သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူးစက္ႏိုင္တဲ့ ကိုရိုနာဗိုင္းရပ္စ္ေရာဂါမ်ား


တိုက္႐ိုက္ လင့္ခ္

ျမန္မာႏုိင္ငံမွာ ေနာက္ဆံုးရွာေဖြေတြ႔ရိွခဲ့တဲ့ လင္းႏုိ႔မ်ဳိးဆက္သစ္ ေျခာက္မ်ဳိးက ဗိုင္းရပ္စ္ေတြဟာ လူကိုကူးစက္ေရာဂါေပးႏုိင္တဲ့ အေျခအေန မရိွေသးဘူးလို႔ ျမန္မာ့ေတာ႐ိုင္းတိရိစာၦန္ေတြကေန လူေတြကို ကူးစက္ႏုိင္တဲ့ ေရာဂါေတြအေၾကာင္း ေလ့လာေနတဲ့ ေဒါက္တာေအာင္သန္းတိုးက ေျပာပါတယ္။ လင္းႏို႔နဲ႔ တျခားေတာရိုင္းသတၱဝါေတြမွာ ေတြ႔ရေလ့ရိွတဲ့ ဗိုိင္းရပ္စ္ေတြနဲ႔ လက္ရိွကမာၻတလႊားကူးစက္ပ်ံ ႔ႏံွ႔ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ဘယ္လိုကြာသလဲဆိုတာကို သိရေအာင္ Online ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ ေဒါက္တာေအာင္သန္းတိုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အခုလိုမ်ဳိး VOA မွာ ေျဖၾကားေပးတဲ့အတြက္။ ပထမဦးဆံုး ေဒါက္တာေအာင္သန္းတုိိးက ေတာရိုင္းတိရစာၦန္ကေန လူေတြကို ကူးစက္တတ္တဲ့ ေရာဂါေတြအေၾကာင္း ေလ့လာေနတယ္ဆိုေတာ့ အခု အဲဒီမွာ ဗိုင္းရပ္စ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ နည္းနည္းေျပာျပေပးပါ။ အခုဆိုရင္ တကမာၻလံုးမွာ ကိုရိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါ ျဖစ္ေနေတာ့ လူေတြက ကိုရိုနာဗိုင္းရပ္စ္ဆိုတာ ဘာလဲဆိုတာကို ပထမဦးဆံုး သိခ်င္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္အေၾကာင္းကို ေျပာျပေပးပါ။

ေျဖ ။ ။ ကိုရိုနာဗိုင္းရပ္စ္ကေတာ့ အရင္ကတည္းက ပ်ံ ႔ေနတဲ့ ဗုိင္းရပ္စ္ပါ။ လူေတြမွမဟုတ္ဘူး၊ တိရစာၦန္ေတြမွာလည္း ပ်ံ ႔ေနခဲ့တယ္။ ဒီဗိုင္းရပ္စ္က အဓိကအားျဖင့္ ဝက္၊ ေၾကာင္တို႔မွာ ျဖစ္ေနတာ ၾကာခဲ့ၿပီ။ ကိုရိုနာဗိုင္းရပ္စ္ရဲ ႔ အဓိပၸါယ္က Crown virus - သရဖူ ပံုသ႑ာန္ - သူ႔ရဲ ႔အျပင္ဘက္မွာ ဒူးရင္းသီးလို ဆူးခၽြန္ေလးေတြ အမ်ားႀကီးရိွတယ္။ ဒီဆူးခၽြန္ေတြကေန လူေတြမွာရိွတဲ့ ACE2 receptor - ႏွာေခါင္းေတြ၊ အဆုတ္ေတြမွာရိွတဲ့ ဆဲလ္ေပၚမွာရိွတဲ့ receptor ေလးေတြနဲ႔ သြားခ်ိတ္ၿပီးမွ လူေတြရဲ ႔ ခႏၶာကိုယ္ထဲကို ဝင္ၿပီးေတာ့ ျပန္႔ပြားႏုိင္တယ္။ ဆိုေတာ့ receptor ေလးေတြက အေရးႀကီးပါတယ္။

ေမး ။ ။ သူတုိ႔ရဲ ႔ လက္ကေလးေတြေပါ့။

ေျဖ ။ ။ ဟုတ္ပါတယ္ - သူ႔ရဲ ႔ လက္ကေလးေတြပါ။ ကိုရိုနာဗိုင္းရပ္စ္ဆိုရင္ ပံုထဲမွာျပထားသလို အယ္လ္ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ္လ္တာ (alpha, beta, gamma, and delta) မ်ဳိးစံု ရိွပါတယ္။ က်ေနာ္တို႔နဲ႔ ဆက္စပ္တဲ့ ဝက္ေတြ၊ ၾကက္ေတြမွာဆိုရင္လဲ ဒီေရာဂါေတြ ျဖစ္ေနတာပါ။ အခုျဖစ္ေနတဲ့ COVID-19 ကေတာ့ ဘီတာကိုရိုနာဗိုင္းရပ္စ္ (Betacoronaviruses) အမ်ဳိးအစားထဲကပါ။ အယ္လ္ဖာကိုရိုနာဗိုင္းရပ္စ္ (Alphacoronavirus) ၾကေတာ့ အရင္ကတည္းက ရိုးရိုးတုပ္ေကြးလိုပံုစံ ျဖစ္ေနတာေတြလည္း ရိွတယ္။ အဲဒီထဲမွာမွ ဘီတာကိုရိုနာဗိုင္းရပ္စ္ အရင္တုန္းကျဖစ္ဖူးတဲ့ ဆားစ္ (SARS) ရိွတယ္။ ဆားစ္က ၂၀၀၃ ခုႏွစ္က ျဖစ္ခဲ့တယ္။ ၿပီးေတာ့ မားစ္ (MARS) ဆိုၿပီး ကုလားအုပ္ကေနတဆင့္ျဖစ္တဲ့ ၂၀၁၂ တုန္းကပါ။ အခု ၂၀၁၉ မွာ ျဖစ္တာကေတာ့ က်ေနာ္တို႔ မေသခ်ာေသးတာက လင္းႏုိ႔က လာတယ္လို႔ေတာ့ အဓိကျဖစ္ႏုိင္တယ္။ လင္းႏိုု႔မွာ ကိုရိုနာဗိုင္းရပ္စ္ေတာ့ ေတြ႔တယ္။ ဒါေပမဲ့ လင္းႏုိ႔ကတဆင့္ ၾကားခံသတၱဝါ Resevoir ရိွအံုးမယ္။ အဲဒီသတၱဝါကေတာ့ ဘာျဖစ္မလဲဆိုတာေတာ့ မသိေသးပါဘူး။ အဲဒါကို ေလ့လာစမ္းသပ္ေနတုန္းပါပဲ။

ဆိုေတာ့ ကိုရိုနာဗိုင္းရပ္စ္အေနနဲ႔က သူတုိ႔အေနနဲ႔ အယ္လ္ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ္လ္တာ ဆိုၿပီး မ်ဳိးစံုရိွတယ္။ က်ေနာ္ အခုနေျပာတာ အဓိက ကိုရိုနာဗိုင္းရပ္စ္အေနနဲ႔ လင္းႏို႔၊ ငွက္တုိ႔ကေန ေရာဂါေတြ ပ်ံ ႔ပြားတယ္။ က်ေနာ္တို႔နဲ႔ အဓိကဆက္သြယ္ေနတာကေတာ့ အယ္လ္ဖာ နဲ႔ ဘီတာ ဗိုင္းရပ္စ္ေတြပါ။ လင္းႏို႔ကေနတဆင့္ ၾကားခံသတၱဝါတခုခု ရိွအံုးမယ္။ အဲဒါကေန လူေတြဆီ ကူးလာတာပါ။ လူေတြမွ မဟုတ္ပါဘူး၊ က်ေနာ္တို႔နဲ႔ ေဆြမ်ဳိးနီးစပ္တဲ့ ေမ်ာက္ေတြ ဘာေတြကိုလည္း ဒီေရာဂါက ကူးစက္ပ်ံ ႔ပြားႏုိင္ပါတယ္။ အခု က်ေနာ္တို႔ ေတြ႔ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္က သင္းေခြခ်ပ္ (Pangolin) မွာေတြ႔တဲ့ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ေတာ္ေတာ္ဆင္ပါတယ္။ ဒါေပမဲ့ Pangolin သင္းေခြခ်ပ္ကိုစားလို႔ ဒါျဖစ္လားဆိုတာကိုေတာ့ တပ္အပ္မေျပာႏိုင္ေသးပါဘူး။ ေျမြမွာေတြ႔တဲ့ ကိုရိုနာဗိုင္းရပ္စ္မွာ လင္းႏို႔ကေနတဆင့္ ကူးလာႏုိင္တယ္။ လင္းႏို႔ကကူးတာ အယ္လ္ဖာ နဲ႔ ဘီတာမွာ ကူးတယ္။ အခု ဘီတာမွာေတာ့ လင္းႏို႔ကေနတဆင့္ ၾကားခံနယ္ ရိွမယ္။ ၾကားခံနယ္မွာမွ လူေတြမဟုတ္ပါဘူး၊ ဒီကေန တျခားၾကားခံ သတၱဝါေတြလည္း ရိွတယ္။ အခုဆိုရင္ ဘယ္လိုေတြ ေျပာေနၾကသလဲဆိုေတာ့ တခ်ဳိ ႔ကေတာ့ သင္းေခြခ်ပ္က ၾကားခံနယ္ ျဖစ္မယ္လို႔ ေျပာတယ္။ အဓိကေျပာရတဲ့ ရည္ရြယ္ခ်က္က သင္းေခြခ်ပ္မွာ ေတြ႔ရတဲ့ ကိုရိုနာဗိုင္းရပ္စ္က အခုေတြ႔တဲ့ ကိုဗစ္-၁၉ နဲ႔ဆိုရင္ Genome Level မွာဆိုိရင္ (၉၆) ရာခုိင္ႏႈန္းအထိ ဆင္တယ္။ ဒါေပမဲ့ သင္းေခြခ်ပ္ဗိုင္းရပ္စ္မွာ ဆိုရင္လဲ တတ္အပ္မေျပာႏုိင္ေသးဘူး။ ေျမြမွာေတြ႔တဲ့ ကိုရိုနာဗိုင္းရပ္စ္ကလဲ လူေတြမွာျဖစ္ေနတဲ့ ကိုဗစ္-၁၉ နဲ႔လည္း ဆင္တယ္။ ဒါေပမဲ့ ဆင္တာပဲ ရိွေသးတယ္။ ေျမြကေနတဆင့္ ၾကားခံနယ္အျဖစ္ ကူးတယ္လို႔ေတာ့ ေျပာလို႔မရေသးပါဘူး။

က်ေနာ္တို႔ ဒီမွာျပထားတဲ့ ဒယ္လ္တာကိုဗစ္ကေတာ့ (၉၆) ရာခုိင္ႏႈန္း တူတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔မွာ ျဖစ္ေနတဲ့ ကိုဗစ္ေရာဂါလားဆိုေတာ့ မဟုတ္ေသးပါဘူး။ ဒီဟာကေတာ့ တျခားႏုိင္ငံမွာ ေတြ႔ဖူးတဲ့ ကိုရိုနာဗိုင္းရပ္စ္ အမ်ဳိးအစားပါ။

ေမး ။ ။ ဆိုေတာ့ အခု လင္းႏို႔မွာေတြ႔ရတဲ့ ဗိုင္းရပ္စ္နဲ႔ ကိုဗစ္-၁၉ ျဖစ္ေနတာနဲ႔ သိပ္မတူေသးဘူးေပါ့။ တူတယ္လို႔ မေျပာႏိုင္ေသးဘူးေပါ့။

ေျဖ ။ ။ (၉၆) ရာခိုင္ႏႈန္း အနီးဆံုးတူတဲ့ Bat Covid …. ကေတာ့ (၉၆) ရာခိုင္ႏႈန္းတူတယ္။ ဒါေပမဲ့ ဒီေကာင္ပဲလဲဆိုေတာ့လဲ မဟုတ္ေသးဘူး။

ေမး ။ ။ တိုက္ရိုက္ေျပာလို႔ မရေသးဘူးေပါ့။ လင္းႏို႔မွာေတြ႔တဲ့ ကိုရိုနာဗိုင္းရပ္စ္ ေတြ႔တယ္ဆိုေတာ့ ျမန္မာႏုိင္ငံမွာလဲ လင္းႏုိ႔ကေန မ်ဳိးေစ့သစ္ (၆) ခု ေတြ႔တယ္လို႔ ေျပာပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ နည္းနည္းေလး ရွင္းျပေပးပါ။

ေျဖ ။ ။ Project အေၾကာင္း ေျပာရရင္ Predict project ပါ။ Predict အဓိပၸါယ္က ေရာဂါအသစ္ေတြကို ႀကိဳတင္ခန္႔မွန္းတာ။ အဓိက အေမရိကန္အစိုးရက Funding လုပ္ေပးတဲ့ project မ်ဳိး။ ၂၀၁၅ ကေနစတယ္။ ၂၀၂၀ အထိ (၅) ႏွစ္တာကာလ လုပ္ပါတယ္။ အဲဒီမွာ ရွာေဖြတာကေတာ့ ဖားအံက ဂူေတြ၊ ရန္ကုန္က ေလွာ္ကားမွာပါ။ ဖားအံက ဂူေတြမွာ အဓိကေတြ႔တာကေတာ့ ဗိုင္းရပ္စ္အသစ္ေတြကို ေတြ႔ပါတယ္။ ဒီဗိုင္းရပ္စ္အသစ္ (၆) မ်ဳိးကေတာ့ ျမန္မာျပည္အေနနဲ႔ ကမာၻအေနနဲ႔ First time ေတြ႔တာ။ ကမာၻေပၚမွာ ပထမအႀကိမ္ေတြ႔တာ ကိုရိုနာဗိုင္းရပ္စ္က (၄) မ်ဳိးပါ။ ေနာက္ထပ္ (၂) မ်ဳိးကေတာ့ တျခားႏုိင္ငံေတြမွာ ေတြ႔ထားၿပီးပါၿပီ။ စုစုေပါင္း (၆) မ်ဳိးပါ။

ေမး ။ ။ အခု အသစ္ေတြ႔တဲ့ (၆) ခုထဲက လူေတြအတြက္ကို အႏၱရာယ္ရိွႏိုင္တဲ့ ဗိုင္းရပ္စ္မ်ဳိးမ်ား အဲဒီအထဲမွာ ပါသလား။

ေျဖ ။ ။ အခု (၆) ခုလံုးကို စမ္းသပ္ၾကည့္တယ္။ Genome Level ကိုလည္း စစ္တယ္။ တျခားစမ္းသပ္မႈေတြ ၿပီးတဲ့အခါ ေလာေလာဆယ္ေတာ့ ဒီ (၆) ခုလံုးကေတာ့ အခုေလာေလာဆယ္အခ်ိန္မွာေတာ့ ကူးစက္ႏုိင္တဲ့၊ ေရာဂါေပးႏိုင္တဲ့ အေျခအေနေတာ့ မရိွေသးပါဘူး။ ဒီေရာဂါစစ္တဲ့ က်ေနာ္တို႔ Project လုပ္တဲ့အခ်ိန္မွာ ေတာရိုင္းတိရစာၦန္ေတြကိုပဲ sample စစ္တာ မဟုတ္ပါဘူး။ က်ေနာ္တို႔ လူေတြကိုလည္း စစ္တယ္။ ဥပမာ ဖားအံမွာဆိုိရင္ လင္းႏို႔ဂူဆိုတာ ရွိတယ္။ အဲဒီမွာ သန္းခ်ီတဲ့ လင္းႏို႔ေတြရွိတယ္။ ဒီလင္းႏို႔ဂူထဲကို ဝင္ၿပီးေတာ့ လင္းႏို႔ေခ်းေကာက္တဲ့ အလုပ္သမားေတြလည္း ရွိတယ္။ ဒီအလုပ္သမားေတြကို စစ္သလို၊ သူတို႔ရဲ႕ မိသားစုေတြကိုပါ စစ္ပါတယ္။ စစ္တဲ့အခ်ိန္မွာ ကိုရိုနာဗိုင္းရပ္စ္ ခံစားရတာကို မေတြ႔ဘူး။ သူတုိ႔ေတြ ၿပီးခဲ့တဲ့ႏွစ္က ဖ်ားဖူးလားေမးေတာ့ ဖ်ားဖူးတယ္။ ဒါေပမယ့္ ႐ိုး႐ိုးတုတ္ေကြးေရာဂါနဲ႔ ဖ်ားဖူးတာပဲ ေတြ႔ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ ကိုရိုနာဗိုင္းရပ္စ္က ေတာရိုင္းတိရစာၦန္ေတြကေန လူေတြကို လိုက္ကူးႏုိင္တယ္ဆိုေတာ့ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံမွာ ေတာရိုင္းတိရစာၦန္ေတြနဲ႔ ထိေတြ႔ေနတဲ့ လူေတြအမ်ားႀကီး။ အခုထက္ထိလဲ အစားအေသာက္ေတြကို အသက္ရွင္လ်က္ရိွတဲ့ အေကာင္ေတြကို ေရာင္းခ်ေနတာေတြလဲ တားျမစ္တာ မရိွပါဘူး။ ဆိုေတာ့ အဲဒီအႏၱရာယ္ေလး နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ အဓိက ျမန္မာႏုိင္ငံမွာ ေဒသေတာ္ေတာ္မ်ားမ်ားမွာ တခ်ဳိ ႔ေနရာေတြၾကေတာ့ ပံုမွန္ ၾကက္ေတြ၊ ဝက္ေတြရဖို႔ ရွားတာတပိုင္း၊ ၿပီးေတာ့ တခ်ဳိ ႔ၾကေတာ့ မိရိုးဖလာအတိုင္း စားေသာက္ၾကတာတပိုင္း။ အဲဒီမွာ ဘာျဖစ္ႏုိင္လဲဆိုေတာ့ အခု ဗိုင္းရပ္စ္ေတြ ျဖစ္လာတဲ့ ေတာက္ေလွ်ာက္က ကူးတာနဲ႔ ေရာဂါအႀကီးႀကီးထျဖစ္မွာ မဟုတ္ဘူး။ ေနရာရယ္၊ အခ်ိန္ရယ္၊ ၾကားခံရယ္ အကုန္လံုး Right time, Right place, Right person အားလံုးစံုညီသြားမွပဲ ေရာဂါက ဗိုင္းရပ္စ္က ပုံစံေျပာင္းၿပီး mutate ျဖစ္ၿပီးေတာ့ အခုလို ကပ္ေရာဂါ ျဖစ္လာႏိုင္တာပါ။ အဓိက စားေသာက္ရံုနဲ႔လဲ မျဖစ္ႏုိ္င္ေသးဘူး။ စားေသာက္တာကို တားရံုနဲ႔လဲ မရေသးဘူး။ က်ေနာ္တို႔အေနနဲ႔ ecosystem ေဂဟစံနစ္ေတြကိုလည္း ထိန္းသိမ္းဖို႔ လိုပါတယ္။ ေဂဟစနစ္ေတြကို ထိန္္းသိမ္းမွာ ဥပမာ ေတာေကာင္က ေတာထဲမွာ ေနၿပီးေတာ့ လူေတြက လူေတြဘက္ျခမ္းမွာ ေနမယ္။ မဟုတ္ရင္ ေတာေကာင္ကေန လူေတြဘက္ကို ေရာဂါေတြ ကူးသန္းလာႏိုင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အဲဒါကို အမ်ားႀကီး သတိထားရမွာေပါ့။ ေစာေစာက လူေတြကို ကူးဖို႔လို႔ တဆင့္တဆင့္ ေျပာင္းလာတယ္ဆိုတာကို နည္းနည္းေလး ရွင္းျပေပးပါ။ ဒီကို႐ိုနာဗိုင္းရပ္စ္ပိုးက ဘယ္လိုမ်ိဳး ကူးလာႏိုင္တယ္ဆိုတာ။

ေျဖ ။ ။ အခု ေလာေလာဆယ္ ကိုရိုနာဗိုင္းရပ္စ္အေရွ႕မွာ ျဖစ္သြားခဲ့တဲ့ SARS / MARS ဆားစ္၊ မားစ္တို႔မွာ လင္းႏို႔ေတြဆီမွာ နဂိုကတည္းက ဗိုင္းရပ္စ္ မ်ိဳးစုံ ရွိၿပီးသား။ ကို႐ိုနာဗိုင္းရပ္စ္အျပင္ တျခားဗိုင္းရပ္စ္ေတြလည္း ရွိအုံးမယ္။ ဒါေပမယ့္ သူတို႔ အေနနဲ႔က သူတို႔ကိုယ္ သူတို႔ ေရာဂါ မျဖစ္ေစဘူး။ ဒါေပမဲ့ လင္းႏို႔ေတြကို ဖမ္းၿပီးေတာ့ ေတာေကာင္ေတြ ေရာင္းတဲ့ ေနရာေတြမွာ၊ လင္းႏို႔ေတြအျပင္ တျခား ေတာေကာင္ေတြ ရွိမယ္။ အရင္ SARS ဆားစ္ ကိစၥမွာ အခု ေလာေလာဆယ္ အေရွ႕မွာ ျဖစ္သြားတဲ့SARS / MARS ဆားစ္ ေရာ မားစ္ေရာက ေျပာရရင္၊ လင္းႏို႔ေတြမွာက နဂိုကတည္းက ဗိုင္းရပ္စ္ မ်ိဳးစုံ ရွိၿပီးသား။ ကို႐ိုနာဗိုင္းရပ္စ္ အျပင္ တျခားဗိုင္းရပ္စ္ေတြလည္း ရွိအုံးမယ္။ ဒါေပမယ့္ သူတို႔ အေနနဲ႔က သူတို႔ကိုယ္ သူတို႔ ေရာဂါမျဖစ္ေစဘူး။ ဒါေပမယ့္ ေတာေကာင္ေတြ ေရာင္းတဲ့ ေနရာမွာ လင္းႏို႔အျပင္ တျခား ေတာေကာင္ေတြ ရွိမယ္။ ဥပမာ SARS ဆားစ္ ကိစၥမွာ ဆိုရင္ လင္းႏို႔ရယ္ ေၾကာင္ကတိုးတို႔ကို ထားတယ္။ အဲဒီမွာ လင္းႏို႔ေတြက ဘယ္လို ျဖစ္သလဲဆိုေတာ့ ပုံမွန္အခ်ိန္မွာဆိုရင္ ဒီေရာဂါေတြကို မျပန႔္ပြါးႏိုင္ဘူးဆိုေပမယ့္ သူတို႔ကို ေလွာင္အိမ္ထဲမွာ ေလွာင္ခ်ိဳင့္ထဲမွာ ထားတဲ့အခ်ိန္က်ရင္ သူတုိ႔က စိတ္ဖိစီးမႈ အခု ေလာေလာဆယ္ အေရွ႕မွာ ျဖစ္သြားတဲ့SARS / MARS ဆားစ္ ေရာ မားစ္ေရာက ေျပာရရင္၊ လင္းႏို႔ေတြမွာက နဂိုကတည္းက ဗိုင္းရပ္စ္ မ်ိဳးစုံ ရွိၿပီးသား။ ကို႐ိုနာဗိုင္းရပ္စ္ အျပင္ တျခားဗိုင္းရပ္စ္ေတြလည္း ရွိအုံးမယ္။ ဒါေပမယ့္ သူတို႔ အေနနဲ႔က သူတို႔ကိုယ္ သူတို႔ ေရာဂါမျဖစ္ေစဘူး။ ဒါေပမယ့္ ေတာေကာင္ေတြ ေရာင္းတဲ့ ေနရာမွာ လင္းႏို႔အျပင္ တျခား ေတာေကာင္ေတြ ရွိမယ္။ ဥပမာ SARS ဆားစ္ ကိစၥမွာ ဆိုရင္ လင္းႏို႔ရယ္ ေၾကာင္ကတိုး ရယ္ကို ထားတယ္။ အဲဒီမွာ လင္းႏို႔ေတြက ဘယ္လို ျဖစ္သလဲ ဆိုေတာ့ ပုံမွန္အခ်ိန္မွာ ဆိုရင္ ဒီေရာဂါ ေတြကို မျပန႔္ပြါးႏိုင္ဘူး ဆိုေပမယ့္ သူက ေလွာင္အိမ္ထဲမွာ ေလွာင္ခ်ိဳင့္ ထဲမွာ ထားတဲ့အခ်ိန္က်ရင္ သူက stress အရမ္းျဖစ္တယ္။ အဲဒီလို stress ျဖစ္တဲ့ အခ်ိန္က်မွ ဗိုင္းရပ္စ္ေတြက တျခားေတြကို ကူးေရာ၊ ဒီလို ကူးတဲ့အခ်ိန္မွာ ေၾကာင္ကတိုးနား ထားမိရင္ ေၾကာင္ကတိုးကို ကူးေရာ။ အဲဒီမွာ အဲဒီ ေၾကာင္ကတိုးမွာလည္း သူ႔ရဲ႕ ဇီဝစံနစ္ ရွိမယ္။ တိုက္ထုတ္ႏိုင္တာ ရွိသလို မတိုက္ထုတ္ႏိုင္တာလည္း ရွိမယ္။ အဲဒီလို ဖ်ားေနတဲ့ ေၾကာင္ကတိုးကို က်ေနာ္တို႔က စားမိတဲ့အခ်ိန္မွာ က်ေနာ္တို႔ အဲဒီ SARS ဆားစ္ ေရာဂါကို စရတာပါ။ ဆိုေတာ့ သူတို႔က ပုံမွန္ ကို႐ိုနာဗိုင္းရပ္စ္ေတြ ရွိေနရာကေန ဥပမာ လင္းႏို႔စားရင္ ဒီေရာဂါ ျဖစ္မလား လို႔ေမးရင္ေတာ့ ျဖစ္ခ်င္လည္း ျဖစ္မယ္၊ မျဖစ္ခ်င္လည္း မျဖစ္ဖူး။ က်ေနာ္ အခုနက ေျပာသလို သင့္ေတာ္တဲ့ အခ်ိန္၊ သင့္ေတာ္တဲ့ ေနရာ၊ သင့္ေတာ္တဲ့ ၾကားလူ အကုန္လုံး အခ်ိန္ကိုက္ျဖစ္ဖို႔လိုပါတယ္။

ေမး ။ ။ ဆိုေတာ့ ဒီလိုမ်ဳိး ေရာဂါ တကမာၻလံုး ႀကံဳေနရတဲ့ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ မကူးစက္ေအာင္ အဓိက ဘယ္လိုလုပ္ရမလဲ ေျပာျပေပးပါ။

ေျဖ ။ ။ ကိုဗစ္-၁၉ အေနနဲ႔က ေရာဂါဆိုတာ စမျဖစ္လာခင္ကေန ေျပာရမယ္ဆိုရင္ ဒီေရာဂါေတြ မျဖစ္ေအာင္ က်ေနာ္တုိ႔ လူတိုင္းအေနနဲ႔ ေဂဟစနစ္ကို ထိန္းသိမ္းဖို႔၊ အစိုးရအေနနဲ႔ ျပည္သူလူထုအေနနဲ႔ ဝိုင္းဝန္းကူညီဖို႔ လိုပါတယ္။ ဒါမွ အခု ကိုရိုနာဗိုင္းရပ္စ္က ေဆးထြက္လာၿပီး ၿပီသြားတယ္ဆိုေပမယ့္ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္၊ အခုႏွစ္ဆယ္ကို ျပန္ၾကည့္မယ္ဆိုရင္ ေရာဂါအသစ္အသစ္ေတြ ထပ္ထြက္လာတာ ေဂဟစနစ္ပ်က္ဆီးမႈ၊ ေတာေကာင္စားသံုးမႈ ဒီလုိမ်ဳိးစံုကေန ေရာဂါအသစ္အသစ္ေတြက ထပ္ထြက္လာတဲ့အတြက္ ေဂဟစနစ္ကို အဓိကထိန္းသိမ္းဖို႔ လိုပါလိမ့္မယ္။


==Unicode==

မြန်မာနိုင်ငံမှာ နောက်ဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ လင်းနို့မျိုးဆက်သစ် ခြောက်မျိုးက ဗိုင်းရပ်စ်တွေဟာ လူကိုကူးစက်ရောဂါပေးနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ မြန်မာ့တောရိုင်းတိရိစ္ဆာန်တွေကနေ လူတွေကို ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း လေ့လာနေတဲ့ ဒေါက်တာအောင်သန်းတိုးက ပြောပါတယ်။ လင်းနို့နဲ့ တခြားတောရိုင်းသတ္တဝါတွေမှာ တွေ့ရလေ့ရှိတဲ့ ဗိုင်းရပ်စ်တွေနဲ့ လက်ရှိကမ္ဘာတလွှားကူးစက်ပျံ့နံှ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကွာသလဲဆိုတာကို သိရအောင် Online ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဒေါက်တာအောင်သန်းတိုးကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး VOA မှာ ဖြေကြားပေးတဲ့အတွက်။ ပထမဦးဆုံး ဒေါက်တာအောင်သန်းတိုးက တောရိုင်းတိရစ္ဆာန်ကနေ လူတွေကို ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း လေ့လာနေတယ်ဆိုတော့ အခု အဲဒီမှာ ဗိုင်းရပ်စ်တွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးပါ။ အခုဆိုရင် တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်နေတော့ လူတွေက ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲဆိုတာကို ပထမဦးဆုံး သိချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို ပြောပြပေးပါ။

ဖြေ ။ ။ ကိုရိုနာဗိုင်းရပ်စ်ကတော့ အရင်ကတည်းက ပျံ့နေတဲ့ ဗိုင်းရပ်စ်ပါ။ လူတွေမှမဟုတ်ဘူး၊ တိရစ္ဆာန်တွေမှာလည်း ပျံ့နေခဲ့တယ်။ ဒီဗိုင်းရပ်စ်က အဓိကအားဖြင့် ဝက်၊ ကြောင်တို့မှာ ဖြစ်နေတာ ကြာခဲ့ပြီ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဓိပ္ပါယ်က Crown virus - သရဖူ ပုံသဏ္ဍာန် - သူ့ရဲ့အပြင်ဘက်မှာ ဒူးရင်းသီးလို ဆူးချွန်လေးတွေ အများကြီးရှိတယ်။ ဒီဆူးချွန်တွေကနေ လူတွေမှာရှိတဲ့ ACE2 receptor - နှာခေါင်းတွေ၊ အဆုတ်တွေမှာရှိတဲ့ ဆဲလ်ပေါ်မှာရှိတဲ့ receptor လေးတွေနဲ့ သွားချိတ်ပြီးမှ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပြီးတော့ ပြန့်ပွားနိုင်တယ်။ ဆိုတော့ receptor လေးတွေက အရေးကြီးပါတယ်။

မေး ။ ။ သူတို့ရဲ့ လက်ကလေးတွေပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ် - သူ့ရဲ့ လက်ကလေးတွေပါ။ ကိုရိုနာဗိုင်းရပ်စ်ဆိုရင် ပုံထဲမှာပြထားသလို အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ (alpha, beta, gamma, and delta) မျိုးစုံ ရှိပါတယ်။ ကျနော်တို့နဲ့ ဆက်စပ်တဲ့ ဝက်တွေ၊ ကြက်တွေမှာဆိုရင်လဲ ဒီရောဂါတွေ ဖြစ်နေတာပါ။ အခုဖြစ်နေတဲ့ COVID-19 ကတော့ ဘီတာကိုရိုနာဗိုင်းရပ်စ် (Betacoronaviruses) အမျိုးအစားထဲကပါ။ အယ်လ်ဖာကိုရိုနာဗိုင်းရပ်စ် (Alphacoronavirus) ကြတော့ အရင်ကတည်းက ရိုးရိုးတုပ်ကွေးလိုပုံစံ ဖြစ်နေတာတွေလည်း ရှိတယ်။ အဲဒီထဲမှာမှ ဘီတာကိုရိုနာဗိုင်းရပ်စ် အရင်တုန်းကဖြစ်ဖူးတဲ့ ဆားစ် (SARS) ရှိတယ်။ ဆားစ်က ၂၀၀၃ ခုနှစ်က ဖြစ်ခဲ့တယ်။ ပြီးတော့ မားစ် (MARS) ဆိုပြီး ကုလားအုပ်ကနေတဆင့်ဖြစ်တဲ့ ၂၀၁၂ တုန်းကပါ။ အခု ၂၀၁၉ မှာ ဖြစ်တာကတော့ ကျနော်တို့ မသေချာသေးတာက လင်းနို့က လာတယ်လို့တော့ အဓိကဖြစ်နိုင်တယ်။ လင်းနို့မှာ ကိုရိုနာဗိုင်းရပ်စ်တော့ တွေ့တယ်။ ဒါပေမဲ့ လင်းနို့ကတဆင့် ကြားခံသတ္တဝါ Resevoir ရှိအုံးမယ်။ အဲဒီသတ္တဝါကတော့ ဘာဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။ အဲဒါကို လေ့လာစမ်းသပ်နေတုန်းပါပဲ။

ဆိုတော့ ကိုရိုနာဗိုင်းရပ်စ်အနေနဲ့က သူတို့အနေနဲ့ အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ ဆိုပြီး မျိုးစုံရှိတယ်။ ကျနော် အခုနပြောတာ အဓိက ကိုရိုနာဗိုင်းရပ်စ်အနေနဲ့ လင်းနို့၊ ငှက်တို့ကနေ ရောဂါတွေ ပျံ့ပွားတယ်။ ကျနော်တို့နဲ့ အဓိကဆက်သွယ်နေတာကတော့ အယ်လ်ဖာ နဲ့ ဘီတာ ဗိုင်းရပ်စ်တွေပါ။ လင်းနို့ကနေတဆင့် ကြားခံသတ္တဝါတခုခု ရှိအုံးမယ်။ အဲဒါကနေ လူတွေဆီ ကူးလာတာပါ။ လူတွေမှ မဟုတ်ပါဘူး၊ ကျနော်တို့နဲ့ ဆွေမျိုးနီးစပ်တဲ့ မျောက်တွေ ဘာတွေကိုလည်း ဒီရောဂါက ကူးစက်ပျံ့ပွားနိုင်ပါတယ်။ အခု ကျနော်တို့ တွေ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်က သင်းခွေချပ် (Pangolin) မှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ တော်တော်ဆင်ပါတယ်။ ဒါပေမဲ့ Pangolin သင်းခွေချပ်ကိုစားလို့ ဒါဖြစ်လားဆိုတာကိုတော့ တပ်အပ်မပြောနိုင်သေးပါဘူး။ မြွေမှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မှာ လင်းနို့ကနေတဆင့် ကူးလာနိုင်တယ်။ လင်းနို့ကကူးတာ အယ်လ်ဖာ နဲ့ ဘီတာမှာ ကူးတယ်။ အခု ဘီတာမှာတော့ လင်းနို့ကနေတဆင့် ကြားခံနယ် ရှိမယ်။ ကြားခံနယ်မှာမှ လူတွေမဟုတ်ပါဘူး၊ ဒီကနေ တခြားကြားခံ သတ္တဝါတွေလည်း ရှိတယ်။ အခုဆိုရင် ဘယ်လိုတွေ ပြောနေကြသလဲဆိုတော့ တချို့ကတော့ သင်းခွေချပ်က ကြားခံနယ် ဖြစ်မယ်လို့ ပြောတယ်။ အဓိကပြောရတဲ့ ရည်ရွယ်ချက်က သင်းခွေချပ်မှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်က အခုတွေ့တဲ့ ကိုဗစ်-၁၉ နဲ့ဆိုရင် Genome Level မှာဆိုရင် (၉၆) ရာခိုင်နှုန်းအထိ ဆင်တယ်။ ဒါပေမဲ့ သင်းခွေချပ်ဗိုင်းရပ်စ်မှာ ဆိုရင်လဲ တတ်အပ်မပြောနိုင်သေးဘူး။ မြွေမှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကလဲ လူတွေမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ နဲ့လည်း ဆင်တယ်။ ဒါပေမဲ့ ဆင်တာပဲ ရှိသေးတယ်။ မြွေကနေတဆင့် ကြားခံနယ်အဖြစ် ကူးတယ်လို့တော့ ပြောလို့မရသေးပါဘူး။

ကျနော်တို့ ဒီမှာပြထားတဲ့ ဒယ်လ်တာကိုဗစ်ကတော့ (၉၆) ရာခိုင်နှုန်း တူတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါလားဆိုတော့ မဟုတ်သေးပါဘူး။ ဒီဟာကတော့ တခြားနိုင်ငံမှာ တွေ့ဖူးတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားပါ။

မေး ။ ။ ဆိုတော့ အခု လင်းနို့မှာတွေ့ရတဲ့ ဗိုင်းရပ်စ်နဲ့ ကိုဗစ်-၁၉ ဖြစ်နေတာနဲ့ သိပ်မတူသေးဘူးပေါ့။ တူတယ်လို့ မပြောနိုင်သေးဘူးပေါ့။

ဖြေ ။ ။ (၉၆) ရာခိုင်နှုန်း အနီးဆုံးတူတဲ့ Bat Covid …. ကတော့ (၉၆) ရာခိုင်နှုန်းတူတယ်။ ဒါပေမဲ့ ဒီကောင်ပဲလဲဆိုတော့လဲ မဟုတ်သေးဘူး။

မေး ။ ။ တိုက်ရိုက်ပြောလို့ မရသေးဘူးပေါ့။ လင်းနို့မှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တွေ့တယ်ဆိုတော့ မြန်မာနိုင်ငံမှာလဲ လင်းနို့ကနေ မျိုးစေ့သစ် (၆) ခု တွေ့တယ်လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါ။

ဖြေ ။ ။ Project အကြောင်း ပြောရရင် Predict project ပါ။ Predict အဓိပ္ပါယ်က ရောဂါအသစ်တွေကို ကြိုတင်ခန့်မှန်းတာ။ အဓိက အမေရိကန်အစိုးရက Funding လုပ်ပေးတဲ့ project မျိုး။ ၂၀၁၅ ကနေစတယ်။ ၂၀၂၀ အထိ (၅) နှစ်တာကာလ လုပ်ပါတယ်။ အဲဒီမှာ ရှာဖွေတာကတော့ ဖားအံက ဂူတွေ၊ ရန်ကုန်က လှော်ကားမှာပါ။ ဖားအံက ဂူတွေမှာ အဓိကတွေ့တာကတော့ ဗိုင်းရပ်စ်အသစ်တွေကို တွေ့ပါတယ်။ ဒီဗိုင်းရပ်စ်အသစ် (၆) မျိုးကတော့ မြန်မာပြည်အနေနဲ့ ကမ္ဘာအနေနဲ့ First time တွေ့တာ။ ကမ္ဘာပေါ်မှာ ပထမအကြိမ်တွေ့တာ ကိုရိုနာဗိုင်းရပ်စ်က (၄) မျိုးပါ။ နောက်ထပ် (၂) မျိုးကတော့ တခြားနိုင်ငံတွေမှာ တွေ့ထားပြီးပါပြီ။ စုစုပေါင်း (၆) မျိုးပါ။

မေး ။ ။ အခု အသစ်တွေ့တဲ့ (၆) ခုထဲက လူတွေအတွက်ကို အန္တရာယ်ရှိနိုင်တဲ့ ဗိုင်းရပ်စ်မျိုးများ အဲဒီအထဲမှာ ပါသလား။

ဖြေ ။ ။ အခု (၆) ခုလုံးကို စမ်းသပ်ကြည့်တယ်။ Genome Level ကိုလည်း စစ်တယ်။ တခြားစမ်းသပ်မှုတွေ ပြီးတဲ့အခါ လောလောဆယ်တော့ ဒီ (၆) ခုလုံးကတော့ အခုလောလောဆယ်အချိန်မှာတော့ ကူးစက်နိုင်တဲ့၊ ရောဂါပေးနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ဒီရောဂါစစ်တဲ့ ကျနော်တို့ Project လုပ်တဲ့အချိန်မှာ တောရိုင်းတိရစ္ဆာန်တွေကိုပဲ sample စစ်တာ မဟုတ်ပါဘူး။ ကျနော်တို့ လူတွေကိုလည်း စစ်တယ်။ ဥပမာ ဖားအံမှာဆိုရင် လင်းနို့ဂူဆိုတာ ရှိတယ်။ အဲဒီမှာ သန်းချီတဲ့ လင်းနို့တွေရှိတယ်။ ဒီလင်းနို့ဂူထဲကို ဝင်ပြီးတော့ လင်းနို့ချေးကောက်တဲ့ အလုပ်သမားတွေလည်း ရှိတယ်။ ဒီအလုပ်သမားတွေကို စစ်သလို၊ သူတို့ရဲ့ မိသားစုတွေကိုပါ စစ်ပါတယ်။ စစ်တဲ့အချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ခံစားရတာကို မတွေ့ဘူး။ သူတို့တွေ ပြီးခဲ့တဲ့နှစ်က ဖျားဖူးလားမေးတော့ ဖျားဖူးတယ်။ ဒါပေမယ့် ရိုးရိုးတုတ်ကွေးရောဂါနဲ့ ဖျားဖူးတာပဲ တွေ့ရှိပါတယ်။

မေး ။ ။ ဆိုတော့ ကိုရိုနာဗိုင်းရပ်စ်က တောရိုင်းတိရစ္ဆာန်တွေကနေ လူတွေကို လိုက်ကူးနိုင်တယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ထိတွေ့နေတဲ့ လူတွေအများကြီး။ အခုထက်ထိလဲ အစားအသောက်တွေကို အသက်ရှင်လျက်ရှိတဲ့ အကောင်တွေကို ရောင်းချနေတာတွေလဲ တားမြစ်တာ မရှိပါဘူး။ ဆိုတော့ အဲဒီအန္တရာယ်လေး နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ အဓိက မြန်မာနိုင်ငံမှာ ဒေသတော်တော်များများမှာ တချို့နေရာတွေကြတော့ ပုံမှန် ကြက်တွေ၊ ဝက်တွေရဖို့ ရှားတာတပိုင်း၊ ပြီးတော့ တချို့ကြတော့ မိရိုးဖလာအတိုင်း စားသောက်ကြတာတပိုင်း။ အဲဒီမှာ ဘာဖြစ်နိုင်လဲဆိုတော့ အခု ဗိုင်းရပ်စ်တွေ ဖြစ်လာတဲ့ တောက်လျှောက်က ကူးတာနဲ့ ရောဂါအကြီးကြီးထဖြစ်မှာ မဟုတ်ဘူး။ နေရာရယ်၊ အချိန်ရယ်၊ ကြားခံရယ် အကုန်လုံး Right time, Right place, Right person အားလုံးစုံညီသွားမှပဲ ရောဂါက ဗိုင်းရပ်စ်က ပုံစံပြောင်းပြီး mutate ဖြစ်ပြီးတော့ အခုလို ကပ်ရောဂါ ဖြစ်လာနိုင်တာပါ။ အဓိက စားသောက်ရုံနဲ့လဲ မဖြစ်နိုင်သေးဘူး။ စားသောက်တာကို တားရုံနဲ့လဲ မရသေးဘူး။ ကျနော်တို့အနေနဲ့ ecosystem ဂေဟစံနစ်တွေကိုလည်း ထိန်းသိမ်းဖို့ လိုပါတယ်။ ဂေဟစနစ်တွေကို ထိန်းသိမ်းမှာ ဥပမာ တောကောင်က တောထဲမှာ နေပြီးတော့ လူတွေက လူတွေဘက်ခြမ်းမှာ နေမယ်။ မဟုတ်ရင် တောကောင်ကနေ လူတွေဘက်ကို ရောဂါတွေ ကူးသန်းလာနိုင်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒါကို အများကြီး သတိထားရမှာပေါ့။ စောစောက လူတွေကို ကူးဖို့လို့ တဆင့်တဆင့် ပြောင်းလာတယ်ဆိုတာကို နည်းနည်းလေး ရှင်းပြပေးပါ။ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးက ဘယ်လိုမျိုး ကူးလာနိုင်တယ်ဆိုတာ။

ဖြေ ။ ။ အခု လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်အရှေ့မှာ ဖြစ်သွားခဲ့တဲ့ SARS / MARS ဆားစ်၊ မားစ်တို့မှာ လင်းနို့တွေဆီမှာ နဂိုကတည်းက ဗိုင်းရပ်စ် မျိုးစုံ ရှိပြီးသား။ ကိုရိုနာဗိုင်းရပ်စ်အပြင် တခြားဗိုင်းရပ်စ်တွေလည်း ရှိအုံးမယ်။ ဒါပေမယ့် သူတို့ အနေနဲ့က သူတို့ကိုယ် သူတို့ ရောဂါ မဖြစ်စေဘူး။ ဒါပေမဲ့ လင်းနို့တွေကို ဖမ်းပြီးတော့ တောကောင်တွေ ရောင်းတဲ့ နေရာတွေမှာ၊ လင်းနို့တွေအပြင် တခြား တောကောင်တွေ ရှိမယ်။ အရင် SARS ဆားစ် ကိစ္စမှာ အခု လောလောဆယ် အရှေ့မှာ ဖြစ်သွားတဲ့SARS / MARS ဆားစ် ရော မားစ်ရောက ပြောရရင်၊ လင်းနို့တွေမှာက နဂိုကတည်းက ဗိုင်းရပ်စ် မျိုးစုံ ရှိပြီးသား။ ကိုရိုနာဗိုင်းရပ်စ် အပြင် တခြားဗိုင်းရပ်စ်တွေလည်း ရှိအုံးမယ်။ ဒါပေမယ့် သူတို့ အနေနဲ့က သူတို့ကိုယ် သူတို့ ရောဂါမဖြစ်စေဘူး။ ဒါပေမယ့် တောကောင်တွေ ရောင်းတဲ့ နေရာမှာ လင်းနို့အပြင် တခြား တောကောင်တွေ ရှိမယ်။ ဥပမာ SARS ဆားစ် ကိစ္စမှာ ဆိုရင် လင်းနို့ရယ် ကြောင်ကတိုးတို့ကို ထားတယ်။ အဲဒီမှာ လင်းနို့တွေက ဘယ်လို ဖြစ်သလဲဆိုတော့ ပုံမှန်အချိန်မှာဆိုရင် ဒီရောဂါတွေကို မပြန့်ပွါးနိုင်ဘူးဆိုပေမယ့် သူတို့ကို လှောင်အိမ်ထဲမှာ လှောင်ချိုင့်ထဲမှာ ထားတဲ့အချိန်ကျရင် သူတို့က စိတ်ဖိစီးမှု အခု လောလောဆယ် အရှေ့မှာ ဖြစ်သွားတဲ့SARS / MARS ဆားစ် ရော မားစ်ရောက ပြောရရင်၊ လင်းနို့တွေမှာက နဂိုကတည်းက ဗိုင်းရပ်စ် မျိုးစုံ ရှိပြီးသား။ ကိုရိုနာဗိုင်းရပ်စ် အပြင် တခြားဗိုင်းရပ်စ်တွေလည်း ရှိအုံးမယ်။ ဒါပေမယ့် သူတို့ အနေနဲ့က သူတို့ကိုယ် သူတို့ ရောဂါမဖြစ်စေဘူး။ ဒါပေမယ့် တောကောင်တွေ ရောင်းတဲ့ နေရာမှာ လင်းနို့အပြင် တခြား တောကောင်တွေ ရှိမယ်။ ဥပမာ SARS ဆားစ် ကိစ္စမှာ ဆိုရင် လင်းနို့ရယ် ကြောင်ကတိုး ရယ်ကို ထားတယ်။ အဲဒီမှာ လင်းနို့တွေက ဘယ်လို ဖြစ်သလဲ ဆိုတော့ ပုံမှန်အချိန်မှာ ဆိုရင် ဒီရောဂါ တွေကို မပြန့်ပွါးနိုင်ဘူး ဆိုပေမယ့် သူက လှောင်အိမ်ထဲမှာ လှောင်ချိုင့် ထဲမှာ ထားတဲ့အချိန်ကျရင် သူက stress အရမ်းဖြစ်တယ်။ အဲဒီလို stress ဖြစ်တဲ့ အချိန်ကျမှ ဗိုင်းရပ်စ်တွေက တခြားတွေကို ကူးရော၊ ဒီလို ကူးတဲ့အချိန်မှာ ကြောင်ကတိုးနား ထားမိရင် ကြောင်ကတိုးကို ကူးရော။ အဲဒီမှာ အဲဒီ ကြောင်ကတိုးမှာလည်း သူ့ရဲ့ ဇီဝစံနစ် ရှိမယ်။ တိုက်ထုတ်နိုင်တာ ရှိသလို မတိုက်ထုတ်နိုင်တာလည်း ရှိမယ်။ အဲဒီလို ဖျားနေတဲ့ ကြောင်ကတိုးကို ကျနော်တို့က စားမိတဲ့အချိန်မှာ ကျနော်တို့ အဲဒီ SARS ဆားစ် ရောဂါကို စရတာပါ။ ဆိုတော့ သူတို့က ပုံမှန် ကိုရိုနာဗိုင်းရပ်စ်တွေ ရှိနေရာကနေ ဥပမာ လင်းနို့စားရင် ဒီရောဂါ ဖြစ်မလား လို့မေးရင်တော့ ဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဖူး။ ကျနော် အခုနက ပြောသလို သင့်တော်တဲ့ အချိန်၊ သင့်တော်တဲ့ နေရာ၊ သင့်တော်တဲ့ ကြားလူ အကုန်လုံး အချိန်ကိုက်ဖြစ်ဖို့လိုပါတယ်။

မေး ။ ။ ဆိုတော့ ဒီလိုမျိုး ရောဂါ တကမ္ဘာလုံး ကြုံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မကူးစက်အောင် အဓိက ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ။

ဖြေ ။ ။ ကိုဗစ်-၁၉ အနေနဲ့က ရောဂါဆိုတာ စမဖြစ်လာခင်ကနေ ပြောရမယ်ဆိုရင် ဒီရောဂါတွေ မဖြစ်အောင် ကျနော်တို့ လူတိုင်းအနေနဲ့ ဂေဟစနစ်ကို ထိန်းသိမ်းဖို့၊ အစိုးရအနေနဲ့ ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းကူညီဖို့ လိုပါတယ်။ ဒါမှ အခု ကိုရိုနာဗိုင်းရပ်စ်က ဆေးထွက်လာပြီး ပြီသွားတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်၊ အခုနှစ်ဆယ်ကို ပြန်ကြည့်မယ်ဆိုရင် ရောဂါအသစ်အသစ်တွေ ထပ်ထွက်လာတာ ဂေဟစနစ်ပျက်ဆီးမှု၊ တောကောင်စားသုံးမှု ဒီလိုမျိုးစုံကနေ ရောဂါအသစ်အသစ်တွေက ထပ်ထွက်လာတဲ့အတွက် ဂေဟစနစ်ကို အဓိကထိန်းသိမ်းဖို့ လိုပါလိမ့်မယ်။

XS
SM
MD
LG