္ပံ့ေငြေလ်ာ့နည္းသြားလို႔ ဒုကၡသည္ေတြဟာ စားဝတ္ေနေရးနဲ႔ အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ အခြင့္အလမ္းေတြအပါအဝင္ ေန႔စဥ္ဘဝမွာ ပိုခက္ခဲသြားၿပီး စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။ UNHCR က မႏွစ္ ၾသဂုတ္လမွာ ထုတ္ျပန္ခ်က္အရ ၂၀၂၂ ခုႏွစ္အတြင္း အလႉေငြေဒၚလာ ၄၂၆ သန္းရရွိခဲ့ၿပီး ဒါဟာ သူတို႔လိုအပ္ခ်က္ ေဒၚလာ ၈၈၁ သန္းထက္ ထက္ဝက္နည္းေနပါတယ္။
ကမာၻ႔အသိုင္းအဝိုင္းအေနနဲ႔ ႐ိုဟင္ဂ်ာအေရးကို လ်စ္လ်ဴရႈ မထားဘဲ တတ္ႏိုင္သမွ် အကူအညီေတြ ေပးသင့္တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကလည္း ေတာင္းဆိုထားၾကပါတယ္။ သူတို႔ဟာ ျမန္မာႏိုင္ငံကိုလည္း ျပန္လို႔မရသလို ဘဂၤလားေဒ့ရွ္ဘက္မွာလည္း အလုပ္ လုပ္ကိုင္ခြင့္မရွိလို႔ သူတို႔ အနာဂတ္ေတြ ေပ်ာက္ဆုံးေနရတယ္လို႔ ဆိုပါတယ္။
ပညာေရးနဲ႔ အလုပ္အကိုင္အခြင့္အေရးမရွိျဖစ္ေနလို႔ အၾကမ္းဖက္ ရာဇဝတ္မႈေတြဆီကို ဦးတည္ေစေနသလို တဘက္မွာလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းေတြကေန ေလွစီးၿပီး မေလးရွားနဲ႔ အင္ဒိုနီးရွားဘက္ကို ခိုးထြက္ေျပးသူေတြလည္း မ်ားျပားလာတယ္ဆိုပါတယ္။ ဒီလို ထြက္ေျပးလမ္းခရီးမွာ လူအေသအေပ်ာက္ေတြလည္း မၾကာခဏ ျဖစ္ေလ့ရွိပါတယ္။
၂၀၁၇ ခုႏွစ္တုန္းက စစ္တပ္ရဲ႕ စစ္ဆင္ေရးေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းကေန ထြက္ေျပးသြားၾကသူေတြအပါအဝင္ ႐ိုဟင္ဂ်ာဒုကၡသည္တသန္းေက်ာ္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတာင္ပိုင္းက က်ဥ္းေျမာင္းလွတဲ့စခန္းေတြမွာ ေနထိုင္ေနၾကလို႔ အဲဒီေနရာဟာ ကမာၻမွာဒုကၡသည္ေတြ အေျခခ်ေနထိုင္ရာ အႀကီးဆုံးေနရာ ျဖစ္ေနပါတယ္။ လက္ရွိမွာ ျမန္မာႏိုင္ငံဘက္မွာကလည္း စစ္တပ္က အာဏာသိမ္းထားလို႔ ဒုကၡသည္ေတြ ျမန္မာႏိုင္ငံဘက္ကို ျပန္လာႏိုင္မယ့္ အေျခအေနကလည္း နည္းေနပါတယ္။
ဘဂၤလားေဒ့ရွ္ အစိုးရဘက္ကေတာ့ ေကာ့ဘဇားက ဒုကၡသည္စခန္းေတြက ႐ိုဟင္ဂ်ာဒုကၡသည္ ၃၀,၀၀၀ ဝန္းက်င္ကို ဘာဆန္ခ်ာ (Bhasan Char) ကြၽန္းကို သူတို႔ ဆႏၵအေလ်ာက္ ေျပာင္းေ႐ႊ႕ေပးခဲ့ေၾကာင္း UNHCR က ေျပာၿပီး ၂၀၂၃ ခုႏွစ္အကုန္မွာ ဒုကၡသည္ စုစုေပါင္း ၁၀၀,၀၀၀ အထိ ဆက္လက္ေျပာင္းေ႐ႊ႕ ဖို႔ စီစဥ္ထားတယ္ ဆိုပါတယ္။
===============
{{Unicode}}
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၈၇၆ သန်း လိုအပ်နေတယ်လို့ ကုလပြော
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇၆ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရန်ပုံငွေပြတ်လပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီလကနေစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်တန့်လိုက်တဲ့ အချိန်မှာ ကုလက အခုလို တောင်းဆိုလိုက်တာပါ။
ဒုက္ခသည်တွေနေထိုင်နေတဲ့နေရာတွေက ဒေသခံလူ့အသိုင်းအဝန်းက လူ ၄၉၅,၀၀၀ အပါအဝင် လူပေါင်း ၁.၄၇ သန်းအတွက် အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိရေး၊ အကာအကွယ်ပေးရေး၊ ပညာရေးအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍတွေအတွက် ရန်ပုံငွေရှာဖွေနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထောက်ပံ့ငွေလျော့နည်းသွားလို့ ဒုက္ခသည်တွေဟာ စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းတွေအပါအဝင် နေ့စဉ်ဘဝမှာ ပိုခက်ခဲသွားပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ UNHCR က မနှစ် သြဂုတ်လမှာ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း အလှူငွေဒေါ်လာ ၄၂၆ သန်းရရှိခဲ့ပြီး ဒါဟာ သူတို့လိုအပ်ချက် ဒေါ်လာ ၈၈၁ သန်းထက် ထက်ဝက်နည်းနေပါတယ်။
ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာအရေးကို လျစ်လျူရှု မထားဘဲ တတ်နိုင်သမျှ အကူအညီတွေ ပေးသင့်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း တောင်းဆိုထားကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကိုလည်း ပြန်လို့မရသလို ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း အလုပ် လုပ်ကိုင်ခွင့်မရှိလို့ သူတို့ အနာဂတ်တွေ ပျောက်ဆုံးနေရတယ်လို့ ဆိုပါတယ်။
ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အရေးမရှိဖြစ်နေလို့ အကြမ်းဖက် ရာဇဝတ်မှုတွေဆီကို ဦးတည်စေနေသလို တဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ လှေစီးပြီး မလေးရှားနဲ့ အင်ဒိုနီးရှားဘက်ကို ခိုးထွက်ပြေးသူတွေလည်း များပြားလာတယ်ဆိုပါတယ်။ ဒီလို ထွက်ပြေးလမ်းခရီးမှာ လူအသေအပျောက်တွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။
၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားကြသူတွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ကျဉ်းမြောင်းလှတဲ့စခန်းတွေမှာ နေထိုင်နေကြလို့ အဲဒီနေရာဟာ ကမ္ဘာမှာဒုက္ခသည်တွေ အခြေချနေထိုင်ရာ အကြီးဆုံးနေရာ ဖြစ်နေပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဘက်မှာကလည်း စစ်တပ်က အာဏာသိမ်းထားလို့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို ပြန်လာနိုင်မယ့် အခြေအနေကလည်း နည်းနေပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ ကော့ဘဇားက ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၃၀,၀၀၀ ဝန်းကျင်ကို ဘာဆန်ချာ (Bhasan Char) ကျွန်းကို သူတို့ ဆန္ဒအလျောက် ပြောင်းရွှေ့ပေးခဲ့ကြောင်း UNHCR က ပြောပြီး ၂၀၂၃ ခုနှစ်အကုန်မှာ ဒုက္ခသည် စုစုပေါင်း ၁၀၀,၀၀၀ အထိ ဆက်လက်ပြောင်းရွှေ့ ဖို့ စီစဉ်ထားတယ် ဆိုပါတယ်။