သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီဟာ ႏုိင္ငံတကာကို လမ္းဖြင့္ေပးထားဟု Bill Richardson ယူဆ


ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း Bill Richardson. (ဇန္နဝါရီ ၂၄၊ ၂၀၁၈)

(Zawgyi / Unicode)

ျမန္မာစစ္ေကာင္စီဟာ လူသားစာနာမႈ အကူအညီပိုင္းဆိုင္ရာမွာ ကမၻာႀကီးနဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားသလို အဲဒီထက္ေတာင္ ပိုႏုိင္တယ္လုိ႔ ယံုၾကည္တဲ့အေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း Bill Richardson က ေျပာပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္က ျမန္မာႏုိင္ငံ သြားေရာက္ခဲ့ၿပီး စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ေတြ႔ခဲ့တဲ့ပံု ထြက္လာၿပီးတဲ့ေနာက္ ေဝဖန္ခံေနရခ်ိန္မွာပဲ AFP နဲ႔ ေတြ႔ဆံုေမးျမန္းမႈတခု အတြင္းမွာ Bill Richardson က အဲဒီလို ေျပာခဲ့တာပါ။

သူ႔ခရီးစဥ္အတြင္း COVID-19 ကပ္ေရာဂါဆိုင္ရာ အပါအဝင္ တိုးတက္မႈရေအာင္ လုပ္ခဲ့တယ္္လို႔ ေမွ်ာ္လင့္ထားေၾကာင္း Bill Richardson က ဆုိပါတယ္။

"က်ေနာ္ အေကာင္းျမင္ပါတယ္။ ပိုေကာင္းတဲ့ အေျခအေနတရပ္ဆီ ဦးတည္ဖြယ္ရွိတဲ့ ခပ္ေပ်ာ့ေပ်ာ့ တိုးတက္မႈတခ်ဳိ႕ ရခဲ့တယ္လို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္" ဆိုၿပီး Bill Richardson က ေျပာပါတယ္။ "ပိုၿပီးေတာ့ ဆက္သြယ္ေျပာဆိုဖို႔ သူတို႔ လမ္းဖြင့္ထားတယ္လုိ႔ က်ေနာ္ခံစားရပါတယ္" လို႔ဆိုသလို "အဲဒါက ခက္ခဲလိမ့္မယ္" လို႔လည္း Richardson က ေျပာပါတယ္။

COVID-19 ေရာဂါကာကြယ္ေဆး ရယူေရး နည္းလမ္းေတြရွာဖို႔ စစ္ေကာင္စီ ႏုိင္ငံျခားေရးဌာနက သူ႔ကို ဖိတ္ခဲ့တာလို႔ Richardson က ေျပာပါတယ္။

ကုလသမဂၢႀကီးၾကပ္တဲ့ COVAX အစီအစဥ္ကေန ကာကြယ္ေဆး ၂ သန္းကို အရင္ရယူဖို႔ သူ အႀကံေပးခဲ့တယ္လို႔ ေျပာသလို တိုင္းျပည္တြင္း ကိုဗစ္ဒဏ္ အဆိုးဆံုးခံခဲ့ရတဲ့ ေဒသေတြဆီ စားနပ္ရိကၡာ အကူအညီ ေပးပို႔ေရး တိတိက်က် အဆိုျပဳခ်က္ေတြ ေပးခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

အက်ဥ္းေထာင္ေတြထဲကို ႏုိင္ငံတကာၾကက္ေျခနီအဖြဲ႔ (ICRC) ျပန္သြားႏုိင္ေရးကိစၥ သေဘာတူညီခ်က္တခုရေအာင္ ၾကားဝင္ညႇိႏိႈင္းေပးခဲ့တယ္လုိ႔ သူေမွ်ာ္လင့္တဲ့အေၾကာင္း Richardson က ေျပာပါတယ္။

အာဆီယံနဲ႔ ကုလသမဂၢရဲ႕ အထူးကိုယ္စားလွယ္ေတြကို ဝင္ခြင့္ေပးဖို႔ စစ္ေကာင္စီကို တိုက္တြန္းခဲ့ၿပီး ကုလသမဂၢ အထူးကိုယ္စားလွယ္ကို သူတို႔သိထားတာေၾကာင့္ နည္းနည္းပိုၿပီး ျဖစ္ႏုိင္ေျခရွိတယ္္လို႔ သူထင္တဲ့အေၾကာင္း၊ "အဲဒါက တိုးတက္မႈျဖစ္ပါတယ္၊ ဒါေပမယ့္ သူတို႔က ဘာကတိမွ မေပးပါဘူး၊ ဒါ သူတို႔ဘာသာ လုပ္ရမယ့္ကိစၥပါ" လို႔ ေျပာပါတယ္။

စစ္ေကာင္စီက ဖမ္းဆီးတရားစြဲဆိုထားတဲ့ အေမရိကန္ သတင္းမီဒီယာသမား Danny Fenster နဲ႔ပတ္သက္ၿပီး သူမေျပာခဲ့တဲ့အေၾကာင္း၊ ဒီကိစၥကိုမေျပာဖို႔ ႏုိင္ငံျခားေရးဌာနက သူ႔ကိုမွာခဲ့တဲ့အေၾကာင္း Richardson ကေျပာၿပီး ေနာက္ထပ္ အေသးစိတ္ေတြကိုေတာ့ မေျပာပါဘူး။

Danny Fenster ကို ျပန္လႊတ္ေပးဖို႔ စစ္ေကာင္စီကို ဖိအားေပးေနတယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က တနလၤာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

Richardson ဟာ ပုဂၢလိက ႏုိင္ငံသားတဦးအျဖစ္ ျမန္မာႏုိင္ငံကို သြားခဲ့တာျဖစ္ေပမယ့္ "ေရရွည္မွာ လူသားစာနာမႈ အကူအညီေပးေရးဆိုင္ရာပိုင္း တိုးတက္လာေစဖို႔ ဒီခရီးစဥ္က အေထာက္အကူ ျဖစ္ေစတယ္ ဆုိရင္ေတာ့ ဒီအေပၚ အေမရိကန္က စိတ္ဝင္စားမွာ ျဖစ္ပါတယ္" လို႔ ေျပာခြင့္ရ Ned Price က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာကို လမ်းဖွင့်ပေးထားဟု Bill Richardson ယူဆ

မြန်မာစစ်ကောင်စီဟာ လူသားစာနာမှု အကူအညီပိုင်းဆိုင်ရာမှာ ကမ္ဘာကြီးနဲ့ လက်တွဲလုပ်ဆောင်ဖို့ လမ်းဖွင့်ထားသလို အဲဒီထက်တောင် ပိုနိုင်တယ်လို့ ယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံ သွားရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့တဲ့ပုံ ထွက်လာပြီးတဲ့နောက် ဝေဖန်ခံနေရချိန်မှာပဲ AFP နဲ့ တွေ့ဆုံမေးမြန်းမှုတခု အတွင်းမှာ Bill Richardson က အဲဒီလို ပြောခဲ့တာပါ။

သူ့ခရီးစဉ်အတွင်း COVID-19 ကပ်ရောဂါဆိုင်ရာ အပါအဝင် တိုးတက်မှုရအောင် လုပ်ခဲ့တယ်လို့ မျှော်လင့်ထားကြောင်း Bill Richardson က ဆိုပါတယ်။

"ကျနော် အကောင်းမြင်ပါတယ်။ ပိုကောင်းတဲ့ အခြေအနေတရပ်ဆီ ဦးတည်ဖွယ်ရှိတဲ့ ခပ်ပျော့ပျော့ တိုးတက်မှုတချို့ ရခဲ့တယ်လို့ ကျနော်မျှော်လင့်ပါတယ်" ဆိုပြီး Bill Richardson က ပြောပါတယ်။ "ပိုပြီးတော့ ဆက်သွယ်ပြောဆိုဖို့ သူတို့ လမ်းဖွင့်ထားတယ်လို့ ကျနော်ခံစားရပါတယ်" လို့ဆိုသလို "အဲဒါက ခက်ခဲလိမ့်မယ်" လို့လည်း Richardson က ပြောပါတယ်။

COVID-19 ရောဂါကာကွယ်ဆေး ရယူရေး နည်းလမ်းတွေရှာဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက သူ့ကို ဖိတ်ခဲ့တာလို့ Richardson က ပြောပါတယ်။

ကုလသမဂ္ဂကြီးကြပ်တဲ့ COVAX အစီအစဉ်ကနေ ကာကွယ်ဆေး ၂ သန်းကို အရင်ရယူဖို့ သူ အကြံပေးခဲ့တယ်လို့ ပြောသလို တိုင်းပြည်တွင်း ကိုဗစ်ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေဆီ စားနပ်ရိက္ခာ အကူအညီ ပေးပို့ရေး တိတိကျကျ အဆိုပြုချက်တွေ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အကျဉ်းထောင်တွေထဲကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ပြန်သွားနိုင်ရေးကိစ္စ သဘောတူညီချက်တခုရအောင် ကြားဝင်ညှိနှိုင်းပေးခဲ့တယ်လို့ သူမျှော်လင့်တဲ့အကြောင်း Richardson က ပြောပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေကို ဝင်ခွင့်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို သူတို့သိထားတာကြောင့် နည်းနည်းပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ သူထင်တဲ့အကြောင်း၊ "အဲဒါက တိုးတက်မှုဖြစ်ပါတယ်၊ ဒါပေမယ့် သူတို့က ဘာကတိမှ မပေးပါဘူး၊ ဒါ သူတို့ဘာသာ လုပ်ရမယ့်ကိစ္စပါ" လို့ ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ အမေရိကန် သတင်းမီဒီယာသမား Danny Fenster နဲ့ပတ်သက်ပြီး သူမပြောခဲ့တဲ့အကြောင်း၊ ဒီကိစ္စကိုမပြောဖို့ နိုင်ငံခြားရေးဌာနက သူ့ကိုမှာခဲ့တဲ့အကြောင်း Richardson ကပြောပြီး နောက်ထပ် အသေးစိတ်တွေကိုတော့ မပြောပါဘူး။

Danny Fenster ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဖိအားပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

Richardson ဟာ ပုဂ္ဂလိက နိုင်ငံသားတဦးအဖြစ် မြန်မာနိုင်ငံကို သွားခဲ့တာဖြစ်ပေမယ့် "ရေရှည်မှာ လူသားစာနာမှု အကူအညီပေးရေးဆိုင်ရာပိုင်း တိုးတက်လာစေဖို့ ဒီခရီးစဉ်က အထောက်အကူ ဖြစ်စေတယ် ဆိုရင်တော့ ဒီအပေါ် အမေရိကန်က စိတ်ဝင်စားမှာ ဖြစ်ပါတယ်" လို့ ပြောခွင့်ရ Ned Price က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG