သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာဘြန္ထုတ္လႊင္႔မႈ ကင္းစင္ေရး ဂ်ပန္အစိုးရ ေဒၚလာ ၁၉ ဘီလီယံေက်ာ္ သံုးမည္ 


ဂ်ပန္၀န္ႀကီးခ်ဳပ္ Yoshihide Suga

(Zawgyi/Unicode)

၂၀၅၀ ခုႏွစ္မွာ ကာဘြန္ဓါတ္ေငြ႔ ကင္းစင္တဲ့အေျခအေနေရာက္ႏုိင္ေရးအတြက္ ေဒၚလာ ၁၉ ဘီလီယံေက်ာ္ ရင္းႏွီးျမဳပ္ႏွံသြားမယ္လုိ႔ ဂ်ပန္၀န္ႀကီးခ်ဳပ္ Yoshihide Suga က ေျပာၾကားလုိက္ပါတယ္။

ဂ်ပန္ႏုိင္ငံရဲ႕ ထုံးတန္းအစဥ္အလာအရ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းရဲ႕ စည္းေ၀းပြဲမၿပီးဆုံးခင္ တရက္အလုိ ေသာၾကာေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ၀န္ႀကီးခ်ဳပ္ Suga က အဲဒီလုိ ေျပာၾကားလုိက္တာပါ။ သူ႔ရဲ႕ အဆုိျပဳခ်က္ဟာ သဘာ၀ပတ္၀န္းက်င္ အေရးကိစၥနဲ႔ပတ္သက္လုိ႔ ဂ်ပန္ႏုိင္ငံအေနနဲ႔ အေရွ႕ကုိ ႀကီးမားတဲ့ေျခလွမ္းတရပ္ တုိးလုိက္တာျဖစ္ေၾကာင္း သတင္းေထာက္ေတြကုိ ၀န္ႀကီးခ်ဳပ္ Suga က ေျပာပါတယ္။

Wireless လက္ကုိင္ဖုန္း Data ဆက္သြယ္ေရးနဲ႔ဆုိင္တဲ့ သုေတသနေတြ လုပ္ေဆာင္ေရးအတြက္ အပါအ၀င္ Digital နည္းပညာနဲ႔ဆုိင္တဲ့က႑မွာလည္း ေဒၚလာ ၁၀ ဘီလီယံနီးပါး ရင္းႏွီးျမဳပ္ႏွံသြားဖုိ႔ စီစဥ္ထားေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ကုိဗစ္-၁၉ ကပ္ေရာဂါနဲ႔ပတ္သက္လုိ႔ ေျပာၾကားရာမွာေတာ့ - ကုိရုိနာဗုိင္းရပ္ဒဏ္ခံခဲ့ရသူ လူပုဂၢဳိလ္ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ ျပန္နာလန္ ထူလာေရးအတြက္ ေရွ႕သီတင္းပတ္အတြင္း စီးပြားေရးဆုိင္ရာ အေထာက္အကူျပဳေစမယ့္ အစီအစဥ္တရပ္ကုိ အဆုိျပဳသြားမယ္လုိ႔ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ကုိဗစ္ ကာကြယ္ေဆးနဲ႔ပတ္သက္လုိ႔ ႏုိင္ငံတြင္းမွာေရာ၊ ျပည္ပႏုိင္ငံေတြမွာေရာ လုပ္ေဆာင္ေနၾကတာေတြရွိေၾကာင္း၊ အဲဒီ ကာကြယ္ေဆး ေဘးကင္းလုံၿခံဳမႈနဲ႔ အစြမ္းထက္မႈအေပၚ မူတည္ၿပီး လုိအပ္ေနသူေတြ အခ်ိန္မွီရႏုိင္ေရးအတြက္ သူ႔အစုိးရအေနနဲ႔ ႀကိဳးစား လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္ Suga က သတင္းစာရွင္းလင္းပြဲအတြင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကာဘွန်ထုတ်လွှင့်မှု ကင်းစင်ရေး ဂျပန်အစိုးရ ဒေါ်လာ ၁၉ ဘီလီယံကျော် သုံးမည်

(Unicode)

၂၀၅၀ ခုနှစ်မှာ ကာဘွန်ဓါတ်ငွေ့ ကင်းစင်တဲ့အခြေအနေရောက်နိုင်ရေးအတွက် ဒေါ်လာ ၁၉ ဘီလီယံကျော် ရင်းနှီးမြုပ်နှံသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ထုံးတန်းအစဉ်အလာအရ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ စည်းဝေးပွဲမပြီးဆုံးခင် တရက်အလို သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် Suga က အဲဒီလို ပြောကြားလိုက်တာပါ။ သူ့ရဲ့ အဆိုပြုချက်ဟာ သဘာဝပတ်ဝန်းကျင် အရေးကိစ္စနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံအနေနဲ့ အရှေ့ကို ကြီးမားတဲ့ခြေလှမ်းတရပ် တိုးလိုက်တာဖြစ်ကြောင်း သတင်းထောက်တွေကို ဝန်ကြီးချုပ် Suga က ပြောပါတယ်။

Wireless လက်ကိုင်ဖုန်း Data ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ သုတေသနတွေ လုပ်ဆောင်ရေးအတွက် အပါအဝင် Digital နည်းပညာနဲ့ဆိုင်တဲ့ကဏ္ဍမှာလည်း ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရင်းနှီးမြုပ်နှံသွားဖို့ စီစဉ်ထားကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်လို့ ပြောကြားရာမှာတော့ - ကိုရိုနာဗိုင်းရပ်ဒဏ်ခံခဲ့ရသူ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်နာလန် ထူလာရေးအတွက် ရှေ့သီတင်းပတ်အတွင်း စီးပွားရေးဆိုင်ရာ အထောက်အကူပြုစေမယ့် အစီအစဉ်တရပ်ကို အဆိုပြုသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုဗစ် ကာကွယ်ဆေးနဲ့ပတ်သက်လို့ နိုင်ငံတွင်းမှာရော၊ ပြည်ပနိုင်ငံတွေမှာရော လုပ်ဆောင်နေကြတာတွေရှိကြောင်း၊ အဲဒီ ကာကွယ်ဆေး ဘေးကင်းလုံခြုံမှုနဲ့ အစွမ်းထက်မှုအပေါ် မူတည်ပြီး လိုအပ်နေသူတွေ အချိန်မှီရနိုင်ရေးအတွက် သူ့အစိုးရအနေနဲ့ ကြိုးစား လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် Suga က သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG