သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္လူ႔အခြင္႔အေရးခ်ိဳးေဖာက္မႈ ဒီမိုကေရစီႏိုင္ငံေတြ စုေပါင္းတံု႔ျပန္ဖို႔ ၿဗိတိန္အမတ္ေတြတိုက္တြန္း


(Zawgyi/Unicode)

တ႐ုတ္ျပည္တြင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ႏိုင္ငံရပ္ျခားက အာဏာရွင္စနစ္ေတြကို တ႐ုတ္က ေထာက္ခံပံ့ပိုးေနတာကို တုန႔္ျပန္ေဆာင္႐ြက္ဖို႔ ကမာၻမွာ ဦးေဆာင္ေနတဲ့ ဒီမိုကေရစီႏိုင္ငံေတြအေနနဲ႔ ၫြန႔္ေပါင္းအဖြဲ႕ဖြဲ႕စည္းသင့္ေၾကာင္း ထင္ရွားတဲ့ ၿဗိတိန္ပါလီမန္ အမတ္ေတြက အႀကံျပဳတိုက္တြန္းခဲ့ၾကပါတယ္။

တ႐ုတ္အစိုးရရဲ႕ ၾသဇာလႊမ္းမိုးမႈကို ေစာင့္ၾကည့္ဖို႔အတြက္ "China Research Group" တ႐ုတ္ႏိုင္ငံဆိုင္ရာ သုေတသန အဖြဲ႕ကို လက္ရွိၿဗိတိန္အာဏာရ ကြန္ဆာဗးတစ္ပါတီက ပါလီမန္အမတ္ေတြကဖြဲ႕စည္းခဲ့ပါတယ္။ ဒီအဖြဲ႕ကို တည္ေထာင္သူတဦးလည္းျဖစ္ ၿဗိတိန္ပါလီမန္ ႏိုင္ငံျခားေရးရာေကာ္မတီဥကၠဌလည္းျဖစ္တဲ့ ကြန္ဆာေဗးတစ္ ပါလီမန္အမတ္ Tom Tugendhat က ႏိုင္ငံတကာစနစ္နဲ႔အညီ တ႐ုတ္အေနနဲ႔ ေျပာင္းလဲေဆာင္႐ြက္ဖို႔ ျဖစ္တယ္လို႔ အခုလို ဗြီအိုေအကိုေျပာပါတယ္။

”က်ေနာ္တို႔ လုပ္ေနတာကစည္းမ်ဥ္းစည္းကမ္းေတြကိုအေျခခံထားတဲ့ ႏိုင္ငံတကာစနစ္အတြင္း ေျပာင္းလဲေအာင္ အားေပးဖို႔ျဖစ္ပါတယ္။ ဒါမွသာ တ႐ုတ္ျပည္သူေတြအေနနဲ႔ သူတို႔ ရသင့္ရထိုက္တဲ့ အခြင့္အလမ္းေတြရရွိႏိုင္ၿပီး က်န္တဲ့ ကမာၻႀကီးမွာလည္း ၿခိမ္းေျခာက္မႈေတြရွိမွာ မဟုတ္ေတာ့ပါဘူး။”

ၿဗိတိန္အေနနဲ႔တရုတ္နဲ႔ ပတ္သက္လို႔ မူ၀ါဒ တသမတ္တည္းထားဖို႔ လိုအပ္ေနေၾကာင္းနဲ႔ မၾကာေသးခင္ကပဲ”မူ၀ါဒလမ္းညႊန္ ” ဆိုတဲ့ အစီရင္ခံစာကို သူတို႔အဖြဲ႕အေနနဲ႔ထုတ္ျပန္ထားတာပါ။

ဒါအျပင္ တ႐ုတ္ႏိုင္ငံဆိုင္ရာသုေတသနအဖြဲ႔ရဲ႕ မူဝါဒအႀကံျပဳခ်က္ေတြထဲမွာ တ႐ုတ္ၾသဇာလႊမ္းမိုးမႈကိုဟန္ခ်က္ညီေစဖို႔ ထိပ္တန္းဒီမိုကေရစီ ၁၀ ႏိုင္ငံကေန ညြန႔္ေပါင္းအဖြဲ႕ဖြဲ႕စည္းဖို႔နဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္တယ္လို႔ စြပ္စဲြခံထားရတဲ့ တရုတ္လူမ်ဳိး တဦးခ်င္းစီကို ပိတ္ဆို႔အေရးယူဖို႔ စတဲ့အခ်က္ေတြပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တရုတ်လူ့အခွင့်အရေးချိုးဖောက်မှု ဒီမိုကရေစီနိုင်ငံတွေ စုပေါင်းတုံ့ပြန်ဖို့ ဗြိတိန်အမတ်တွေတိုက်တွန်း

(Unicode)

တရုတ်ပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရပ်ခြားက အာဏာရှင်စနစ်တွေကို တရုတ်က ထောက်ခံပံ့ပိုးနေတာကို တုန့်ပြန်ဆောင်ရွက်ဖို့ ကမ္ဘာမှာ ဦးဆောင်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းသင့်ကြောင်း ထင်ရှားတဲ့ ဗြိတိန်ပါလီမန် အမတ်တွေက အကြံပြုတိုက်တွန်းခဲ့ကြပါတယ်။

တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှုကို စောင့်ကြည့်ဖို့အတွက် "China Research Group" တရုတ်နိုင်ငံဆိုင်ရာ သုတေသန အဖွဲ့ကို လက်ရှိဗြိတိန်အာဏာရ ကွန်ဆာဗးတစ်ပါတီက ပါလီမန်အမတ်တွေကဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ကို တည်ထောင်သူတဦးလည်းဖြစ် ဗြိတိန်ပါလီမန် နိုင်ငံခြားရေးရာကော်မတီဥက္ကဌလည်းဖြစ်တဲ့ ကွန်ဆာဗေးတစ် ပါလီမန်အမတ် Tom Tugendhat က နိုင်ငံတကာစနစ်နဲ့အညီ တရုတ်အနေနဲ့ ပြောင်းလဲဆောင်ရွက်ဖို့ ဖြစ်တယ်လို့ အခုလို ဗွီအိုအေကိုပြောပါတယ်။

”ကျနော်တို့ လုပ်နေတာကစည်းမျဉ်းစည်းကမ်းတွေကိုအခြေခံထားတဲ့ နိုင်ငံတကာစနစ်အတွင်း ပြောင်းလဲအောင် အားပေးဖို့ဖြစ်ပါတယ်။ ဒါမှသာ တရုတ်ပြည်သူတွေအနေနဲ့ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေရရှိနိုင်ပြီး ကျန်တဲ့ ကမ္ဘာကြီးမှာလည်း ခြိမ်းခြောက်မှုတွေရှိမှာ မဟုတ်တော့ပါဘူး။”

ဗြိတိန်အနေနဲ့တရုတ်နဲ့ ပတ်သက်လို့ မူဝါဒ တသမတ်တည်းထားဖို့ လိုအပ်နေကြောင်းနဲ့ မကြာသေးခင်ကပဲ”မူဝါဒလမ်းညွှန် ” ဆိုတဲ့ အစီရင်ခံစာကို သူတို့အဖွဲ့အနေနဲ့ထုတ်ပြန်ထားတာပါ။

ဒါအပြင် တရုတ်နိုင်ငံဆိုင်ရာသုတေသနအဖွဲ့ရဲ့ မူဝါဒအကြံပြုချက်တွေထဲမှာ တရုတ်သြဇာလွှမ်းမိုးမှုကိုဟန်ချက်ညီစေဖို့ ထိပ်တန်းဒီမိုကရေစီ ၁၀ နိုင်ငံကနေ ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်လူမျိုး တဦးချင်းစီကို ပိတ်ဆို့အရေးယူဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG