သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးအာဟာရနဲ႔ ညစ္ညမ္း၀န္းက်င္


စစ္ေဘးဒဏ္ေၾကာင့္ တိမ္းေရွာင္ေနထုိင္ေနရသည့္ ဆီးရီးယားမိသားစုတခုက ကေလးငယ္အခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ရာသီဥတု ေျပာင္းလဲေဖာက္ျပန္မႈအျပင္ ေၾကာ္ျငာအားေကာင္းတဲ့ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအေသာက္ေတြေၾကာင့္ အနာဂတ္ ကေလးငယ္ေတြရဲ႕ က်န္းမာေရးအေပၚ အႏၱရာယ္ရွိေနတယ္လို႔ ကမာၻတဝန္းက ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္ က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက သတိေပးလိုက္ၾကပါတယ္။ ကမၻာတ၀ွမ္း လက္ရွိေသဆုံးေနရတဲ့ ကေလးအေရအတြက္ ၃ ပုံ ၁ ပုံေက်ာ္ဟာ သဘာ၀ပတ္၀န္းက်င္နဲ႔ ဆက္စပ္ေနတယ္လို႔ ကမၻာ့က်န္းမာေရးအဖဲ႔ြအစည္း (WHO) က လတ္တေလာ ထုတ္ျပန္လိုက္တဲ့ အစိီရင္ခံစာမွာ ဆိုထားပါတယ္။ အျပည့္အစုံကို နန္းေလာင္၀္က တင္ျပထားပါတယ္။

ကေလးေတြ ရွင္သန္ဖြံ႔ၿဖိဳးေရးနဲ႔ က်န္းမာႀကံ့ခိုင္ေရးကို ထိခိုက္ေစတဲ့ သဘာ၀ပတ္၀န္းက်င္မ်ိဳး မျဖစ္ေအာင္ ဖန္တီးထားတဲ့ႏုိင္ငံ တႏုိင္ငံမွ မရွိေသးဘူးလို႔ ကမၻာ့က်န္းမာေရးအဖြဲ႔အစည္း (WHO) ရဲ႕ ေဖေဖာ္၀ါရီလ ၁၈ ရက္ေန႔ထုတ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ WHO, UNICEF အဖဲြ႔နဲ႔ Lancet ေဆးသိပၸံဂ်ာနယ္တို႔ရဲ႕ တာဝန္ေပးခ်က္နဲ႔ သီးျခားလြတ္လပ္တဲ့ သိပၸံပညာရွင္ ၄၀ တို႔က ႏုိင္ငံ ၁၈၀ ေက်ာ္မွာ စစ္တမ္းေကာက္ယူ ေလ့လာခဲ့တာပါ။ အဲဒီအစီရင္ခံစာမွာေတာ့ ကေလးေတြရဲ႕ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ အာဟာရဓာတ္ ရရွိမႈနဲ႔ အၾကမ္းဖက္မႈေတြကေန အကာအကြယ္ေပးထားတဲ့ ကိစၥရပ္ေတြကိုပါ သီးျခား ေဖာ္ျပထားတာပါ။

အစီရင္ခံစာ ဦးေဆာင္ေရးသားခဲ့တဲ့ လန္ဒန္ UCL ေကာလိပ္ ပါေမာကၡ Anthony Costello ကေတာ့ ခုလိုေျပာပါတယ္။

“ကမၻာတ၀ွမ္း ေသဆုံးေနၾကတဲ့ ကေလး ၃ ပုံ ၁ ပုံေက်ာ္ဟာ သဘာ၀ပတ္၀န္းက်င္ရဲ႕ သက္ေရာက္မႈေၾကာင့္ျဖစ္တယ္လိ႔ု WHO အဖြဲ႔က ယူဆပါတယ္။ ကေလး ၁၀ ေယာက္မွာ ၉ ေယာက္ေလာက္က ညစ္ညမ္းတဲ့ေလထုကုိ ႐ွဴ႐ိႈက္ေနရတယ္၊ မသန္႔တဲ့ေရေတြ ေသာက္ေနရပါတယ္။ မသန္႔တဲ့ေရဟာ အာဟာရအတြက္လည္း မေကာင္းသလို ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔မႈလည္း ျဖစ္ေစပါတယ္။ အဲဒီလို ရာသီဥတု ေျပာင္းလဲၿပီး အပူလႈိင္းေတြ ျဖတ္တဲ့အတြက္ ကူူးစက္ေရာဂါေတြ ျဖစ္လာေနတာပါ။ ေသြးလြန္တုပ္ေကြးေတြ ျဖစ္လာမယ္။ မိုးေခါင္ေရရွားၿပီး ရာသီဥတုပုံစံ ေျပာင္းရင္ ျဖစ္တတ္တဲ့ ဇီကာဗုိင္းရပ္စ္ပိုးေတြ ေပါက္လာမယ္။ ဒီျပႆနာက အေတာ့္ကိုႀကီးပါတယ္။”

ကမာၻ႔ရာသီဥတု ေျပာင္းလဲေဖာက္ျပန္မႈအျပင္ ေၾကာ္ျငာအားေကာင္းတဲ့ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအေသာက္ေတြေၾကာင့္လည္း အနာဂတ္ ကေလးငယ္ေတြရဲ႕ က်န္းမာေရးအေပၚ မလိုလားအပ္တဲ့ သက္ေရာက္မႈေတြ ရွိေနတယ္လို႔ ကမာၻတဝန္းက ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္ က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက သတိေပးလိုက္ၾကပါတယ္။

“ေနရာတကာမွာ ေၾကာ္ျငာအားေကာင္းေကာင္းနဲ႔ ေရာင္းေနၾကတဲ့ အစားအေသာက္ေတြကို ကေလးေတြ ေတြ႔ေနရတာပါ။ အ၀လြန္တဲ့ကေလးေတြ တိုးလာေနတာကိုလည္း ေတြ႔ေနရပါတယ္။ အြန္လိုင္းဂိမ္းေတြ ကစားတဲ့ ကေလးေတြလည္း အေတာ့္ကို မ်ားလာပါတယ္။ ကုမၸဏီ္ေတြကလည္း ကေလးေတြကို ဦးတည္ၿပီး ေၾကာ္ျငာေရာင္းခ်ေနတာပါ။ အသက္ ၇ ႏွစ္ေအာက္ ကေလးေတြကေတာ့ ေၾကာ္ျငာေတြကိုၾကည့္ၿပီး အေကာင္းအဆိုး မခြဲျခားတတ္ဘူးေလ။ ဒါကလည္း သိပ္အေရးႀကီးတဲ့ ျပႆနာလို႔ ထင္ပါတယ္။”

ျမန္မာႏုိင္ငံလို ဆင္းရဲၿပီး ပူျပင္းေျခာက္ေသြ႔တဲ့ ႏုိင္ငံေတြအေနနဲ႔ ဥတုရာသီ ေျပာင္းလဲမႈရဲ႕ဒဏ္ကို သိသိသာသာ ရင္ဆုိင္ေနရတဲ့အျပင္ အိမ္နီးခ်င္း တ႐ုတ္နဲ႔ ထုိင္းႏုိင္ငံက အသင့္စား အစားအေသာက္ေတြကို ေနရာတကာ ေတြ႔ျမင္ေနရတာပါ။ ဆယ္ေက်ာ္သက္အရြယ္ သား ၂ ေယာက္ရွိတဲ့ ရန္ကုန္ၿမိဳ႕ခံ အိမ္ရွင္မတဦးျဖစ္တဲ့ မသႏၱာကေတာ့ ကေလးအာဟာရနဲ႔ ပတ္သက္လို႔ သူကိုု္ယ္တုိင္လည္း ေလ့လာခဲ့သလို ကေလးေတြကိုလည္း နားလည္ေအာင္ ငယ္ငယ္ကတည္းက သေဘာေပါက္ေအာင္ ေျပာျပထားတယ္လို႔ ေျပာပါတယ္။

“အာဟာရနဲ႔ ပတ္သက္ၿပီးေတာ့ အမတို႔ အခုေနာက္ပုိင္းဆိုရင္လည္း ပိုၿပီး ဗဟုသုတရတာ လြယ္ပါတယ္။ အင္တာနက္ေတြလည္း သုံးလာတဲ့အခါက်ေတာ့ အင္ေဖာ္ေမးရွင္း (သတင္းအခ်က္အလက္) ေတြရတာ လြယ္တယ္ေလ။ မ်ားေသာအားျဖင့္ တ႐ုတ္ကလာတဲ့ အစားအေသာက္ေတြ၊ ဥပမာ ၾကက္အူေခ်ာင္းေတြ၊ ေနာက္ ဂ်ယ္လီေတြ ဒါမ်ိဳးဆိုရင္ အမတို႔က သူတို႔ကို ေပးမစားဘူး။ ေနာက္ၿပီး အျပင္စာေပါ့ေနာ္ မုန္႔ဖိုးလည္း သိပ္ေပးတာမ်ိဳး မရွိဘူး။ သူတို႔လိုအပ္တာေလး ၀ယ္႐ုံေလာက္ပဲ ေပးတယ္။ အစားအေသာက္ဆိုရင္ေတာ့ ေက်ာင္းပိတ္ရက္ေတြဆိုရင္ citymart သြားၿပီး သူတို႔စားခ်င္တဲ့မုန္႔ကို ကိုယ္တုိင္ၾကည့္ၿပီး ၀ယ္ေပးပါတယ္။ က်န္းမာေရးနဲ႔ ညီညြတ္မႈရွိတဲ့ မုန္႔ေလာက္ပဲ သူတို႔စားတယ္။ ေနာက္ၿပီး အမ အိမ္မွာပဲ သန္႔သန္႔ရွင္းရွင္း ခ်က္ျပဳတ္ေကၽြးတာေလာက္ပဲ စားျဖစ္ပါတယ္။”

အစီရင္ခံစာမွာေတာ့ ၂၀၃၀ အေရာက္မွာ ကမၻာ့ႀကီး ပူေႏြးလာေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႔ ေလွ်ာ့ခ်ေရး ၂၀၁၅ ပါရီသေဘာတူညီမႈအတုိင္း လိုက္နာသလား ဆိုတာကို တႏုိင္ငံခ်င္း ေလ့လာထားတာပါ။ လူသားေတြရဲ႕ လုပ္ရပ္ေၾကာင့္ ဥတုရာသီ ေျပာင္းလဲမႈေတြ ျဖစ္လာတဲ့ကိစၥက တကမၻာလုံးနဲ႔ သက္ဆုိင္တဲ့ ကိစၥလည္း ျဖစ္တယ္လို႔ WHO က ေျပာပါတယ္။ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြကေန ထုတ္လႊတ္လိုက္တဲ့ ဖန္လုံအိမ္ဓာတ္ေငြ႔ဟာ ခ်မ္းသာတဲ့ ႏုိင္ငံေတြထက္ နည္းေပမယ့္လည္း ဥတုရာသီ ေျပာင္းလဲမႈရဲ႕ဒဏ္ကို ပိုၿပီး ရင္ဆုိင္ေနရတယ္လို႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႔ (IMF) ရဲ႕ ၂၀၁၇ ခုႏွစ္ ကမၻာ့စီးပြားေရးသုံးသပ္ခ်က္ အစိီရင္ခံစာမွာ ေဖာ္ျပထားတာပါ။ ေဒါက္တာ Costello ကပဲ ခုလိုဆက္ေျပာပါတယ္။

“၂၀၃၀ ခုႏွစ္အေရာက္မွာ တႏုိင္ငံခ်င္းအလိုက္ ကာဗြန္ဒိုင္ေအာက္ဆုိက္ဒ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ဘယ္ေလာက္ရွိမလဲ ဆိုတာကို ျပဳစုထားပါတယ္။ ၂၀၃၀ ေရာက္ဖို႔က ၁၀ ႏွစ္ပဲ လိုေတာ့တာပါ။ ကေလးေတြရဲ႕ အနာဂတ္ကို ထိခိုက္ေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႔ နည္းနည္းေလးသာ ထုတ္ေနတဲ့ႏုိင္ငံေတြကေတာ့ ဆင္းရဲတဲ့ႏုိင္ငံေတြပါ။ ဓာတ္ေငြ႔အမ်ားဆုံး ထုတ္ေနတဲ့ ထိပ္က ႏုိင္ငံ ၂၀ ထဲမွာ အေမရိကန္၊ ကေနဒါ၊ ၾသစေၾတးလ်နဲ႔ ၿဗိတိန္လို ခ်မ္းသာတ့ဲႏုိင္ငံေတြ ပါ၀င္ပါတယ္။”

မိုးေခါင္ေရရွားတာ၊ ေရႀကီးေရလွ်ံတာ၊ အပူလႈိင္းျဖတ္တာနဲ႔ ေလထုညစ္ညမ္းတာလို ျပင္းထန္တဲ့ ရာသီဥတု အေျခအေနနဲ႔ ငွက္ဖ်ားေရာဂါ၊ တုပ္ေကြးေရာဂါလို ကူးစက္ျမန္တဲ့ ေရာဂါေတြကို ကမာၻတဝန္း ခံစားေနၾကရတယ္လို႔လည္း ပါေမာကၡ Anthony Costello က ေျပာပါတယ္။ ခ်မ္းသာႂကြယ္၀တဲ့ တုိင္းျပည္ေတြက ကေလးေတြမွာေတာင္ ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ ဆိုးရြားတဲ့ က်န္းမာေရးျပႆနာနဲ႔ ရင္ဆုိင္ေနရၿပီလို႔ The Lancet ေဆးပညာေကာ္မရွင္က ဆိုထားပါတယ္။ ဆင္းရဲတဲ့ႏုိင္ငံေတြမွာ ကေလးငယ္ေတြရဲ႕ က်န္းမာေရးကို အာ႐ံုစိုက္ႏိုင္ဖို႔ အေဝးႀကီးလိုေသးတယ္လို႔ ပညာရွင္ေတြက ေထာက္ျပၾကပါတယ္။

ကေလးငယ္ေတြ ဆယ္ေက်ာ္သက္ေတြကို အဓိကရည္ရြယ္ၿပီး သၾကားမ်ားတဲ့ အခ်ဳိရည္ေတြ၊ အသင့္စားႏုိင္တဲ့ အစားအေသာက္ေတြ၊ ေဆးလိပ္ေတြ၊ အရက္ေတြ၊ ဂိမ္းေတြ၊ ေလာင္းကစားေတြကို ေၾကာ္ျငာေနၾကတာေၾကာင့္ ကေလးေတြရဲ႕ ဖြံ႔ၿဖိဳးမႈနဲ႔ က်န္းမာေရးကို ၿခိမ္းေျခာက္ေနတယ္လို႔ အစီရင္ခံစာထဲမွာ မီးေမာင္းထုိးျပထားတာ ျဖစ္ပါတယ္။

--------------------------------

(Unicode)

ကလေးအာဟာရနဲ့ ညစ်ညမ်းဝန်းကျင်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုအပြင် ကြော်ငြာအားကောင်းတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကြောင့် အနာဂတ် ကလေးငယ်တွေရဲ့ ကျန်းမာရေးအပေါ် အန္တရာယ်ရှိနေတယ်လို့ ကမ္ဘာတဝန်းက ကလေးငယ်နဲ့ ဆယ်ကျော်သက် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။ ကမ္ဘာတဝှမ်း လက်ရှိသေဆုံးနေရတဲ့ ကလေးအရေအတွက် ၃ ပုံ ၁ ပုံကျော်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖဲ့ွအစည်း (WHO) က လတ်တလော ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကလေးတွေ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ ကျန်းမာကြံ့ခိုင်ရေးကို ထိခိုက်စေတဲ့ သဘာဝပတ်ဝန်းကျင်မျိုး မဖြစ်အောင် ဖန်တီးထားတဲ့နိုင်ငံ တနိုင်ငံမှ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ WHO, UNICEF အဖွဲ့နဲ့ Lancet ဆေးသိပ္ပံဂျာနယ်တို့ရဲ့ တာဝန်ပေးချက်နဲ့ သီးခြားလွတ်လပ်တဲ့ သိပ္ပံပညာရှင် ၄၀ တို့က နိုင်ငံ ၁၈၀ ကျော်မှာ စစ်တမ်းကောက်ယူ လေ့လာခဲ့တာပါ။ အဲဒီအစီရင်ခံစာမှာတော့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရဓာတ် ရရှိမှုနဲ့ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးထားတဲ့ ကိစ္စရပ်တွေကိုပါ သီးခြား ဖော်ပြထားတာပါ။

အစီရင်ခံစာ ဦးဆောင်ရေးသားခဲ့တဲ့ လန်ဒန် UCL ကောလိပ် ပါမောက္ခ Anthony Costello ကတော့ ခုလိုပြောပါတယ်။

“ကမ္ဘာတဝှမ်း သေဆုံးနေကြတဲ့ ကလေး ၃ ပုံ ၁ ပုံကျော်ဟာ သဘာဝပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်ဖြစ်တယ်လိ့ု WHO အဖွဲ့က ယူဆပါတယ်။ ကလေး ၁၀ ယောက်မှာ ၉ ယောက်လောက်က ညစ်ညမ်းတဲ့လေထုကို ရှူရှိုက်နေရတယ်၊ မသန့်တဲ့ရေတွေ သောက်နေရပါတယ်။ မသန့်တဲ့ရေဟာ အာဟာရအတွက်လည်း မကောင်းသလို ရောဂါပိုး ကူးစက်ပျံ့နှံ့မှုလည်း ဖြစ်စေပါတယ်။ အဲဒီလို ရာသီဥတု ပြောင်းလဲပြီး အပူလှိုင်းတွေ ဖြတ်တဲ့အတွက် ကူူးစက်ရောဂါတွေ ဖြစ်လာနေတာပါ။ သွေးလွန်တုပ်ကွေးတွေ ဖြစ်လာမယ်။ မိုးခေါင်ရေရှားပြီး ရာသီဥတုပုံစံ ပြောင်းရင် ဖြစ်တတ်တဲ့ ဇီကာဗိုင်းရပ်စ်ပိုးတွေ ပေါက်လာမယ်။ ဒီပြဿနာက အတော့်ကိုကြီးပါတယ်။”

ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုအပြင် ကြော်ငြာအားကောင်းတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကြောင့်လည်း အနာဂတ် ကလေးငယ်တွေရဲ့ ကျန်းမာရေးအပေါ် မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့ ကမ္ဘာတဝန်းက ကလေးငယ်နဲ့ ဆယ်ကျော်သက် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။

“နေရာတကာမှာ ကြော်ငြာအားကောင်းကောင်းနဲ့ ရောင်းနေကြတဲ့ အစားအသောက်တွေကို ကလေးတွေ တွေ့နေရတာပါ။ အဝလွန်တဲ့ကလေးတွေ တိုးလာနေတာကိုလည်း တွေ့နေရပါတယ်။ အွန်လိုင်းဂိမ်းတွေ ကစားတဲ့ ကလေးတွေလည်း အတော့်ကို များလာပါတယ်။ ကုမ္ပဏီ်တွေကလည်း ကလေးတွေကို ဦးတည်ပြီး ကြော်ငြာရောင်းချနေတာပါ။ အသက် ၇ နှစ်အောက် ကလေးတွေကတော့ ကြော်ငြာတွေကိုကြည့်ပြီး အကောင်းအဆိုး မခွဲခြားတတ်ဘူးလေ။ ဒါကလည်း သိပ်အရေးကြီးတဲ့ ပြဿနာလို့ ထင်ပါတယ်။”

မြန်မာနိုင်ငံလို ဆင်းရဲပြီး ပူပြင်းခြောက်သွေ့တဲ့ နိုင်ငံတွေအနေနဲ့ ဥတုရာသီ ပြောင်းလဲမှုရဲ့ဒဏ်ကို သိသိသာသာ ရင်ဆိုင်နေရတဲ့အပြင် အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံက အသင့်စား အစားအသောက်တွေကို နေရာတကာ တွေ့မြင်နေရတာပါ။ ဆယ်ကျော်သက်အရွယ် သား ၂ ယောက်ရှိတဲ့ ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးဖြစ်တဲ့ မသန္တာကတော့ ကလေးအာဟာရနဲ့ ပတ်သက်လို့ သူကိုယ်တိုင်လည်း လေ့လာခဲ့သလို ကလေးတွေကိုလည်း နားလည်အောင် ငယ်ငယ်ကတည်းက သဘောပေါက်အောင် ပြောပြထားတယ်လို့ ပြောပါတယ်။

“အာဟာရနဲ့ ပတ်သက်ပြီးတော့ အမတို့ အခုနောက်ပိုင်းဆိုရင်လည်း ပိုပြီး ဗဟုသုတရတာ လွယ်ပါတယ်။ အင်တာနက်တွေလည်း သုံးလာတဲ့အခါကျတော့ အင်ဖော်မေးရှင်း (သတင်းအချက်အလက်) တွေရတာ လွယ်တယ်လေ။ များသောအားဖြင့် တရုတ်ကလာတဲ့ အစားအသောက်တွေ၊ ဥပမာ ကြက်အူချောင်းတွေ၊ နောက် ဂျယ်လီတွေ ဒါမျိုးဆိုရင် အမတို့က သူတို့ကို ပေးမစားဘူး။ နောက်ပြီး အပြင်စာပေါ့နော် မုန့်ဖိုးလည်း သိပ်ပေးတာမျိုး မရှိဘူး။ သူတို့လိုအပ်တာလေး ဝယ်ရုံလောက်ပဲ ပေးတယ်။ အစားအသောက်ဆိုရင်တော့ ကျောင်းပိတ်ရက်တွေဆိုရင် citymart သွားပြီး သူတို့စားချင်တဲ့မုန့်ကိုကိုယ်တိုင်ကြည့်ပြီး ဝယ်ပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ မုန့်လောက်ပဲ သူတို့စားတယ်။ နောက်ပြီး အမ အိမ်မှာပဲ သန့်သန့်ရှင်းရှင်း ချက်ပြုတ်ကျွေးတာလောက်ပဲ စားဖြစ်ပါတယ်။”

အစီရင်ခံစာမှာတော့ ၂၀၃၀ အရောက်မှာ ကမ္ဘာ့ကြီး ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး ၂၀၁၅ ပါရီသဘောတူညီမှုအတိုင်း လိုက်နာသလား ဆိုတာကို တနိုင်ငံချင်း လေ့လာထားတာပါ။ လူသားတွေရဲ့ လုပ်ရပ်ကြောင့် ဥတုရာသီ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ကိစ္စက တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလည်း ဖြစ်တယ်လို့ WHO က ပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ချမ်းသာတဲ့ နိုင်ငံတွေထက် နည်းပေမယ့်လည်း ဥတုရာသီ ပြောင်းလဲမှုရဲ့ဒဏ်ကို ပိုပြီး ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့စီးပွားရေးသုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ဒေါက်တာ Costello ကပဲ ခုလိုဆက်ပြောပါတယ်။

“၂၀၃၀ ခုနှစ်အရောက်မှာ တနိုင်ငံချင်းအလိုက် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဘယ်လောက်ရှိမလဲ ဆိုတာကို ပြုစုထားပါတယ်။ ၂၀၃၀ ရောက်ဖို့က ၁၀ နှစ်ပဲ လိုတော့တာပါ။ ကလေးတွေရဲ့ အနာဂတ်ကို ထိခိုက်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ နည်းနည်းလေးသာ ထုတ်နေတဲ့နိုင်ငံတွေကတော့ ဆင်းရဲတဲ့နိုင်ငံတွေပါ။ ဓာတ်ငွေ့အများဆုံး ထုတ်နေတဲ့ ထိပ်က နိုင်ငံ ၂၀ ထဲမှာ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်လို ချမ်းသာတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။”

မိုးခေါင်ရေရှားတာ၊ ရေကြီးရေလျှံတာ၊ အပူလှိုင်းဖြတ်တာနဲ့ လေထုညစ်ညမ်းတာလို ပြင်းထန်တဲ့ ရာသီဥတု အခြေအနေနဲ့ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါလို ကူးစက်မြန်တဲ့ ရောဂါတွေကို ကမ္ဘာတဝန်း ခံစားနေကြရတယ်လို့လည်း ပါမောက္ခ Anthony Costello က ပြောပါတယ်။ ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တွေက ကလေးတွေမှာတောင် ဥတုရာသီ ပြောင်းလဲမှုကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရပြီလို့ The Lancet ဆေးပညာကော်မရှင်က ဆိုထားပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အာရုံစိုက်နိုင်ဖို့ အဝေးကြီးလိုသေးတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

ကလေးငယ်တွေ ဆယ်ကျော်သက်တွေကို အဓိကရည်ရွယ်ပြီး သကြားများတဲ့ အချိုရည်တွေ၊ အသင့်စားနိုင်တဲ့ အစားအသောက်တွေ၊ ဆေးလိပ်တွေ၊ အရက်တွေ၊ ဂိမ်းတွေ၊ လောင်းကစားတွေကို ကြော်ငြာနေကြတာကြောင့် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ အစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။

ကေလးအာဟာရနဲ႔ ညစ္ညမ္း၀န္းက်င္
please wait

No media source currently available

0:00 0:05:28 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG