သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီး သဘာဝသယံဇာတ ထုတ္ယူသုံးစြဲမႈ တိုးလာႏိုင္ေခ် စိုးရိမ္


ဖားကန္႔ေဒသမွာ စက္ယႏၱရားေတြ အသုံးျပဳၿပီး အႀကီးစား ေက်ာက္မ်က္တူးေဖာ္မႈလုပ္ငန္းျမင္ကြင္း။

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သဘာဝသယံဇာတ ထုတ္ယူမႈ၊ သုံးစြဲမႈနဲ႔ တရားမဝင္ ေမွာင္ခိုတင္ပို႔မႈေတြ အဆမတန္ တုိးလာသလို သစ္ေတာျပဳန္းတီးမႈလည္း အေတာ္ဆိုးလာတယ္လို႔ ေစာင့္ၾကည့္ေလ့လာေနတဲ့ ပညာရွင္ေတြနဲ႔ အဖြဲ႔အစည္းေတြက ေျပာပါတယ္။ သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္ကလည္း ဒီကိစၥကို ဖိဖိစီးစီး မလုပ္ႏိုင္တဲ့အျပင္ သဘာဝပတ္ဝန္းက်င္အေရး လုပ္ကိုင္သူေတြ အဖမ္းခံရတာေတြ၊ တိမ္းေရွာင္ေနရတာေတြလည္း ရွိေနပါတယ္။ လူမႈအဖြဲ႔အစည္း အမ်ားစုလည္း လုပ္ငန္းအားလုံး ရပ္ထားရပါတယ္။ အျပည့္အစုံကုိ နန္းေလာင္ဝ္ ေမးျမန္းတင္ျပထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ျမန္မာႏုိင္ငံထဲမွာ သစ္ေတာ၊ သတၱဳနဲ႔ ေျမယာသယံဇာတ ထုတ္ယူမႈေတြ အဆမတန္ တုိးလာပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ အစိုးရ လက္ထက္တုန္းက EITI တို႔လို သဘာဝပတ္ဝန္းက်င္ဆုိင္ရာ၊ သယံဇာတ ထုတ္ယူသုံးစြဲျခင္းဆုိင္ရာ ပြြင့္လင္းျမင္သာေအာင္လုပ္တဲ့ အစီအမံေတြကို ႏုိုင္ငံေတာ္က ပါဝင္ခဲ့တဲ့အတြက္ အတုိင္းအတာတခုထိ အဟန္႔အတား ျဖစ္ခဲ့တယ္လို႔ ကၽြမ္းက်င္သူတခ်ိဳ႕က သုံးသပ္ပါတယ္။ ဒါေပမယ့္လည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း သယံဇာတ ထုတ္ယူသုံးစြဲမႈကို ေစာင့္ၾကည့္ႏုိင္ခဲ့တဲ့ ယႏၱရားေတြ ရပ္သြားတာေၾကာင့္ အေျခအေန ဆိုးလာတာလို႔ ယူဆၾကပါတယ္။ ၿဗိတိန္ႏုိင္ငံ၊ ေအာက္စ္ဖို႔တကၠသိုလ္က သဘာဝပတ္ဝန္းက်င္ဆုိင္ရာ သုေတသီ ဦးဝင္းမ်ိဳးသူက ခုလိုသုံးသပ္ပါတယ္။

“လက္ရွိ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး အေနအထားကေတာ့ အရင္ကထက္ အားနည္းသြားတယ္လို႔ ေျပာႏုိင္ပါတယ္။ အရင္ကထက္စာရင္ ပုိၿပီး အားနည္းမႈ ျဖစ္ေစတာေပါ့။ ဘာလို႔လဲဆိုေတာ့ သဘာဝရင္းႏွီးျမႇဳပ္ႏွံမႈဆိုတာက ေတာ္ေတာ့္ကို ေငြအားနဲ႔ အခိ်န္အားနဲ႔ အစုိုးရရဲ႕ ပံ႔ပိုးမႈအားနဲ႔ လုပ္ရတာမို႔လို႔ သက္ဆုိင္ရာ အစိုးရ ဌာနဆုိင္ရာေတြနဲ႔ ဒီလုပ္ငန္းေတြအေပၚ ဖိဖိစီးစီးနဲ႔ လုပ္နုိင္တဲ့ အတုိင္းအတာကလည္း မရွိဘူးေပါ့ေနာ္။ အဲဒီေတာ့ တခ်ိန္တုန္းကေတာင္မွ သူတုိ႔မွာ အားနည္းခ်က္ေတြ ရွိခဲ့တာဆိုေတာ့ လက္ရွိမွာဆိုရင္ေတာ့ ဆိုႏုိင္ဖြယ္ရာ မရွိေပါ့ဗ်ာ။ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ကိစၥမွာေတာ့ အထူးသျဖင့္ အားနည္းမွာေပါ့ေနာ္။ ေအာက္ေျခ ကြင္းထဲမွာ ျဖစ္ေနတာကို ဥပေဒအတုိင္း၊ ဥပေဒစိုးမိုးေရးအတုိင္း လုပ္နိုင္ဖို႔ဆိုတာ ေတာ္ေတာ္ေလး ခဲယဥ္းပါတယ္။ ေနာက္တခုက လူေတြရဲ႕ စားဝတ္ေနေရးအရလည္း လက္ရွိအေနအထားမွာ ပိုၿပီးက်ပ္လာတ့ဲအတြက္ သဘာဝသယံဇာတအေပၚမွာပဲ မွီခိုအားထားရတယ္။ ဒီအတုိင္းပဲ ႏုိင္ငံကို ထိိ္န္းေက်ာင္းေနတဲ့လူေတြ၊ အဖြဲ႔ေတြအေနနဲ႔လည္း ဒီ သဘာဝသယံဇာတကိုပဲ သူတို႔ ထုတ္ယူသုံးစြဲၿပီးေတာ့ ဝင္ေငြရေပါက္ရလမ္းေတြနဲ႔ သူတို႔က အသုံးျပဳရတာ ျဖစ္တဲ့အတြက္ သဘာဝထိန္းသိမ္းေရး ဆိုတာက ေနာက္ကြယ္ကို က်န္ခဲ့တာေပါ႔။”

NLD အစိုးရလက္ထက္မွာလည္း သယံဇာတတူးေဖာ္ေရး၊ စီမံခန္႔ခြဲေရးကို ထိေရာက္စြာ ထိန္းခ်ဳပ္ႏုိင္တာ မရွိဘူးလို႔ Global Witness နဲ႔ World Resources Institute (WRI) လို အဖြဲ႔အစည္းေတြက ေထာက္ျပၾကပါတယ္။ ေဒၚလာဘီလီယံနဲ႔ခ်ီ လည္ပတ္ေနတဲ့ ျမန္မာ့ေက်ာက္စိမ္း ထုတ္လုပ္ေရာင္းဝယ္မႈက ရတဲ့ အက်ဳိးစီးပြားအားလုံးကို စစ္တပ္ ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ နီးစပ္သူအားလုံးက ရယူေနၿပီး ဒီလုပ္ငန္းဟာ အာဏာသိမ္းစစ္တပ္ ေရရွည္ရပ္တည္ဖို႔ ဝင္ေငြရေစတဲ့ အေရးႀကီးတဲ့ စီးပြားေရးလုပ္ငန္းတခု ျဖစ္တဲ့အေၾကာင္း Global Witness အဖြဲ႔က အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံအတြင္းကထြက္တဲ့ ေက်ာက္စိမ္းေတြရဲ႕ ၉၀ ရာခိုင္ႏႈန္း ျပည္ပကို တရားမဝင္ ခုိးထုတ္ေရာင္းခ်ေနၿပီး အားလုံးနီးပါး တ႐ုတ္ႏိုင္ငံက ဝယ္ယူေနတာလို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။ ကခ်င္ျပည္နယ္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္က ေျမစာပုံစြန္႔ပစ္မႈနဲ႔ သဘာဝပတ္ဝန္းက်င္ ထိခုိက္ႏိုင္ေျခကို ေစာင့္ၾကည့္ေနတဲ့ ေဒသခံ သဘာဝပတ္ဝန္းက်င္ အဖြဲ႔ဝင္တေယာက္က လက္ရွိအေျခအေနကို ဗြီအိုေအကို ခုလိုေျပာျပပါတယ္။

“ခုကေတာ့ အားလုံးက ဥပေဒမဲ့ျဖစ္ေနတဲ့ အခါက်ေတာ့ ဘာတုိင္းတာမႈမ်ိဳး၊ ဘယ္လိုထိန္းသိမ္းမႈမ်ိဳးမွ မရွိဘူးေလ။ ေဒသအာဏာပိုင္ေတြ၊ လက္နက္ကုိင္ေတြကို ေငြေပးၿပီးေတာ့ စိတ္ႀကိဳက္တူး႐ုံပဲေပါ့။ သူတို႔သတ္မွတ္ထားတဲ့ ဧရိယာရရင္ေပ့ါေနာ္၊ မင္းလည္း မင္းႀကိဳက္သလိုတူး၊ ကိုယ္လည္း ကိုယ္ႀကိဳက္သလိုတူးေပါ့။ အဲဒီပုံစံမ်ိဳးသြားျဖစ္တာ၊ သဘာဝပတ္ဝန္းက်င္ ပ်က္စီးတာေတြ၊ ေဂဟစနစ္ ပ်က္စီးတာေတြ အဲဒါမ်ိဳး ဘာမွမရွိဘူး။ အဲဒီဟာေတြအတြက္ ကာဗာလုပ္ထားေပးတာ ဘာမွမရွိဘူး။ အင္တာနက္ေတြ ျပတ္ေတာက္ၿပီးေတာ့ မ်က္စိပိတ္နားပိတ္ သတင္းအေမွာင္ခ်ၿပီးေတာ့ ထင္သလိုလုပ္ေနတာကိုးဗ်၊ တကယ္တမ္းက်ေတာ့၊ က်ေနာ္တို႔ကလည္း ေပၚေပၚထင္ထင္ ထြက္ျပလုိ္က္ရင္ က်ေနာ္တို႔ အသက္အႏၱရာယ္အတြက္ စစ္တပ္ကိုလည္းေၾကာက္ရတယ္၊ ေကအုိင္ေအလည္း ေၾကာက္ရတယ္၊ ႏွစ္ဖက္လုံးေၾကာက္ရတယ္။ ႏွစ္ဖက္စလုံးက ဒီလို ဘာမွ ထိန္းသိမ္းေစာင့္ေရွာက္ခ်င္တဲ့စိတ္ မရွိတဲ့အခါက်ေတာ့ က်ေနာ္တို႔ေျပာေနရင္လည္း ေျပာတဲ့လူပဲ အသက္အႏၱရာယ္ စုိးရိမ္ရတာပဲရွိတယ္။"

ကခ်င္ျပည္နယ္ဟာ Rare Earth လို႔ေခၚတဲ့ ေျမရွားသတၱဳေတြ ထြက္တဲ့ေနရာမွာ တ႐ုတ္နဲ႔ အေမရိကန္ၿပီးရင္ ကမၻာမွာ တတိယအမ်ားဆုံး ရွိတဲ့ေနရာလည္း ျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ တ႐ုတ္ႏုိ္င္ငံက သူ႔နယ္စပ္ေတြ တင္းက်ပ္စြာ ပိတ္ထားတဲ့ အခ်ိန္မ်ိဳးမွာေတာင္ ေျမရွားသတၱဳေတြကိုေတာ့ ဝင္ခြင့္ျပဳခဲ့ပါတယ္။ အာကာသနည္းပညာနဲ႔ ေခတ္မီပစၥည္းကိရိယာေတြမွာ မရွိမျဖစ္လိုအပ္တဲ့ ေျမရွားသတၱဳကို စစ္အာဏာသိမ္းၿပီး လပိုင္းအတြြင္းမွာတင္ ကခ်င္ျပည္နယ္ကေန ထုတ္လုပ္မႈ ၅ ဆတိုးလာတယ္လို႔လည္း Asia Times သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။ ေနာက္ထပ္ ထင္ရွားတဲ့ သယံဇာတ ထုတ္ယူမႈကေတာ့ သစ္ထုတ္လုပ္ေရးပါ။ စစ္အာဏာသိ္မ္းၿပီးေနာက္ပုိင္း တရားမဝင္ သစ္ထုတ္လုပ္တာေတြလည္း တိုးလာတယ္လို႔ သုေတသီ ဦးဝင္းမ်ိဳးသူက ေျပာပါတယ္။

“သစ္ေတာျပဳန္းတီး ပ်က္စီးျခင္းကေတာ့ ဟိုတုန္းကတည္းက မ်ားတယ္ေပါ့ေနာ္၊ တႏွစ္ကို ဧကတသန္းေလာက္ကို မ်ားတယ္။ အဲဒီမ်ားေနတဲ့ က႑ကလည္း လက္ရွိ ပုိၿပီးဆိုးလာမယ့္ အေနအထား ရွိမယ္လို႔ပဲ က်ေနာ္တို႔ ခန္႔မွန္းတယ္ေပါ့ေနာ္။ အထူးသျဖင့္ က်ေနာ္တို႔ မၾကာေသးခင္က MODIS လို႔ေခၚတဲ့ ၿဂိဳဟ္တုဓာတ္ပုံေတြနဲ႔ သဘာဝသယံဇာတ၊ အထူးသျဖင့္ သစ္ေတာေပါ့၊ သစ္ေတာေတြမွာ ထုတ္ယူသုံးစြဲမႈ ဘယ္လိုရွိသလဲဆိုတဲ့ သုေတသနေလးကို က်ေနာ္တို႔ အၾကမ္းဖ်ဥ္းေလး လုပ္ၾကည့္ပါတယ္။ အဲဒီအခါမွာ သစ္ေကာင္းဝါးေကာင္းရွိတဲ့ ေနရာေတြထဲမွာ သစ္ထုတ္လုပ္မႈေတြက ၂၀၂၁ ကုန္တ့ဲထိ ၂၀၂၂ ႏွစ္ဆန္းေလာက္ထိ ေတာက္ေလွ်ာက္ျဖစ္ေနတယ္။ ျဖစ္ေနတာကလည္း ၿပီးခဲ့တဲ့ NLD အစိုးရကာလကေရာ၊ ဦးသိန္းစိန္အုပ္စိုးတဲ့ ကာလေရာ၊ အဲဒီကာလ အပုိင္းအျခားကို စိစစ္ေလ့လာတဲ့အခါမွာ အဲဒီလိုပဲေတြ႔တယ္။ ဟိုတုန္းကလည္း ဆိုးတယ္။ ၿပီးခဲ့တုန္းကလည္း ဆိုးတယ္။ အခုလည္း ထပ္ဆိုးတယ္ဆိုေတာ့ တခ်ိဳ႕ေနရာေတြမွာကေတာ့ တန္ဖိုးသိ္ပ္ရွိတဲ့ ေနရာေတြက သစ္ေကာင္းဝါးေကာင္းရွိတဲ့ ေနရာေတြမွာကေတာ့ သစ္ေတာထုတ္လုပ္မႈက လက္ရွိခ်ိန္ထိ တအားကို ျမင့္တက္ေနတယ္ဆိုတာ သြားေတြ႔တယ္။”

အရင္အစိုးရလက္ထက္ေတြတုန္းကေတာ့ အစိုးရပုိင္းကေရာ လူမႈအဖြဲ႔အစည္းေတြက သစ္ပင္ေတြျပန္စိုက္တာ၊ ေတာေတာင္ေရေျမေတြ ျပဳျပင္တာေတြလည္း အထုိက္အေလ်ာက္ေတာ့ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း လက္ရွိ ႏုိင္ငံေရးအေျခအေနအရ NGO အပုိင္းကေရာ၊ UN ပိုင္းကပါ လုပ္ကိုင္ႏုိင္တာမ်ိဳး မရွိေတာ့သလို တႏုိင္တပုိင္ လုပ္ကုိင္ေနၾကတဲ့ ေဒသခံ လူမႈအသင္းအဖြဲ႔ အေတာ္မ်ားမ်ားလည္း လက္ရွိလုပ္ငန္းေတြ ရပ္ထားရပါတယ္။ ပရဟိတ လုပ္ေနသူတခ်ိဳ႕လည္း အဖမ္းမခံရေအာင္ တိမ္းေရွာင္ေနၾကရတာ၊ အသင္းအဖြဲ႔ ပိတ္ပစ္ရတာလည္း ရွိၾကပါတယ္။

စာသင္ေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြမွာ သဘာဝပတ္ဝန္းက်င္အေရး အသိပညာေပးရင္း ေက်းရြာေတြထိ သစ္ပင္ေတြ လုိက္စိုက္ေနၾကတဲ့ ရွမ္းျပည္ ေတာင္ႀကီးၿမိဳ႕က ERA သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႔ လူမႈအက်ိဳးျပဳ ပရဟိတအဖြဲ႔ကေတာ့ လက္ရွိလႈပ္ရွားမႈေတြ ရပ္ထားရေပမယ့္ ရပ္မိရပ္ဖအားကိုးနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဆက္လုပ္ေနပါတယ္။ အဖြဲ႔ဝင္တဦးျဖစ္တဲ့ ကိုဝင္းဦးက ဗြီအိုေအကို ခုလိုေျပာပါတယ္။

“ၿမိဳ႔ေပၚလူထုထက္စာရင္ ေက်းရြာလူထုက ပိုၿပီး စိတ္ဝင္စားမႈမ်ားတယ္ေပါ့ေနာ္။ အရမ္း ေထြေထြထူးထူးလည္း မွာစရာမလိုဘူး။ က်ေနာ္တို႔စုိက္ခဲ့တဲ့ အပင္ေတြကို ျပဳစုေစာင့္ေရွာက္ေပးပါဆိုရင္ ေနာက္တေခါက္ျပန္သြားရင္ သူတို႔ ဒါကို တကယ္ပဲ လုပ္ထားေပးပါတယ္။ ပရဟိတေက်ာင္းတို႔ ဘာတုိ႔မွာ စိုက္ခဲ့တဲ့ အပင္ေတြဆိုရင္ေတာ့ အုပ္ခ်ဳပ္တဲ့သူေတြရဲ႕ အမိန္႔ေၾကာင့္ ကေလးေတြ လုပ္ၾကပါတယ္။ ဥပမာ ဘုန္းႀကီးက၊ ေက်ာင္းထိုင္ဆရာေတာ္က မွာတဲ့စကားအတုိင္း ျပဳစုရမယ္၊ ေစာင့္ေရွာက္ရမယ္ဆိုေတာ့ သူတို႔ကေလးေတြ စိတ္မပါဘူး ဆိုရင္ေတာင္မွ အုပ္ခ်ဳပ္တဲ့လူရဲ႕ စည္းကမ္းေၾကာင့္မို႔လို႔ မျဖစ္မေန လုပ္ၾကရတယ္ေပါ့။ အဲဒီအတြက္ အဲဒီလိုေနရာမ်ိဳးေတြက ပိုၿပီးေအာင္ျမင္ပါတယ္။ ၿမဳိ႔ေပၚက စိုက္ပ်ိဳးထားတာထက္စာရင္ေပါ့ေနာ္။”

ေတာေတာင္ေတြကို မွီၿပီး အသက္ရွင္ရပ္တည္ေနၾကတဲ့ ေဒသေတြမွာေတာ့ မိ႐ိုးဖလာ အစဥ္အဆက္ အတတ္ႏုိင္ဆုံး ထိန္းသိမ္းေစာင့္ေရွာက္ၾကတယ္ ဆုိေပမယ့္ ျပည္တြင္းစစ္လိုသေဘာမ်ိဳး ပစ္ခတ္ေနတာေတြ၊ လႈပ္ရွားေနတာေတြ ရိွတဲ့ေနရာေတြမွာေတာ့ လုပ္ကုိင္ႏုိင္တာမ်ိဳး မရွိပါဘူး။ ႐ုိးရာဓေလ့အရ စီမံအုပ္ခ်ဳပ္တဲ့ ဓေလ့ေတြမွာလည္း တခါတေလမွာ ျပင္ပက ဖိအားရင္ဆုိင္ရတာမ်ိဳးေတြ ရွိပါတယ္။ အစိုးရကိုယ္တုိင္က အရင္းရွင္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ အတင္းဖ်က္ဆီးတာမ်ဳိး၊ ဒါမွမဟုတ္ ျပည္တြင္းႏုိ္င္ငံေရး အေျခအေန၊ လုံၿခဳံေရးကိစၥ ဒီလို မၿငိမ္မသက္ျဖစ္လာတဲ့ အခါမ်ိဳးမွာ မိ႐ိုးဖလာ ဓေလ႔ထုံးစံအတုိင္း ေတာေတာင္ေရေျမေတြကို မေစာင့္ေရွာက္ႏုိင္တာေတြလည္း ရွိပါတယ္။

လက္ရွိ အာဏာရယူထားသူေတြနဲ႔ သက္ဆုိင္ရာက သဘာဝသယံဇာတ ထိန္းသိမ္းေရး လုပ္ကုိင္ေနသလား ဆိုတာနဲ႔ ခုလို သယံဇာတ အႀကီးအက်ယ္ ထုတ္ယူမႈေတြကို ထိန္းႏိုင္ျခင္း ရွိမရွိဆိုတာကေတာ့ လာမယ့္ ၁ နွစ္ ၂ ႏွစ္အတြင္း အထင္အရွား ေတြ႔ျမင္ရလိမ့္မယ္လို႔လည္း ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားပါတယ္။ သဘာဝသယံဇာတ ထုတ္ယူသုံးစြဲမႈနဲ႔ စီမံခန္႔ခြဲမႈ အေျခအေနနဲ႔ ပတ္သက္လို႔ ေနျပည္ေတာ္က သဘာဝသယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိ္မ္းေရးဌာနကို အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

စစ်အာဏာသိမ်းပြီး သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှု တိုးလာနိုင်ချေ စိုးရိမ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝသယံဇာတ ထုတ်ယူမှု၊ သုံးစွဲမှုနဲ့ တရားမဝင် မှောင်ခိုတင်ပို့မှုတွေ အဆမတန် တိုးလာသလို သစ်တောပြုန်းတီးမှုလည်း အတော်ဆိုးလာတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ဒီကိစ္စကို ဖိဖိစီးစီး မလုပ်နိုင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်အရေး လုပ်ကိုင်သူတွေ အဖမ်းခံရတာတွေ၊ တိမ်းရှောင်နေရတာတွေလည်း ရှိနေပါတယ်။ လူမှုအဖွဲ့အစည်း အများစုလည်း လုပ်ငန်းအားလုံး ရပ်ထားရပါတယ်။ အပြည့်အစုံကို နန်းလောင်ဝ် မေးမြန်းတင်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ သစ်တော၊ သတ္တုနဲ့ မြေယာသယံဇာတ ထုတ်ယူမှုတွေ အဆမတန် တိုးလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ လက်ထက်တုန်းက EITI တို့လို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သယံဇာတ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ ပွင့်လင်းမြင်သာအောင်လုပ်တဲ့ အစီအမံတွေကို နိုင်ငံတော်က ပါဝင်ခဲ့တဲ့အတွက် အတိုင်းအတာတခုထိ အဟန့်အတား ဖြစ်ခဲ့တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း သယံဇာတ ထုတ်ယူသုံးစွဲမှုကို စောင့်ကြည့်နိုင်ခဲ့တဲ့ ယန္တရားတွေ ရပ်သွားတာကြောင့် အခြေအနေ ဆိုးလာတာလို့ ယူဆကြပါတယ်။ ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့တက္ကသိုလ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ ဦးဝင်းမျိုးသူက ခုလိုသုံးသပ်ပါတယ်။

“လက်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အနေအထားကတော့ အရင်ကထက် အားနည်းသွားတယ်လို့ ပြောနိုင်ပါတယ်။ အရင်ကထက်စာရင် ပိုပြီး အားနည်းမှု ဖြစ်စေတာပေါ့။ ဘာလို့လဲဆိုတော့ သဘာဝရင်းနှီးမြှုပ်နှံမှုဆိုတာက တော်တော့်ကို ငွေအားနဲ့ အချိန်အားနဲ့ အစိုးရရဲ့ ပံ့ပိုးမှုအားနဲ့ လုပ်ရတာမို့လို့ သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာတွေနဲ့ ဒီလုပ်ငန်းတွေအပေါ် ဖိဖိစီးစီးနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကလည်း မရှိဘူးပေါ့နော်။ အဲဒီတော့ တချိန်တုန်းကတောင်မှ သူတို့မှာ အားနည်းချက်တွေ ရှိခဲ့တာဆိုတော့ လက်ရှိမှာဆိုရင်တော့ ဆိုနိုင်ဖွယ်ရာ မရှိပေါ့ဗျာ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စမှာတော့ အထူးသဖြင့် အားနည်းမှာပေါ့နော်။ အောက်ခြေ ကွင်းထဲမှာ ဖြစ်နေတာကို ဥပဒေအတိုင်း၊ ဥပဒေစိုးမိုးရေးအတိုင်း လုပ်နိုင်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်။ နောက်တခုက လူတွေရဲ့ စားဝတ်နေရေးအရလည်း လက်ရှိအနေအထားမှာ ပိုပြီးကျပ်လာတဲ့အတွက် သဘာဝသယံဇာတအပေါ်မှာပဲ မှီခိုအားထားရတယ်။ ဒီအတိုင်းပဲ နိုင်ငံကို ထိန်းကျောင်းနေတဲ့လူတွေ၊ အဖွဲ့တွေအနေနဲ့လည်း ဒီ သဘာဝသယံဇာတကိုပဲ သူတို့ ထုတ်ယူသုံးစွဲပြီးတော့ ဝင်ငွေရပေါက်ရလမ်းတွေနဲ့ သူတို့က အသုံးပြုရတာ ဖြစ်တဲ့အတွက် သဘာဝထိန်းသိမ်းရေး ဆိုတာက နောက်ကွယ်ကို ကျန်ခဲ့တာပေါ့။”

NLD အစိုးရလက်ထက်မှာလည်း သယံဇာတတူးဖော်ရေး၊ စီမံခန့်ခွဲရေးကို ထိရောက်စွာ ထိန်းချုပ်နိုင်တာ မရှိဘူးလို့ Global Witness နဲ့ World Resources Institute (WRI) လို အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ မြန်မာ့ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူအားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်တဲ့အကြောင်း Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအတွင်းကထွက်တဲ့ ကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်း ပြည်ပကို တရားမဝင် ခိုးထုတ်ရောင်းချနေပြီး အားလုံးနီးပါး တရုတ်နိုင်ငံက ဝယ်ယူနေတာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်က မြေစာပုံစွန့်ပစ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေကို စောင့်ကြည့်နေတဲ့ ဒေသခံ သဘာဝပတ်ဝန်းကျင် အဖွဲ့ဝင်တယောက်က လက်ရှိအခြေအနေကို ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ခုကတော့ အားလုံးက ဥပဒေမဲ့ဖြစ်နေတဲ့ အခါကျတော့ ဘာတိုင်းတာမှုမျိုး၊ ဘယ်လိုထိန်းသိမ်းမှုမျိုးမှ မရှိဘူးလေ။ ဒေသအာဏာပိုင်တွေ၊ လက်နက်ကိုင်တွေကို ငွေပေးပြီးတော့ စိတ်ကြိုက်တူးရုံပဲပေါ့။ သူတို့သတ်မှတ်ထားတဲ့ ဧရိယာရရင်ပေ့ါနော်၊ မင်းလည်း မင်းကြိုက်သလိုတူး၊ ကိုယ်လည်း ကိုယ်ကြိုက်သလိုတူးပေါ့။ အဲဒီပုံစံမျိုးသွားဖြစ်တာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ ဂေဟစနစ် ပျက်စီးတာတွေ အဲဒါမျိုး ဘာမှမရှိဘူး။ အဲဒီဟာတွေအတွက် ကာဗာလုပ်ထားပေးတာ ဘာမှမရှိဘူး။ အင်တာနက်တွေ ပြတ်တောက်ပြီးတော့ မျက်စိပိတ်နားပိတ် သတင်းအမှောင်ချပြီးတော့ ထင်သလိုလုပ်နေတာကိုးဗျ၊ တကယ်တမ်းကျတော့၊ ကျနော်တို့ကလည်း ပေါ်ပေါ်ထင်ထင် ထွက်ပြလိုက်ရင် ကျနော်တို့ အသက်အန္တရာယ်အတွက် စစ်တပ်ကိုလည်းကြောက်ရတယ်၊ ကေအိုင်အေလည်း ကြောက်ရတယ်၊ နှစ်ဖက်လုံးကြောက်ရတယ်။ နှစ်ဖက်စလုံးက ဒီလို ဘာမှ ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့စိတ် မရှိတဲ့အခါကျတော့ ကျနော်တို့ပြောနေရင်လည်း ပြောတဲ့လူပဲ အသက်အန္တရာယ် စိုးရိမ်ရတာပဲရှိတယ်။"

ကချင်ပြည်နယ်ဟာ Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုတွေ ထွက်တဲ့နေရာမှာ တရုတ်နဲ့ အမေရိကန်ပြီးရင် ကမ္ဘာမှာ တတိယအများဆုံး ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံက သူ့နယ်စပ်တွေ တင်းကျပ်စွာ ပိတ်ထားတဲ့ အချိန်မျိုးမှာတောင် မြေရှားသတ္တုတွေကိုတော့ ဝင်ခွင့်ပြုခဲ့ပါတယ်။ အာကာသနည်းပညာနဲ့ ခေတ်မီပစ္စည်းကိရိယာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုကို စစ်အာဏာသိမ်းပြီး လပိုင်းအတွင်းမှာတင် ကချင်ပြည်နယ်ကနေ ထုတ်လုပ်မှု ၅ ဆတိုးလာတယ်လို့လည်း Asia Times သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ နောက်ထပ် ထင်ရှားတဲ့ သယံဇာတ ထုတ်ယူမှုကတော့ သစ်ထုတ်လုပ်ရေးပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် သစ်ထုတ်လုပ်တာတွေလည်း တိုးလာတယ်လို့ သုတေသီ ဦးဝင်းမျိုးသူက ပြောပါတယ်။

“သစ်တောပြုန်းတီး ပျက်စီးခြင်းကတော့ ဟိုတုန်းကတည်းက များတယ်ပေါ့နော်၊ တနှစ်ကို ဧကတသန်းလောက်ကို များတယ်။ အဲဒီများနေတဲ့ ကဏ္ဍကလည်း လက်ရှိ ပိုပြီးဆိုးလာမယ့် အနေအထား ရှိမယ်လို့ပဲ ကျနော်တို့ ခန့်မှန်းတယ်ပေါ့နော်။ အထူးသဖြင့် ကျနော်တို့ မကြာသေးခင်က MODIS လို့ခေါ်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ သဘာဝသယံဇာတ၊ အထူးသဖြင့် သစ်တောပေါ့၊ သစ်တောတွေမှာ ထုတ်ယူသုံးစွဲမှု ဘယ်လိုရှိသလဲဆိုတဲ့ သုတေသနလေးကို ကျနော်တို့ အကြမ်းဖျဉ်းလေး လုပ်ကြည့်ပါတယ်။ အဲဒီအခါမှာ သစ်ကောင်းဝါးကောင်းရှိတဲ့ နေရာတွေထဲမှာ သစ်ထုတ်လုပ်မှုတွေက ၂၀၂၁ ကုန်တဲ့ထိ ၂၀၂၂ နှစ်ဆန်းလောက်ထိ တောက်လျှောက်ဖြစ်နေတယ်။ ဖြစ်နေတာကလည်း ပြီးခဲ့တဲ့ NLD အစိုးရကာလကရော၊ ဦးသိန်းစိန်အုပ်စိုးတဲ့ ကာလရော၊ အဲဒီကာလ အပိုင်းအခြားကို စိစစ်လေ့လာတဲ့အခါမှာ အဲဒီလိုပဲတွေ့တယ်။ ဟိုတုန်းကလည်း ဆိုးတယ်။ ပြီးခဲ့တုန်းကလည်း ဆိုးတယ်။ အခုလည်း ထပ်ဆိုးတယ်ဆိုတော့ တချို့နေရာတွေမှာကတော့ တန်ဖိုးသိပ်ရှိတဲ့ နေရာတွေက သစ်ကောင်းဝါးကောင်းရှိတဲ့ နေရာတွေမှာကတော့ သစ်တောထုတ်လုပ်မှုက လက်ရှိချိန်ထိ တအားကို မြင့်တက်နေတယ်ဆိုတာ သွားတွေ့တယ်။”

အရင်အစိုးရလက်ထက်တွေတုန်းကတော့ အစိုးရပိုင်းကရော လူမှုအဖွဲ့အစည်းတွေက သစ်ပင်တွေပြန်စိုက်တာ၊ တောတောင်ရေမြေတွေ ပြုပြင်တာတွေလည်း အထိုက်အလျောက်တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ NGO အပိုင်းကရော၊ UN ပိုင်းကပါ လုပ်ကိုင်နိုင်တာမျိုး မရှိတော့သလို တနိုင်တပိုင် လုပ်ကိုင်နေကြတဲ့ ဒေသခံ လူမှုအသင်းအဖွဲ့ အတော်များများလည်း လက်ရှိလုပ်ငန်းတွေ ရပ်ထားရပါတယ်။ ပရဟိတ လုပ်နေသူတချို့လည်း အဖမ်းမခံရအောင် တိမ်းရှောင်နေကြရတာ၊ အသင်းအဖွဲ့ ပိတ်ပစ်ရတာလည်း ရှိကြပါတယ်။

စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ သဘာဝပတ်ဝန်းကျင်အရေး အသိပညာပေးရင်း ကျေးရွာတွေထိ သစ်ပင်တွေ လိုက်စိုက်နေကြတဲ့ ရှမ်းပြည် တောင်ကြီးမြို့က ERA သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုအကျိုးပြု ပရဟိတအဖွဲ့ကတော့ လက်ရှိလှုပ်ရှားမှုတွေ ရပ်ထားရပေမယ့် ရပ်မိရပ်ဖအားကိုးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆက်လုပ်နေပါတယ်။ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဝင်းဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“မြို့ပေါ်လူထုထက်စာရင် ကျေးရွာလူထုက ပိုပြီး စိတ်ဝင်စားမှုများတယ်ပေါ့နော်။ အရမ်း ထွေထွေထူးထူးလည်း မှာစရာမလိုဘူး။ ကျနော်တို့စိုက်ခဲ့တဲ့ အပင်တွေကို ပြုစုစောင့်ရှောက်ပေးပါဆိုရင် နောက်တခေါက်ပြန်သွားရင် သူတို့ ဒါကို တကယ်ပဲ လုပ်ထားပေးပါတယ်။ ပရဟိတကျောင်းတို့ ဘာတို့မှာ စိုက်ခဲ့တဲ့ အပင်တွေဆိုရင်တော့ အုပ်ချုပ်တဲ့သူတွေရဲ့ အမိန့်ကြောင့် ကလေးတွေ လုပ်ကြပါတယ်။ ဥပမာ ဘုန်းကြီးက၊ ကျောင်းထိုင်ဆရာတော်က မှာတဲ့စကားအတိုင်း ပြုစုရမယ်၊ စောင့်ရှောက်ရမယ်ဆိုတော့ သူတို့ကလေးတွေ စိတ်မပါဘူး ဆိုရင်တောင်မှ အုပ်ချုပ်တဲ့လူရဲ့ စည်းကမ်းကြောင့်မို့လို့ မဖြစ်မနေ လုပ်ကြရတယ်ပေါ့။ အဲဒီအတွက် အဲဒီလိုနေရာမျိုးတွေက ပိုပြီးအောင်မြင်ပါတယ်။ မြို့ပေါ်က စိုက်ပျိုးထားတာထက်စာရင်ပေါ့နော်။”

တောတောင်တွေကို မှီပြီး အသက်ရှင်ရပ်တည်နေကြတဲ့ ဒေသတွေမှာတော့ မိရိုးဖလာ အစဉ်အဆက် အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ကြတယ် ဆိုပေမယ့် ပြည်တွင်းစစ်လိုသဘောမျိုး ပစ်ခတ်နေတာတွေ၊ လှုပ်ရှားနေတာတွေ ရှိတဲ့နေရာတွေမှာတော့ လုပ်ကိုင်နိုင်တာမျိုး မရှိပါဘူး။ ရိုးရာဓလေ့အရ စီမံအုပ်ချုပ်တဲ့ ဓလေ့တွေမှာလည်း တခါတလေမှာ ပြင်ပက ဖိအားရင်ဆိုင်ရတာမျိုးတွေ ရှိပါတယ်။ အစိုးရကိုယ်တိုင်က အရင်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အတင်းဖျက်ဆီးတာမျိုး၊ ဒါမှမဟုတ် ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ လုံခြုံရေးကိစ္စ ဒီလို မငြိမ်မသက်ဖြစ်လာတဲ့ အခါမျိုးမှာ မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း တောတောင်ရေမြေတွေကို မစောင့်ရှောက်နိုင်တာတွေလည်း ရှိပါတယ်။

လက်ရှိ အာဏာရယူထားသူတွေနဲ့ သက်ဆိုင်ရာက သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ကိုင်နေသလား ဆိုတာနဲ့ ခုလို သယံဇာတ အကြီးအကျယ် ထုတ်ယူမှုတွေကို ထိန်းနိုင်ခြင်း ရှိမရှိဆိုတာကတော့ လာမယ့် ၁ နှစ် ၂ နှစ်အတွင်း အထင်အရှား တွေ့မြင်ရလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုနဲ့ စီမံခန့်ခွဲမှု အခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော်က သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

XS
SM
MD
LG