သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ ရှေ့သီတင်းပါတ် ရုရှားသွားမည်

ယခင်မှတ်တမ်းဓါတ်ပုံ | တရုတ်သမ္မတရှီကျင့်ပင် (ဝဲ)နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ယာ) တို့ကို ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand တွင် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း အတူတွေ့ရစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၂)
ယခင်မှတ်တမ်းဓါတ်ပုံ | တရုတ်သမ္မတရှီကျင့်ပင် (ဝဲ)နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ယာ) တို့ကို ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand တွင် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း အတူတွေ့ရစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၂)

တရုတ်သမ္မတရှီကျင့်ပင်ဟာ ရှေ့သီတင်းပါတ် ရုရှားနိုင်ငံကို လာရောက်ပြီး ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ၂ နိုင်ငံလုံးက သတင်းထုတ်ပြန်ပါတယ်။ လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ခရီးစဉ်အတွင်းသမ္မတဗလာဒီမီယာပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ အင်္ဂါနေ့မှာ တွေ့ဆုံ ဆွေးနွေးမယ်လို့ ရုရှားသမ္မတရုံးက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ တနင်္လာနေ့ညမှာ ညစာအတူစားရင်း အလွတ်သဘော ပြောကြမှာဖြစ်တယ်လို့လည်း သမ္မတရုံးပြောခွင့်ရ Dmitry Peskov ကပြောပါတယ်။

ရုရှားခေါင်းဆောင်ရဲ့ ဖိတ်ကြားမှုနဲ့ လာရောက်မယ့် တရုတ်သမ္မတနဲ့ ၂ နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဘက်ပေါင်းစုံက တိုးတက်ရေး ဆွေးနွေးကြမှာဖြစ်တယ်လို့ ရုရှားတို့ဖက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေးမြှင့်တင်ဖို့နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေရှေ့တိုးလုပ်နိုင်ရေးအတွက် ထိရောက်တဲ့အခန်းကနေလုပ်သွားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတရှီရုရှားနိုင်ငံကို သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က ကြေညာပါတယ်။ ကြာသပတေးနေ့ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကိုဆက်သွယ်ပြီး ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံက စိုးရိမ်ကြောင်းနဲ့ ရုရှားအစိုးရနဲ့ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် အနောက်နိုင်ငံတွေ ဒဏ်ခတ်အရေးယူနေချိန်မှာ တရုတ်နဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးရဖို့ ကြိုးစားနေတယ်လို့ အကဲခတ်တွေ သုံးသပ်နေပါတယ်။ တရုတ်သမ္မတရှီ သမ္မတသက်တမ်းကို တတိယအကြိမ် တရားဝင်ယူခဲ့ပြီး သီတင်းပါတ်ပိုင်းအတွင်းမှာ ရုရှားနိုင်ငံကို ပထမဆုံး သွားရောက်မှာဖြစ်ပါတယ်။

တရုတ်သမ္မတ ရှေ့သီတင်းပါတ် ရုရှားသွားမည်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG