သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ရေနံထွက်ကုန်တင်ပို့မှု တရုတ်တင်းကြပ်


တရုတ်နိုင်ငံ Anhui ပြည်နယ် Hefei မြို့က ရေနံ သိုလှောင်ထားရှိတဲ့ Sinopec ရေနံစက်ရုံ၊ မေလ ၃၁ ရက် ၂၀၀၉။
တရုတ်နိုင်ငံ Anhui ပြည်နယ် Hefei မြို့က ရေနံ သိုလှောင်ထားရှိတဲ့ Sinopec ရေနံစက်ရုံ၊ မေလ ၃၁ ရက် ၂၀၀၉။

တရုတ်နိုင်ငံက မြောက်ကိုကိုရီးယား နိုင်ငံအပေါ် အရေးပါတဲ့ စွမ်းအင် ထောက်ပံ့ရေးဆိုင်ရာ ကန့်သန့်ချက်တွေကို ဒီကနေ့ စနေနေ့ကစပြီး အသက်ဝင်မှာဖြစ်ကြောင်း မနေ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ အကောက်အခွန် ဦးစီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားကို တင်ပို့တဲ့ ရေနံစိမ်းနဲ့ သန့်စင်ပြီးသား ရေနံထွက်ပစ္စည်း နှစ်မျိုးစလုံးကို တရုတ်နိုင်ငံက တင်းကြပ်လိုက်တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ စနေနေ့ကစပြီး တရုတ်နိုင်ငံက မြောက်ကိုရီးယားကို တင်သွင်းတဲ့ သံ၊ သံမဏိနဲ့ တခြား သတ္တု တွေကိုလည်း လုံး၀ တားမြစ် ပိတ်ပင်လိုက်သလို စက်ရုံလုပ်ငန်းဆိုင်ရာ စက်ယန္တရားနဲ့ ပို့ဆောင်ရေးလုပ်ငန်းအတွက်ယာဉ်တွေကိုလည်း ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ဒီအရေးယူ လုပ်ဆောင်ချက်တွေဟာ ကုလသမ္ဂက က နောက်ဆုံး ချတ်မှတ်လိုက်တဲ့ ဒဏ်ခတ်အရေးယူမှုနဲ့ကိုက်ညီသလို၊ လာမယ့်သီတင်းပတ်အတွင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူတွေ အကြား ပထမ အကြိမ် တွေ့ဆုံစကားပြောဆိုဖို့ သဘောတူချက်ကိုလည်း လိုက်ပါဆောင်ရာ ရောက်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်အတွင်း ကောင်းမွန်တဲ့ အပြုသဘောဆိုင်ရာ ဖွံ့ဖြိုးတိုက်တက်မှုတွေကို တရုတ်နိုင်ငံက ကြိုဆိုတယ်လို့ မြောက်ကိုရီးယား နျူကလီးယားအရေးဆိုင်ရာ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းရေးအကြီးအကဲ Kong Xuanyou က ပြောပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေ လမ်းမှန်ပေါ် ပြန်ရောက်အောင်လည်း သက်ဆိုင်ရာ အဖွဲ့တွေအားလုံးအနေနဲ့ ဆောင်ရွက်သွားကြဖို့ တရုတ်နိုင်ငံခြားရေးဌာနက တချိန်တည်းမှာ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG