သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bill Richardson ရဲ႕ ျမန္မာခရီးစဥ္ လူ႔အခြင္႔အေရးအဖဲြ႔ ေဝဖန္


ျမန္မာျပည္ခရီးစဥ္အတြင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံေနတဲ့ Bill Richardson. (ႏုိဝင္ဘာ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာစစ္ေကာင္စီ အႀကီးအကဲနဲ႔ သြားေရာက္ေတြ႔ဆုံခဲ့တဲ့ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း Bill Richardson ရဲ႕ ျမန္မာျပည္ခရီးစဥ္ဟာ စစ္ေကာင္စီကို တရားဝင္ အသိအမွတ္ျပဳတဲ့ သေဘာေဆာင္ရာ ေရာက္တယ္ဆိုၿပီး လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေဝဖန္ၾကတဲ့အေၾကာင္း New York Times သတင္းစာက တနဂၤေႏြေန႔မွာ ေရးသားေဖာ္ျပပါတယ္။

ဒါေပမယ့္ သူ႔ခရီးစဥ္အတြင္း ျမန္မာစစ္ေခါင္းေဆာင္နဲ႔ အက်ဳိးရွိတဲ့ ေျပာဆိုေဆြးေႏြးမႈေတြ လုပ္ႏိုင္ခဲ့တယ္လို႔ Bill Richardson က ျပန္လည္ တုံ႔ျပန္ခဲ့ေၾကာင္းလည္း သတင္းစာက ဆိုပါတယ္။ ကိုဗစ္နဲ႔ပတ္သက္လို႔ ျမန္မာျပည္ကို လူသားခ်င္းစာနာမႈ အကူအညီေပးေရးကိစၥမွာ လြယ္ကူေခ်ာေမြ႔ေစေရးအတြက္ သူ႔အေနနဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ေရာ အျခား တာဝန္ရွိသူေတြနဲ႔ပါ ေတြ႔ဆုံခဲ့ေၾကာင္းနဲ႔ ခရီးစဥ္တခုလုံးကို ၿခဳံၾကည့္ရင္ အျပဳသေဘာေဆာင္ၿပီး အက်ဳိးရွိခဲ့ေၾကာင္း စေနေန႔မွာ New York Times က သူ႔ကို ေမးျမန္းစဥ္ တယ္လီဖုန္းကတဆင့္ ေျဖၾကားခဲ့တယ္လို႔ ဆိုပါတယ္။

Bill Richardson ရဲ႕ ခရီးစဥ္ဟာ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံေနရတာအတြက္ ဘာမွ စြမ္းေဆာင္ႏိုင္ျခင္းမရွိဘဲ အႏွစ္သာရမရွိတဲ့ ခရီးစဥ္ျဖစ္တယ္လို႔ HRW လူ႔အခြင့္ေရးေစာင့္ၾကည့္အဖြဲ႔ရဲ႕ အာရွဒါ႐ိုက္တာ Phil Robertson က သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေဝဖန္ခဲ့ပါတယ္။ တဖက္မွာ စစ္ေကာင္စီက ဝါဒျဖန္႔ႏိုင္ဖို႔အတြက္ ေရႊေရာင္ေတာက္ေနတဲ့ ခန္းမေဆာင္မွာ စစ္ေကာင္စီအႀကီးအကဲနဲ႔ ဓာတ္ပုံတဲြ႐ိုက္ခဲ့တာေလာက္သာ လုပ္ႏိုင္ခဲ့တယ္လို႔လည္း ေထာက္ျပပါတယ္။

သူ႔ခရီးစဥ္က စစ္ေကာင္စီကို အသိအမွတ္ျပဳသလိုမ်ဳိး ျဖစ္သြားႏိုင္တယ္ ဆုိတာကို သူနားလည္ေပမယ့္ သူ႔အဓိက ရည္ရြယ္ခ်က္က ျမန္မာျပည္သူေတြရဲ႕ လတ္တေလာ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးလိုတာေၾကာင့္လို႔ ဆိုပါတယ္။ သံတမန္ေရးမွာ သူ႔အယူအဆကေတာ့ စစ္အာဏာသိမ္းမႈေၾကာင့္ ေပၚလာတဲ့ ႏိုင္ငံေရး အက်ပ္အတည္းဒဏ္ကို ၅၅ သန္းေသာ ျမန္မာေတြ မခံစားသင့္ဘူးလို႔ သူျမင္ေၾကာင္း၊ တစုံတေယာက္က ကူညီေပးရမွာျဖစ္ေၾကာင္း Richardson က ေျပာပါတယ္။

သူ႔ခရီးစဥ္အတြင္း အေမရိကန္သတင္းေထာက္ Denny Fenster လြတ္ေျမာက္ေရးကိစၥ ေျပာဆိုခဲ့ျခင္း မရွိဘူးလို႔ Richardson က ေျပာပါတယ္။ အဲဒီကိစၥ မေျပာဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မွာၾကားထားတာေၾကာင့္လို႔ သူကဆိုပါတယ္။ ဒါေပမယ့္ Richardson Center ရန္ကုန္႐ုံးခဲြက ဝန္ထမ္းေဟာင္းတဦးျဖစ္တဲ့ မေအးေအးမိုး လြတ္ေျမာက္ေရးအတြက္ သူလုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ Richardson က ေျပာပါတယ္။

သူ႔ခရီးစဥ္ဟာ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ရဲ႕ ဖိတ္ၾကားခ်က္အရ သြားေရာက္တာလို႔ ဆိုပါတယ္။ ဒီခရီးစဥ္ဟာ ကိုဗစ္ကာကြယ္ေဆးနဲ႔ ကေလး ကူးစက္ေရာဂါ ကာကြယ္ေဆး အကူညီေပးေရးကိစၥေတြ ေဆြးေႏြးခဲ့ပါတယ္။ အကယ္၍ အေျခအေနေတြ တိုးတက္ခဲ့ရင္ ေနာက္တႀကိမ္ခရီးစဥ္မွာ အျခား ႀကီးမားတဲ့ ျပႆနာေတြကို ေဆြးေႏြးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း Mr. Richardson က ေျပာပါတယ္။

Bill Richardson ရဲ႕ အခုေနာက္ဆုံး ျမန္မာျပည္ခရီးစဥ္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာသိမ္းစစ္ေခါင္းေဆာင္ကို ပထမဆုံး လာေရာက္ေတြ႔ဆုံတဲ့ အေနာက္တိုင္း အဆင့္ျမင့္ သံတမန္တဦးရဲ႕ ခရီးစဥ္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

Bill Richardson ရဲ့ မြန်မာခရီးစဉ် လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

မြန်မာစစ်ကောင်စီ အကြီးအကဲနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုတဲ့ သဘောဆောင်ရာ ရောက်တယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြတဲ့အကြောင်း New York Times သတင်းစာက တနင်္ဂနွေနေ့မှာ ရေးသားဖော်ပြပါတယ်။

ဒါပေမယ့် သူ့ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်နဲ့ အကျိုးရှိတဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ Bill Richardson က ပြန်လည် တုံ့ပြန်ခဲ့ကြောင်းလည်း သတင်းစာက ဆိုပါတယ်။ ကိုဗစ်နဲ့ပတ်သက်လို့ မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စမှာ လွယ်ကူချောမွေ့စေရေးအတွက် သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော အခြား တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ကြောင်းနဲ့ ခရီးစဉ်တခုလုံးကို ခြုံကြည့်ရင် အပြုသဘောဆောင်ပြီး အကျိုးရှိခဲ့ကြောင်း စနေနေ့မှာ New York Times က သူ့ကို မေးမြန်းစဉ် တယ်လီဖုန်းကတဆင့် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

Bill Richardson ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာအတွက် ဘာမှ စွမ်းဆောင်နိုင်ခြင်းမရှိဘဲ အနှစ်သာရမရှိတဲ့ ခရီးစဉ်ဖြစ်တယ်လို့ HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဒါရိုက်တာ Phil Robertson က သူ့ရဲ့ Twitter စာမျက်နှာမှာ ဝေဖန်ခဲ့ပါတယ်။ တဖက်မှာ စစ်ကောင်စီက ဝါဒဖြန့်နိုင်ဖို့အတွက် ရွှေရောင်တောက်နေတဲ့ ခန်းမဆောင်မှာ စစ်ကောင်စီအကြီးအကဲနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာလောက်သာ လုပ်နိုင်ခဲ့တယ်လို့လည်း ထောက်ပြပါတယ်။

သူ့ခရီးစဉ်က စစ်ကောင်စီကို အသိအမှတ်ပြုသလိုမျိုး ဖြစ်သွားနိုင်တယ် ဆိုတာကို သူနားလည်ပေမယ့် သူ့အဓိက ရည်ရွယ်ချက်က မြန်မာပြည်သူတွေရဲ့ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုတာကြောင့်လို့ ဆိုပါတယ်။ သံတမန်ရေးမှာ သူ့အယူအဆကတော့ စစ်အာဏာသိမ်းမှုကြောင့် ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းဒဏ်ကို ၅၅ သန်းသော မြန်မာတွေ မခံစားသင့်ဘူးလို့ သူမြင်ကြောင်း၊ တစုံတယောက်က ကူညီပေးရမှာဖြစ်ကြောင်း Richardson က ပြောပါတယ်။

သူ့ခရီးစဉ်အတွင်း အမေရိကန်သတင်းထောက် Denny Fenster လွတ်မြောက်ရေးကိစ္စ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ Richardson က ပြောပါတယ်။ အဲဒီကိစ္စ မပြောဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှာကြားထားတာကြောင့်လို့ သူကဆိုပါတယ်။ ဒါပေမယ့် Richardson Center ရန်ကုန်ရုံးခွဲက ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ မအေးအေးမိုး လွတ်မြောက်ရေးအတွက် သူလုပ်ဆောင်နိုင်ခဲ့တယ်လို့ Richardson က ပြောပါတယ်။

သူ့ခရီးစဉ်ဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာလို့ ဆိုပါတယ်။ ဒီခရီးစဉ်ဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ကလေး ကူးစက်ရောဂါ ကာကွယ်ဆေး အကူညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ အကယ်၍ အခြေအနေတွေ တိုးတက်ခဲ့ရင် နောက်တကြိမ်ခရီးစဉ်မှာ အခြား ကြီးမားတဲ့ ပြဿနာတွေကို ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Mr. Richardson က ပြောပါတယ်။

Bill Richardson ရဲ့ အခုနောက်ဆုံး မြန်မာပြည်ခရီးစဉ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပထမဆုံး လာရောက်တွေ့ဆုံတဲ့ အနောက်တိုင်း အဆင့်မြင့် သံတမန်တဦးရဲ့ ခရီးစဉ် ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG