သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးရောက်ရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဂျော်ဒန်ကနေ ဂါဇာကိုအကူအညီပေးဖို့သွားမယ့် ယာဥ်တန်းတွေရှေ့မှာ သတင်းမီဒီယာနဲ့တွေ့ဆုံစကားပြာေနေစဥ်။ (ဧပြီ ၃၀၊ ၂၀၂၄/အေပီ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဂျော်ဒန်ကနေ ဂါဇာကိုအကူအညီပေးဖို့သွားမယ့် ယာဥ်တန်းတွေရှေ့မှာ သတင်းမီဒီယာနဲ့တွေ့ဆုံစကားပြာေနေစဥ်။ (ဧပြီ ၃၀၊ ၂၀၂၄/အေပီ)

အစ္စရေး ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တွန်းအားပေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အစ္စရေးကို အင်္ဂါနေ့က ရောက်ရှိသွားခဲ့ပါပြီ။

အပစ်ရပ်ရေး အဆိုပြုချက်ကိုလက်ခံပြီး ဖမ်းဆီးထားတဲ့ဓားစာခံတွေကို လွှတ်ပေးဖို့ ဟာမတ်စ်အဖွဲ့ကို မစ္စတာဘလင်ကန်က ဂျော်ဒန်နိုင်ငံမှာရှိနေစဥ် တောင်းဆိုခဲ့ပါသေးတယ်။ အင်္ဂါနေ့အစောပိုင်းတုန်းကတော့ Erez လမ်းဆုံက စစ်ဆေးရေးဂိတ်ကို အစ္စရေးကပြန်ဖွင့်ပေးလိုက်တာကြောင့် ဂျော်ဒန်အကူအညီ ကုန်တင်ကားတန်း ထွက်ခွါသွားတာကို မစ္စတာ ဘလင်ကန်က ကြည့်ရှုခဲ့ပါသေးတယ်။

Erez ကတဆင့် မြောက်ပိုင်းဂါဇာကို ဂျော်ဒန်ကနေ တိုက်ရိုက်အကူအညီပို့ပေးနိုင်တဲ့လမ်းကို မြင်နေရပါပြီ။ ပထမအသုတ်အကူအညီတွေ ဒီနေ့ပဲ ထွက်ခွါသွားခဲ့ပါပြီလို့ ဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။ အောက်တိုဘာ ၇ ရက် စစ်စဖြစ်လာကတည်းက ဒီလမ်းကို သိပ်မသုံးခဲ့ကြတာပါ။

အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်စဥ်အတွင်း ဟာမတ်စ်တို့က ဒီလမ်းကိုဖျက်ဆီးခဲ့ကြတာကြောင့် ပြန်တည်ဆောက်ဖို့လိုနေတယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောကြပါတယ်။ နိုင်ငံတကာဖိအားတွေ များလာတဲ့အတိုင်း အီးရက်ဇ်နယ်စပ် ဂိတ်ကနေ ဂါဇာမြောက်ပိုင်းကို အကူအညီတွေသွားဖို့ ခွင့်ပြုပါမယ်လို့ အစ္စရေးက မကြာမီက အာမခံခဲ့တာပါ။

ဂါဇာအပစ်ရပ်ရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးရောက်ရှိ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG