သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမ်ိဳးတံုးသတ္ျဖတ္မႈ တရားခံ Bosnian Serb စစ္ေခါင္းေဆာင္ Mladic အယူခံ ကုလတရားရံုး ပယ္ခ်


ေဘာ့္စ္နီးယား ဆာဗ္ေခါင္းေဆာင္ေဟာင္း Ratko Mladic

(Zawgyi/Unicode)

လူမ်ိဳးတံုးသတ္ျဖတ္မႈ၊ စစ္ရာဇ၀တ္မႈ၊ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြနဲ႔ ၂၀၁၇ ခုႏွစ္တုန္းက ေထာင္ဒဏ္တသက္ အျပစ္ေပး ခံထားရတဲ့ စီရင္ခ်က္အေပၚ ေဘာ့္စ္နီးယား ဆာဗ္ေခါင္းေဆာင္ေဟာင္း Ratko Mladic အယူခံ၀င္ခဲ့ေပမဲ့ ကုလသမဂၢ တရားသူႀကီးေတြက ပယ္ခ်လိုက္ပါတယ္။

“ႏႈတ္အားျဖင့္ေရာ၊ စာနဲ႔ပါ အယူခံတင္သြင္းခဲ့တာကို ၂၀၂၀ ျပည့္ ၾသဂုတ္လ ၂၅ နဲ႔ ၂၆ ရက္ေန႔ေတြမွာ ၾကားနာခဲ့ၿပီးေနာက္၊ အယူခံကို ပယ္ခ်ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။” လို႔ တရားသူႀကီး Prisca Matimba Nyambe က အဂၤါေန႔ တရားခြင္မွာ ေျပာၾကားခဲ့တာပါ။

၁၉၉၂ ကေန ၉၅ ခုႏွစ္ ေဘာ့္စ္နီးယားစစ္ပဲြအတြင္း Srebrenica ၿမိဳ႕မွာ မြတ္ဆလင္ အမ်ဳိးသားနဲ႔ ေယာက္က်ားေလး ၈ ေထာင္ေက်ာ္ကို အစုလိုက္အျပံဳလိုက္ သတ္ျဖတ္မႈ၊ Sarajevo ၿမိဳ႕မွာ အရပ္သားေတြကို ညႇင္းပမ္းႏွိပ္စက္မႈ၊ ဥပေဒမဲ့ တိုက္ခိုက္မႈေတြအတြက္ ျပစ္မႈထင္ရွားေၾကာင္း ဆုံးျဖတ္ခဲ့ၿပီး အခုအခါ အသက္ ၇၈ ႏွစ္ ရွိေနၿပီျဖစ္တဲ့ Mladic ကို ေထာင္ဒဏ္တသက္ အျပစ္ေပးထားတာပါ။

Srebrenica ၿမိဳ႕က အစုလိုက္အျပံဳလိုက္ သတ္ျဖတ္မႈဟာ ဥေရာပမွာ ဒုတိယကမာၻစစ္ေနာက္ပိုင္း အဆိုးရြားဆုံး ျဖစ္ခဲ့ေပမဲ့ Mladic ကေတာ့ အျပစ္မရွိေၾကာင္း ျငင္းဆန္ထားပါတယ္။ Mladic ရဲ႕ ေရွ႕ေနေတြကေတာ့ ဥပေဒေၾကာင္းအရေရာ၊ အခ်က္အလက္အရပါ အမွားအယြင္းေတြ ရွိေနတယ္ဆိုၿပီး အမႈသည္ကို တရားေသလႊတ္ဖို႔ ဒါမွမဟုတ္ရင္လည္း ျပန္လည္ ခုံ႐ုံးတင္စစ္ေဆးဖို႔နဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို က်ဳးလြန္ရာမွာ တာ၀န္ရွိသူေတြဟာ တျခားသူေတြသာ ျဖစ္ေၾကာင္း ေလွ်ာက္လဲခဲ့ၾကတာပါ။

Mladic ရဲ႕ ရာဇ၀တ္မႈေတြဟာ ႏိုင္ငံေရး အက်ဳိးအျမတ္အတြက္ အမုန္းတရားနဲ႔ ရက္ရက္စက္စက္ က်ဳးလြန္ခဲ့တဲ့ လုပ္ရပ္ေတြျဖစ္ေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet ကေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။ အေမရိကန္သမၼတ Joe Biden ကလည္း ေဘာ့္စ္နီးယားနဲ႔ ဟာဇီဂိုဗီနားက ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို အဆုံးသတ္ၿပီး၊ က်ဳးလြန္သူေတြကို တရားဥပေဒေရွ႕ေမွာက္ ပို႔ေဆာင္ႏိုင္ေအာင္ ႀကိဳးပမ္းမႈေတြမွာ အေမရိကန္ ဦးေဆာင္ပါ၀င္ခဲ့ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

လူမျိုးတုံးသတ်ဖြတ်မှု တရားခံ Bosnian Serb စစ်ခေါင်းဆောင် Mladic အယူခံ ကုလတရားရုံးပယ်ချ

(Unicode)

လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ၂၀၁၇ ခုနှစ်တုန်းက ထောင်ဒဏ်တသက် အပြစ်ပေး ခံထားရတဲ့ စီရင်ချက်အပေါ် ဘော့်စ်နီးယား ဆာဗ်ခေါင်းဆောင်ဟောင်း Ratko Mladic အယူခံဝင်ခဲ့ပေမဲ့ ကုလသမဂ္ဂ တရားသူကြီးတွေက ပယ်ချလိုက်ပါတယ်။

“နှုတ်အားဖြင့်ရော၊ စာနဲ့ပါ အယူခံတင်သွင်းခဲ့တာကို ၂၀၂၀ ပြည့် သြဂုတ်လ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ကြားနာခဲ့ပြီးနောက်၊ အယူခံကို ပယ်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ တရားသူကြီး Prisca Matimba Nyambe က အင်္ဂါနေ့ တရားခွင်မှာ ပြောကြားခဲ့တာပါ။

၁၉၉၂ ကနေ ၉၅ ခုနှစ် ဘော့်စ်နီးယားစစ်ပွဲအတွင်း Srebrenica မြို့မှာ မွတ်ဆလင် အမျိုးသားနဲ့ ယောက်ကျားလေး ၈ ထောင်ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ Sarajevo မြို့မှာ အရပ်သားတွေကို ညှင်းပမ်းနှိပ်စက်မှု၊ ဥပဒေမဲ့ တိုက်ခိုက်မှုတွေအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး အခုအခါ အသက် ၇၈ နှစ် ရှိနေပြီဖြစ်တဲ့ Mladic ကို ထောင်ဒဏ်တသက် အပြစ်ပေးထားတာပါ။

Srebrenica မြို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ခဲ့ပေမဲ့ Mladic ကတော့ အပြစ်မရှိကြောင်း ငြင်းဆန်ထားပါတယ်။ Mladic ရဲ့ ရှေ့နေတွေကတော့ ဥပဒေကြောင်းအရရော၊ အချက်အလက်အရပါ အမှားအယွင်းတွေ ရှိနေတယ်ဆိုပြီး အမှုသည်ကို တရားသေလွှတ်ဖို့ ဒါမှမဟုတ်ရင်လည်း ပြန်လည် ခုံရုံးတင်စစ်ဆေးဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျုးလွန်ရာမှာ တာဝန်ရှိသူတွေဟာ တခြားသူတွေသာ ဖြစ်ကြောင်း လျှောက်လဲခဲ့ကြတာပါ။

Mladic ရဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံရေး အကျိုးအမြတ်အတွက် အမုန်းတရားနဲ့ ရက်ရက်စက်စက် ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet ကကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ Joe Biden ကလည်း ဘော့်စ်နီးယားနဲ့ ဟာဇီဂိုဗီနားက ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို အဆုံးသတ်ပြီး၊ ကျုးလွန်သူတွေကို တရားဥပဒေရှေ့မှောက် ပို့ဆောင်နိုင်အောင် ကြိုးပမ်းမှုတွေမှာ အမေရိကန် ဦးဆောင်ပါဝင်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG