သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအလားအလာ


မူဆယ် နယ်စပ်ဂိတ်
မူဆယ် နယ်စပ်ဂိတ်

တရုတ်နိုင်ငံဘက်က ယူနန်ပြည်နယ်ကိုဖြတ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီချက် ရထားတာမှာ ကနဦး ခန့်မှန်းချက်တွေအရ ကဏ္ဍစုံပါဝင်မယ့် ဒီ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမယ်လို့ ဆိုပါတယ်။ အဓိက အားဖြင့်တော့ လမ်းပန်း ဆက်သွယ်ရေး၊ နယ်စပ်ဒေသ စီးပွားရေးဇုံတွေနဲ့ ဒီ စင်္ကြန်လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ မြို့တွေကို တိုးချဲ့ တည်ဆောက်မှာ အပါအဝင် စီမံကိန်းပေါင်း ၂၄ ခု ပါဝင်မှာ ဖြစ်ပါတယ်။ စီမံကိန်းအတွက် ငွေကြေးအများစုကို တရုတ်နိုင်ငံက ချေးယူရမှာ ဖြစ်တာကြောင့် အတိုးနှုန်း ဘယ်လောက် ပေးရမလဲ ဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပေမယ့် မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ အနည်းဆုံး အတိုးနှုန်းနဲ့ ချေးနိုင်မယ်လို့ ပြောဆိုထားပါတယ်။ တရုတ်နဲ့ မြန်မာအကြား လက်ရှိ လုပ်ဆောင်နေတဲ့ စီးပွားရေး စီမံကိန်းတွေအပေါ် ဘယ်လောက်အထိ စိုးရိမ်မှုတွေ ရှိနေသလဲ ဆိုတာကိုတော့ စီးပွားရေးပညာရှင် ဦးကံထွန်းကို ဆက်သွယ်ပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်းက တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG