သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ခံ အချက်အလက် ဆန်းစစ်တဲ့ ကန်ကုမ္ပဏီ တရုတ်ပိတ်သိမ်း


The closed office of the Mintz Group is seen in an office building in Beijing on March 24, 2023.
The closed office of the Mintz Group is seen in an office building in Beijing on March 24, 2023.

=== [[ ZAWGYI ]] ===

နောက်ခံ အချက်အလက် ဆန်းစစ်တဲ့ ကန်ကုမ္ပဏီ တရုတ်ပိတ်သိမ်း

တရုတ်အာဏာပိုင်တွေဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း လုပ်ငန်းတွေရဲ့ နောက်ခံ အချက်အလက်တွေကို စုံစမ်း စစ်ဆေးပေးတဲ့ အမေရိကန် ကုမ္ပဏီတခုဖြစ်တဲ့ မင့်ဇ်(Mintz) လုပ်ငန်းစုရဲ့ ဘေဂျင်းက ရုံးတွေကို ဝင်ရောက် စီးနင်းခဲ့ပြီး ရုံးခန်းတွေကို ပိတ်လိုက်သလို အဲဒီက တရုတ်နိုင်ငံသား ဝန်ထမ်း ၅ ဦးကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။

ကုမ္ပဏီကို ဥပဒေရေးရာအရ တရားဝင် တစုံတရာ အသိပေးတာမျိုး မရှိခဲ့ဘူးလို့ မင့်ဇ် လုပ်ငန်းစုက ပြောပြီး သူ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဖမ်းဆီးခံရသူတွေအတွက် တရားရေး လမ်းကြောင်းကနေ အကြံဉာဏ်ရယူပြီး တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

သူတို့ ကုမ္ပဏီအနေနဲ့ တရုတ်ပြည်မှာ တရားဝင် စီးပွားလုပ်ကိုင်ခွင့် လိုင်စင်ရထားပြီး အခုလို ပိတ်သိမ်း ဖမ်းဆီးတဲ့အထိ ဖြစ်ခဲ့တဲ့ နားလည်မှုလွဲမှားတာတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို အာဏာပိုင်တွေနဲ့ လက်တွဲပြီး အဖြေရှာမယ်လို့ ပြောပါတယ်။

Mintz Group လို့ ခေါ်တဲ့ လုပ်ငန်းစုကြီးဟာ ဝါရှင်တန် အပါအဝင် ကမ္ဘာတဝန်းမှာ ရုံးပေါင်း ၁၈ ခု ဖွင့်လှစ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ နောက်ခံ စစ်ဆေးမှု လုပ်ပေးတဲ့ နိုင်ငံစုံ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။

အခုလို နိုင်ငံခြား လုပ်ငန်းတခု ရုံးပိတ်ခံရတာက တရုတ်ပြည်က အခြား နိုင်ငံတကာလုပ်ငန်းတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားသလို ဒါဟာ အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အရင်လက အမေရိကန်ပိုင်နက်ထဲ ပျံသန်း ဝင်ရောက်လာတဲ့ တရုတ်ရဲ့ မိုးပျံပူဖောင်းကြီးကို ထောက်လှမ်းရေး သူလျှို လုပ်တယ်ဆိုပြီး အမေရိကန်က ပစ်ချခဲ့ပါတယ်။ မီးပုံးပျံက မိုးလေဝသစောင့်ကြည့်ရေး ကိရိယာတခုဖြစ်ကြောင်း တရုတ်နိုင်ငံက ပြန်လည်ချေပခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲ ပြစ်တင်မှုတွေနဲ့ ဆက်ဆံရေး ပျက်ပြားနေတာ ဖြစ်ပါတယ်။

နောက်ခံ အချက်အလက် ဆန်းစစ်တဲ့ ကန်ကုမ္ပဏီ တရုတ်ပိတ်သိမ်း
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG