သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းတျပည္လုံး အေျခခံေက်ာင္းဆရာ ၄၀၀၀ လိုအပ္


(Zawgyi/Unicode)

ခ်င္းျပည္နယ္အတြက္ အေျခခံေက်ာင္းဆရာ၊ ဆရာမ စုစုေပါင္း ၄၀၀၀ ေလာက္ လိုအပ္ခ်က္ ရွိေနပါတယ္။ လက္ရွိမွာ ျပည္နယ္အစိုးရက ဒါကိုျဖည့္ဆည္းႏိုင္ဖုိ႔ ေန႔စားလေပး ေက်ာင္းဆရာနဲ႔ လုပ္အားေပးေက်ာင္းဆရာေတြ ေခၚယူျဖည့္တင္းေနရေၾကာင္း ခ်င္းျပည္နယ္ အစိုးရနဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကေျပာလိုက္ပါတယ္။ အေၾကာင္းစံုကို ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ထားပါတယ္။

ေက်ာင္းဆရာ၊ ဆရာမ လိုအပ္ခ်က္ရွိေနတဲ႔ ခ်င္းျပည္နယ္က ေက်ာင္းေတြအတြက္ ေန႔စားလေပး ေက်ာင္းဆရာေတြ ခန္႔ဖို႔ေဆာင္ရြက္သလို၊ လတ္တေလာ လိုအပ္ခ်က္ ၾကီးၾကီးမားမားရွိေနတဲ႔ မတူပီျမိဳ႕နယ္နဲ႔ ပလက္ဝျမိဳ႕နယ္မွာ ေဒသခံ လုပ္အားေပးဆရာေတြနဲ႔ျဖည့္ဆည္းဖို႔ ခ်င္းျပည္နယ္ အစိုးရက ၾကိဳးစားေနပါတယ္။

လက္ရွိမွာ မတူပီျမိဳ႕နယ္က ေက်ာင္းေတြမွာ လုပ္အားေပးဆရာ ၁၈၀၀ ေလာက္ အရည္အခ်င္းစစ္ အလုပ္ဝင္ စာေမးပြဲကို ေျဖဆိုထားျပီး၊ ဒီအပတ္ထဲ အေျဖလႊာေတြကို စစ္ေဆးျပီး ခန္႔အပ္သြားမယ္လို႔ ခ်င္းျပည္နယ္ လူမႈေရးဝန္ၾကီး ဦးေပါင္လြန္မင္းထန္ က ဗြီအိုေအကို ေျပာပါတယ္။

“ အဆိုးဆံုးကေတာ႔ ပလက္ဝနဲ႔ မတူပီ။ ျပည္ေထာင္စုဝန္ၾကီးကေတာ႔ ျဖစ္ႏုိင္ရင္ ဘြဲ႔ရကို ထားေပးေစခ်င္တယ္။ တကယ္အရည္အခ်င္းရွိတယ္၊ ေက်ာင္းဆရာလုပ္ငန္းကို စိတ္ဝင္စားတယ္ဆိုရင္ ဆက္သံုးလို႔ရရင္လည္း သံုးႏုိင္ေအာင္ေပါ႔။ အခုေလာေလာဆယ္ ေျဖတာကေတာ႔ ယာယီေပါ႔၊ ခဏပဲသံုးမယ့္ အရာေတြပဲ၊ ျပႆနာျဖစ္တဲ႔ ေနရာေတြမွာ ေျဖရွင္းႏုိင္ေအာင္လုပ္တဲ႔ နည္းလမ္း တလမ္းေပါ႔။ ဘြဲ႔ရ ေန႔စားလေပးလို ဟာမ်ိဳးေပါ႔ က်ေနာ္တို႔ ခန္႔ဖို႔လည္း အစီအစဥ္ေတာ႔ရွိတယ္၊ ျပည္ေထာင္စုကေန။ အခုအထိမခန္႔ႏို္င္ေသးဘူး။”

ခ်င္းျပည္နယ္ရဲ႕ သြားလာရခက္ခဲတဲ႔ ေဒသေတြမွာ အျခားေနရာက ဆရာေတြခန္႔ဖို႔ အခက္အခဲရွိပါတယ္။ ဒါေၾကာင့္ ခ်င္းျပည္နယ္အစိုးရက ဆရာလိုအပ္ခ်က္ရွိတဲ႔ ျမိဳ႕နယ္၊ ဒါမွမဟုတ္ ေက်းရြာမွာ ေနထိုင္တဲ႔ ဘြဲ႔ရလူငယ္ေတြကို ဦးစားေပးခန္႔ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။

ျပည္ေထာင္စုဝန္ၾကီးဌာနက လက္တေလာမွာ မတူပီေဒသအတြက္ပဲ ဆရာေတြ အေရးေပၚခန္႔ထားဖို႔ တရားဝင္ ညႊန္ၾကားခ်က္ေပးပို႔ထားေပမဲ႔ တျခားျမိဳ႕နယ္ေတြမွာလည္း ဆရာလိုအပ္ခ်က္က မ်ားေနေၾကာင္း မတူပီျမိဳ႕နယ္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းေအာင္လ်ဲန္းက ဗြီအိုေအကို ေျပာပါတယ္။

“ ျပည္ေထာင္စုကလည္း က်ေနာ္တို႔ မတူပီျမိဳ႕နယ္ အတြက္ပဲ ခန္႔ဖို႔ဆိုျပီးေတာ႔ တရားဝင္ညႊန္ၾကားစာ လာတာ။ အမွန္ေတာ႔ က်ေနာ္တို႔ ဒီမတူပီကေက်ာင္းေတြ လစ္လပ္ေတာ႔ တခ်ိဳ႕ေက်ာင္းေတြက ပိတ္ရမယ့္ အေနအထား ျဖစ္ေနေတာ႔ အေရးေပၚ ကုစားတဲ႔စနစ္ပံုစံနဲ႔ လုပ္လိုက္တာ။ ခ်င္းျပည္နယ္ တျပည္နယ္လံုးမွာ ၄၀၀၀ ေလာက္ လစ္လပ္ေနတယ္ ေက်ာင္းဆရာ၊ ဆရာမကို။”

ရခိုင္ျပည္နယ္နဲ႔ ဆက္စပ္ေနတဲ႔ ပလက္ဝျမိဳ႕နယ္မွာ ေက်ာင္းဆရာလိုအပ္ခ်က္ အမ်ားဆံုးျဖစ္ျပီး ၁၀၀၀ ေက်ာ္ေလာက္ ခန္႔ထားဖို႔ လိုအပ္ေနပါတယ္။ ေက်ာင္းေတြရွိေပမဲ႔ ဆရာလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ေမ်ွာ္လင့္ေၾကာင္း ခ်င္းျပည္နယ္၊ ပလက္ဝျမိဳ႕နယ္က ေက်ာင္းသားမ္ိဘ ဦးေက်ာ္ေအာင္က အခုလိုေျပာပါတယ္။

“ ျဖစ္ေစခ်င္တဲ႔ ဆႏၵကေတာ႔ အဓိကေတာ႔ အစိုးရအေနနဲ႔ေတာ႔ ေက်ာင္းေတာ႔ရွိပါရဲ႕ အဲဒီမွာသင္ၾကားမယ္႔ လုံေလာက္တဲ႔ ေက်ာင္းဆရာ၊ ဆရာမေတြ မရွိတာကေတာ႔ ေတာ္ေတာ္ေလး အခက္အခဲၾကီးလိုျဖစ္ေနတယ္။ ဒါကို တာဝန္ရွိ ပုဂၢိဳလ္ေတြက အျမန္ဆံုးနဲ႔ ဒီေဒသကို၊ ကေလးေတြရဲ႕ အနာဂတ္ကို ၾကည့္ျပီးေတာ႔ လုပ္ေပးရင္ေတာ႔ က်ေနာ္တို႔ ေဒသအတြက္ေသာ္လည္းေကာင္း၊ မိဘျပည္သူတေယာက္အေနနဲ႔ ေသာ္လည္းေကာင္း အေတာ္ေလး ဝမ္းလည္းဝမ္းသာတယ္။”

အစိုးရက ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္က ဆရာလိုအပ္ခ်က္ရွိတဲ႔ ေက်ာင္းေတြမွာ ေန႔စား၊ လေပး ဆရာေတြခန္႔ထားဖို႔ ၾကိဳးစားေနပါတယ္။ ဒီလိုခန္႔တဲ႔ေနရာမွာလည္း သင္ၾကားမယ့္ဆရာေတြ ကြ်မ္းက်င္တဲ႔ ဘာသာရပ္ကို သင္ၾကားခိုင္းတာမ်ိဳး၊ ဒါမွမဟုတ္ လံုေလာက္တဲ႔ ေလ႔က်င့္သင္ၾကားမႈေတြ လုပ္ေပးသင့္တယ္လို႔ ပညာေရးနယ္ပယ္ ကြ်မ္းက်င္သူေတြက ဆိုပါတယ္။

၂၀၁၉ မွာ အေျခခံပညာ တကၠသိုလ္ဝင္တန္းေအာင္ခ်က္က တျပည္နယ္လံုးအတိုင္းအတာန႔ဲဆိုရင္ ၃၁.၄၄ ရွိျပီး ျပည္နယ္အလိုက္ဆိုရင္ မြန္ျပည္နယ္က ၃၇.၅၄% နဲ႔ ေအာင္ခ်က္အမ်ားဆံုးျဖစ္ျပီး၊ ခ်င္းျပည္နယ္က ၁၉ .၅၉ % နဲ႔ ေအာင္ခ်က္ အနည္းဆံုးျဖစ္ေနပါတယ္။

ခ်င္းတျပည္လုံး အေျခခံေက်ာင္းဆရာ ၄၀၀၀ လိုအပ္
please wait

No media source currently available

0:00 0:03:30 0:00
တိုက္႐ိုက္ လင့္ခ္


................

(Unicode)

ချင်းတပြည်လုံး အခြေခံကျောင်းဆရာ ၄၀၀၀ လိုအပ်

ချင်းပြည်နယ်အတွက် အခြေခံကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၄၀၀၀ လောက် လိုအပ်ချက် ရှိနေပါတယ်။ လက်ရှိမှာ ပြည်နယ်အစိုးရက ဒါကိုဖြည့်ဆည်းနိုင်ဖို့ နေ့စားလပေး ကျောင်းဆရာနဲ့ လုပ်အားပေးကျောင်းဆရာတွေ ခေါ်ယူဖြည့်တင်းနေရကြောင်း ချင်းပြည်နယ် အစိုးရနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကပြောလိုက်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်ရှိနေတဲ့ ချင်းပြည်နယ်က ကျောင်းတွေအတွက် နေ့စားလပေး ကျောင်းဆရာတွေ ခန့်ဖို့ဆောင်ရွက်သလို၊ လတ်တလော လိုအပ်ချက် ကြီးကြီးမားမားရှိနေတဲ့ မတူပီမြို့နယ်နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံ လုပ်အားပေးဆရာတွေနဲ့ဖြည့်ဆည်းဖို့ ချင်းပြည်နယ် အစိုးရက ကြိုးစားနေပါတယ်။

လက်ရှိမှာ မတူပီမြို့နယ်က ကျောင်းတွေမှာ လုပ်အားပေးဆရာ ၁၈၀၀ လောက် အရည်အချင်းစစ် အလုပ်ဝင် စာမေးပွဲကို ဖြေဆိုထားပြီး၊ ဒီအပတ်ထဲ အဖြေလွှာတွေကို စစ်ဆေးပြီး ခန့်အပ်သွားမယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် က ဗွီအိုအေကို ပြောပါတယ်။

“ အဆိုးဆုံးကတော့ ပလက်ဝနဲ့ မတူပီ။ ပြည်ထောင်စုဝန်ကြီးကတော့ ဖြစ်နိုင်ရင် ဘွဲ့ရကို ထားပေးစေချင်တယ်။ တကယ်အရည်အချင်းရှိတယ်၊ ကျောင်းဆရာလုပ်ငန်းကို စိတ်ဝင်စားတယ်ဆိုရင် ဆက်သုံးလို့ရရင်လည်း သုံးနိုင်အောင်ပေါ့။ အခုလောလောဆယ် ဖြေတာကတော့ ယာယီပေါ့၊ ခဏပဲသုံးမယ့် အရာတွေပဲ၊ ပြဿနာဖြစ်တဲ့ နေရာတွေမှာ ဖြေရှင်းနိုင်အောင်လုပ်တဲ့ နည်းလမ်း တလမ်းပေါ့။ ဘွဲ့ရ နေ့စားလပေးလို ဟာမျိုးပေါ့ ကျနော်တို့ ခန့်ဖို့လည်း အစီအစဉ်တော့ရှိတယ်၊ ပြည်ထောင်စုကနေ။ အခုအထိမခန့်နိုင်သေးဘူး။”

ချင်းပြည်နယ်ရဲ့ သွားလာရခက်ခဲတဲ့ ဒေသတွေမှာ အခြားနေရာက ဆရာတွေခန့်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် ချင်းပြည်နယ်အစိုးရက ဆရာလိုအပ်ချက်ရှိတဲ့ မြို့နယ်၊ ဒါမှမဟုတ် ကျေးရွာမှာ နေထိုင်တဲ့ ဘွဲ့ရလူငယ်တွေကို ဦးစားပေးခန့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနက လက်တလောမှာ မတူပီဒေသအတွက်ပဲ ဆရာတွေ အရေးပေါ်ခန့်ထားဖို့ တရားဝင် ညွှန်ကြားချက်ပေးပို့ထားပေမဲ့ တခြားမြို့နယ်တွေမှာလည်း ဆရာလိုအပ်ချက်က များနေကြောင်း မတူပီမြို့နယ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျဲန်းက ဗွီအိုအေကို ပြောပါတယ်။

“ ပြည်ထောင်စုကလည်း ကျနော်တို့ မတူပီမြို့နယ် အတွက်ပဲ ခန့်ဖို့ဆိုပြီးတော့ တရားဝင်ညွှန်ကြားစာ လာတာ။ အမှန်တော့ ကျနော်တို့ ဒီမတူပီကကျောင်းတွေ လစ်လပ်တော့ တချို့ကျောင်းတွေက ပိတ်ရမယ့် အနေအထား ဖြစ်နေတော့ အရေးပေါ် ကုစားတဲ့စနစ်ပုံစံနဲ့ လုပ်လိုက်တာ။ ချင်းပြည်နယ် တပြည်နယ်လုံးမှာ ၄၀၀၀ လောက် လစ်လပ်နေတယ် ကျောင်းဆရာ၊ ဆရာမကို။”

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလက်ဝမြို့နယ်မှာ ကျောင်းဆရာလိုအပ်ချက် အများဆုံးဖြစ်ပြီး ၁၀၀၀ ကျော်လောက် ခန့်ထားဖို့ လိုအပ်နေပါတယ်။ ကျောင်းတွေရှိပေမဲ့ ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကျောင်းသားမိဘ ဦးကျော်အောင်က အခုလိုပြောပါတယ်။

“ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ အဓိကတော့ အစိုးရအနေနဲ့တော့ ကျောင်းတော့ရှိပါရဲ့ အဲဒီမှာသင်ကြားမယ့် လုံလောက်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ မရှိတာကတော့ တော်တော်လေး အခက်အခဲကြီးလိုဖြစ်နေတယ်။ ဒါကို တာဝန်ရှိ ပုဂ္ဂိုလ်တွေက အမြန်ဆုံးနဲ့ ဒီဒေသကို၊ ကလေးတွေရဲ့ အနာဂတ်ကို ကြည့်ပြီးတော့ လုပ်ပေးရင်တော့ ကျနော်တို့ ဒေသအတွက်သော်လည်းကောင်း၊ မိဘပြည်သူတယောက်အနေနဲ့ သော်လည်းကောင်း အတော်လေး ဝမ်းလည်းဝမ်းသာတယ်။”

အစိုးရက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဆရာလိုအပ်ချက်ရှိတဲ့ ကျောင်းတွေမှာ နေ့စား၊ လပေး ဆရာတွေခန့်ထားဖို့ ကြိုးစားနေပါတယ်။ ဒီလိုခန့်တဲ့နေရာမှာလည်း သင်ကြားမယ့်ဆရာတွေ ကျွမ်းကျင်တဲ့ ဘာသာရပ်ကို သင်ကြားခိုင်းတာမျိုး၊ ဒါမှမဟုတ် လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှုတွေ လုပ်ပေးသင့်တယ်လို့ ပညာရေးနယ်ပယ် ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၂၀၁၉ မှာ အခြေခံပညာ တက္ကသိုလ်ဝင်တန်းအောင်ချက်က တပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင် ၃၁.၄၄ ရှိပြီး ပြည်နယ်အလိုက်ဆိုရင် မွန်ပြည်နယ်က ၃၇.၅၄% နဲ့ အောင်ချက်အများဆုံးဖြစ်ပြီး၊ ချင်းပြည်နယ်က ၁၉ .၅၉ % နဲ့ အောင်ချက် အနည်းဆုံးဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG