သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေရှားသတ္တုသန့်စင်နည်းပညာတင်ပို့မှု တရုတ်ပိတ်ပင်


တရုတ်နိုင်ငံ၊ အင်းနား မွန်ဂိုလီးယားက မြေရှားသတ္တုတူးဖော်နေတဲ့ ဘေယန် အိုဘိုသတ္တုတွင်းနဲ့ သတ္တုတူးဖော်စက်။ (ဂျူလိုင် ၁၆၊ ၂၀၁၁)
တရုတ်နိုင်ငံ၊ အင်းနား မွန်ဂိုလီးယားက မြေရှားသတ္တုတူးဖော်နေတဲ့ ဘေယန် အိုဘိုသတ္တုတွင်းနဲ့ သတ္တုတူးဖော်စက်။ (ဂျူလိုင် ၁၆၊ ၂၀၁၁)

ကမ္ဘာပေါ်က မြေရှားသတ္တုထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်က မြေရှားသတ္တုသန့်စင်တဲ့နည်းပညာကို နိုင်ငံရပ်ခြား မတင်ပို့ဖို့ ကြာသပတေးနေ့က တားမြစ်လိုက်ပါတယ်။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ ဆေးပညာသုံးပစ္စည်းနဲ့ လျှပ်စစ်ကားတွေမှာ မရှိမဖြစ်လိုအပ်နေတဲ့ မြေရှားသတ္တုနဲ့ပတ်သက်လို့ ဒီဈေးကွက်ကို လက်ဝါးကြီးအုပ်ထားလိုတဲ့ တရုတ်ကလုပ်လာတဲ့ နောက်ဆုံးခြေလှမ်းပဲဖြစ်ပါတယ်။

အနောက်တိုင်းနိုင်ငံတွေက မြေရှားသတ္တုသန့်စင်ရေး ကိုယ်ပိုင်နည်းလမ်းတွေစလုပ်ဖို့ ကြိုးပမ်းလာချိန်မှာ တရုတ်ပြည်ရဲ့ ဒီလို ပိတ်ပင်တားမြစ်ချက်က ဈေးကွက်ထဲ အကျိုးသက်ရောက်မှု ကြီးစွာရှိလာမှာပါ။

Horizon Advisory သုတေသနအဖွဲ့ ပူးတွဲတည်ထောင်သူ နေသန်_ပီကာဆစ် (Nathan Picarsic) ကတော့ _ တရုတ်ရဲ့ခြေလှမ်းသစ်ကြောင့် မြေရှားသတ္တုနဲ့ပတ်သက်တဲ့ ထုတ်လုပ်တင်ပို့ ရောင်းချမှု ဖြစ်စဥ်မှာ တရုတ်ကိုပဲ မှီခိုနေလို့ မဖြစ်တော့ဘူးဆိုတာကို ကြီးမားတဲ့ စေ့ဆော်မှုတရပ် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြေရှားသတ္တုထုတ်လုပ်တဲ့ နည်းပညာတင်ပို့မှုကို တားမြစ်ရုံသာမက အခြားရောစပ်သတ္တုကနေ မြေရှားသတ္တု ခွဲထုတ်မယ့်နည်းပညာ−တင်ပို့မှုကိုပါ တားမြစ်လိုက်တာပါ။ ခုလိုတားမြစ်ရတာဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် လုပ်လိုက်ရတာဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်ထဲက သန့်စင်ပြီးသား မြေရှားသတ္တုရဲ့ ၉၀% ဟာ တရုတ်နိုင်ငံရဲ့ ထုတ်လုပ်မှုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG