သုံးရလွယ်ကူစေသည့် Link များ

"အပစ်ရပ်သဘောတူညီချက်ထဲ အဆင်မပြေနိုင်တာတချို့ ဟာမတ်စ်ပြောင်းလဲခဲ့" ကန်နိုင်ငံခြားရေးဝန်ကြီး  


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကာတာနိုင်ငံခြားရေးဝန်ကြီးနဲ့အတူကျင်းပတဲ့ ကာတာနိုင်ငံ၊ ဒိုဟာမြို့က သတင်းစာရှင်းလင်းပွဲ။ (ဇွန် ၁၂၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကာတာနိုင်ငံခြားရေးဝန်ကြီးနဲ့အတူကျင်းပတဲ့ ကာတာနိုင်ငံ၊ ဒိုဟာမြို့က သတင်းစာရှင်းလင်းပွဲ။ (ဇွန် ၁၂၊ ၂၀၂၄)

ဂါဇာကမ်းမြောင်မှာ အပစ်ရပ်ရေးသဘောတူညီချက်အတွက် ဟာမတ်စ်ဘက်က “အပြောင်းအလဲအများအပြား” နဲ့ ပြန်လည် အဆိုပြုထားပြီး အဲဒီထဲကတချို့မှာ အလုပ်ဖြစ်နိုင်ပေမယ့် တချို့ကတော့ အဆင်မပြေနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ “အစ္စရေးက မူလအဆိုပြုထားချက်ကို အဲ့ဒီအတိုင်း အခုအထိလက်ခံထားပေမယ့် ဟာမတ်စ်ဘက်ကတော့ သဘောမတူခဲ့ဘူး” လို့ ဒိုဟာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောပါတယ်။ “ဒီသဘောတူညီချက်အပြီးသတ်နိုင်ဖို့ ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေဖြစ်ကြတဲ့ ကာတာ၊ အီဂျစ်တို့နဲ့ အတူ လာမယ့်ရက်တွေမှာ အရေးတကြီး ဆက်လက်တွန်းအားပေးသွားမယ်" လို့လည်း သူက ပြောပါတယ်။

အဆင့်,ဆင့်ပါဝင်တဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ ကာတာဟာ အီဂျစ်နဲ့အတူ အစ္စရေးနဲ့ဟာမတ်စ်တို့ကြား စေ့စပ်ဖျန်ဖြေပေးနေတာပါ။ ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် အဗ္ဗဒူရာမန် အယ်လ် သန်နီ (Sheikh Mohammed bin Abdulrahman Al Thani) က ကာတာ၊ အမေရိကန်နဲ့ မိတ်ဆွေနိုင်ငံတွေဟာ နှစ်ဖက်ကွာဟာချက်တွေကို ညှိနှိုင်းပေးပြီး စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး နည်းလမ်းရှာဖို့ ကတိကဝတ်ပြုထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ပါလက်စတိုင်းနိုင်ငံနဲ့ အစ္စရေးနိုင်ငံ ဘေးချင်းယှဉ်လျက် ရည်တည်ခွင့်ပြုမယ့် အမြဲတမ်းနဲ့ ရေရှည်တည်တံ့တဲ့ အဖြေတခု လိုအပ်ကြောင်းလည်း ကာတာဝန်ကြီးချုပ်က အလေးပေးပြောပါတယ်။

လက်ရှိ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် ဟာမတ်စ်ရဲ့တုံ့ပြန်မှုကို အမေရိကန် ပြည်ထောင်စုက လေ့လာနေတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတဦးက ပြောပါတယ်။ ဘလင်ကန်ဟာ ဒေသတွင်းကို သံတမန်ခရီးစဉ်အဖြစ် ရောက်နေပြီး အင်္ဂါနေ့ညပိုင်းက ဟာမတ်စ်ဘက်က ကာတာနဲ့ အီဂျစ်နိုင်ငံတွေဆီပေးပို့ခဲ့တဲ့ အဆိုပြချက် အပေါ် တုံ့ပြန်ချက်စာသားကို တာဝန်ရှိသူတွေနဲ့အတူ ညနက်တဲ့အထိ လေ့လာသုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဟာမတ်စ်အရာရှိတဦးရဲ့ အခု သီတင်းပတ်အစောပိုင်းတုန်းက ထုတ်ပြန်ချက်ထဲမှာတော့ “ဟာမတ်စ်အဖွဲ့ရဲ့တုံ့ပြန်မှုထဲမှာ ဇီယွန်ဝါဒီတွေရဲ့ ရန်စမှု အဆုံးသတ်ရေး၊ အစ္စရေးတပ်တွေ ဆုတ်ခွာပေးရေးနဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဥ်တွေနဲ့ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို သေသေချာချာ အကောင်အထည်ဖော်နိုင်ရေးတွေ ပါဝင်တယ်” လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG