သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်အဖွဲ့တိုက်ခိုက်မှု ဗြိတိန်ဝန်ကြီးချုပ် ရှုတ်ချ


Britain Israel Palestinians
Britain Israel Palestinians

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်မယ့် အစ္စရေးနိုင်ငံရဲ့ အခွင့်အရေးကို ထောက်ခံရာမှာ ယူကေက နှစ်ပေါင်းရှည်ကြာ အခိုင်မာဆုံး ထောက်ခံခဲ့တာပါ။ ပြီးခဲ့တဲ့ ၃၆ နာရီအတွင်း တုန်လှုပ်ခြောက်ခြားလောက်အောင် အတိုက်ခိုက်ခံခဲ့ရတဲ့အချိန်အတွင်း အစ္စရေးက ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ရာမှာအသုံးပြုခဲ့တဲ့ လက်နက် ကိရိယာတွေ ကို တကယ်တော့ ယူကေက ပေးခဲ့တာဖြစ်ပါတယ်။ ကူညီနိုင်တာမှန်သမျှ ကျနော်တို့ က ဆက်လက်ကူညီသွားပါမယ်။” လို့ ဝန်ကြီးချုပ် ရီရှီဆူးနက်က ပြောလိုက်ပါတယ်။

အစ္စရေးက ဟားမတ်စ်အဖွဲ့အပေါ် စစ်ကြေညာလိုက်ပြီး စစ်ရေးအရ အရေးပါပါ အရေးယူဆောင်ရွက်ဖို့လည်း မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူးနက်ရဲ့ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ခုတိုက်ခိုက်မှုတွေကြောင့် အချိန်တိုအတွင်း သေဆုံးသူ ၁,၀၀၀ ကျော်သွားပြီး နှစ်ဘက်လုံး ထောင်ချီ ဒဏ်ရာရသွားခဲ့တဲ့ ဒီပဋိပက္ခမှာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ တနင်္ဂနွေနေ့က ကြေညာချက်ဟာ အနာဂတ်မှာ ပိုပြီး တိုက်ခိုက်ကြတော့မယ့် နိမိတ်လက္ခဏာဖြစ်တယ်လို့ အေပီသတင်းက သုံးသပ်ထားပါတယ်။

ဟားမတ်စ်အဖွဲ့တိုက်ခိုက်မှု ဗြိတိန်ဝန်ကြီးချုပ် ရှုတ်ချ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG