သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရး ေကာ္မရွင္နာမင္းႀကီး တ႐ုတ္ႏုိင္ငံ ဝင္ခြင့္ျပဳဖုိ႔ ကုလအတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆုိ


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres. (ဒီဇင္ဘာ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံ ရွင္က်န္းေဒသအေရး အပါအဝင္ လူ႔အခြင့္အေရးဆိုင္ရာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လူ႔အခြင့္ေရး ေကာ္မရွင္နာမင္းႀကီး Michelle Bachelet ကို တ႐ုတ္ႏုိင္ငံ လာေရာက္ခြင့္ျပဳဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တ႐ုတ္ေခါင္းေဆာင္ေတြကို ေတာင္းဆိုလိုက္တယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ ေျပာခြင့္ရက စေနေန႔မွာ ေျပာပါတယ္။

အတြင္းေရးမွဴးခ်ဳပ္ Guterres ဟာ ေဘဂ်င္းက ေဆာင္းရာသီ အိုလံပစ္ပြဲကို တက္ေရာက္တဲ့ သူ႔ခရီးစဥ္အတြင္း တ႐ုတ္သမၼတ Xi Jinping နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi တို႔နဲ႔ သီးသန္႔ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။

ကုလ လူ႔အခြင့္အေရးဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး႐ုံးနဲ႔ တ႐ုတ္အာဏာပိ္ုင္တို႔ၾကား ဆက္သြယ္မႈကေန ေကာ္မရွင္နာမင္းႀကီး Michelle Bachelet ကို တ႐ုတ္ ရွင္က်န္းေဒသ သြားေရာက္ခြင့္ အပါအဝင္ တ႐ုတ္ႏိုင္ငံကို လာေရာက္ခြင့္ျပဳမယ္လို႔ သူေမွ်ာ္လင့္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္က တ႐ုတ္ေခါင္းေဆာင္ ၂ ဦးနဲ႔ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့တယ္လို႔ အတြင္းေရးမွဴးခ်ဳပ္႐ုံး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္အစိုးရရဲ႕ ဆင္ဟြာသတင္းမွာ ေတြ႔ဆုံမႈနဲ႔ပတ္သက္လုိ႔ ေဖာ္ျပရာမွာေတာ့ လူ႔အခြင့္အေရးကိစၥကုိ ထည့္သြင္းမထားပါဘူး။

လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ တ႐ုတ္ႏိုင္ငံ အေနာက္ဘက္ ရွင္က်န္းျပည္နယ္မွာ မြတ္စလင္လူနည္းစု တသန္းေလာက္ဟာ ပညာေပးစခန္းေတြမွာ အက်ဥ္းခ်ထားတာ ခံေနရၿပီး အဓမၼလုပ္အားခိုင္းေစတာ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားေနတယ္လို႔ ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး တရုတ်နိုင်ငံ ဝင်ခွင့်ပြုဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

တရုတ်နိုင်ငံ ရှင်ကျန်းဒေသအရေး အပါအဝင် လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်နာမင်းကြီး Michelle Bachelet ကို တရုတ်နိုင်ငံ လာရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တရုတ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်တယ်လို့ အတွင်းရေးမှူးချုပ် ပြောခွင့်ရက စနေနေ့မှာ ပြောပါတယ်။

အတွင်းရေးမှူးချုပ် Guterres ဟာ ဘေဂျင်းက ဆောင်းရာသီ အိုလံပစ်ပွဲကို တက်ရောက်တဲ့ သူ့ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping နဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့နဲ့ သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံးနဲ့ တရုတ်အာဏာပိုင်တို့ကြား ဆက်သွယ်မှုကနေ ကော်မရှင်နာမင်းကြီး Michelle Bachelet ကို တရုတ် ရှင်ကျန်းဒေသ သွားရောက်ခွင့် အပါအဝင် တရုတ်နိုင်ငံကို လာရောက်ခွင့်ပြုမယ်လို့ သူမျှော်လင့်ကြောင်း အတွင်းရေးမှူးချုပ်က တရုတ်ခေါင်းဆောင် ၂ ဦးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းမှာ တွေ့ဆုံမှုနဲ့ပတ်သက်လို့ ဖော်ပြရာမှာတော့ လူ့အခွင့်အရေးကိစ္စကို ထည့်သွင်းမထားပါဘူး။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ တရုတ်နိုင်ငံ အနောက်ဘက် ရှင်ကျန်းပြည်နယ်မှာ မွတ်စလင်လူနည်းစု တသန်းလောက်ဟာ ပညာပေးစခန်းတွေမှာ အကျဉ်းချထားတာ ခံနေရပြီး အဓမ္မလုပ်အားခိုင်းစေတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG