Zawgyi/Unicode
လူေတြကို ကူးစက္နိုင္ၿပီး ေနာက္ထပ္ ကပ္ေရာဂါအသစ္ တစ္ခုျဖစ္လာနိုင္တဲ့တုပ္ေကြး ဗိုင္းရပ္စ္ပိုး အသစ္တမ်ိဳးကို ဝက္ေတြမွာ ေတြ႕ရွိထားေၾကာင္း တ႐ုတ္နိုင္ငံထဲက သိပၸံ ပညာရွင္ေတြက ေျပာပါတယ္။
၂၀၁၁ ကေန ၂၀၁၈ ခုႏွစ္အတြင္း တ႐ုတ္နိုင္ငံတြင္းက ျပည္နယ္ ၁၀ ခုကဝက္ေမြးျမဴေရးၿခံေတြနဲ႔ သားသတ္႐ုံေတြကို ေလ့လာသုေတသနျပဳလုပ္ခဲ့တဲ့ စီမံခ်က္အရ “G4” မ်ိဳးဆက္သစ္ တုပ္ေကြးေရာဂါ ဗိုင္းရပ္စ္ပိုးကို ဝက္ ေတြကိုယ္ထဲမွာ ေတြ႕ရွိရတာျဖစ္ေၾကာင္း အေမရိကန္အေျခစိုက္National Academy of Sciences ကထုတ္ေဝတဲ့ သိပၸံဂ်ာနယ္ တေစာင္မွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။
အခုေတြ႕တဲ့ ေရာဂါပိုးက ၂၀၀၉ ခုႏွစ္တုန္းက လူေပါင္း ရာ၊ ေထာင္ခ်ီ ေသဆုံးခဲ့တဲ့ H1N1 ဝက္တုပ္ေကြးရဲ့ မ်ိဳးကြဲတခုလို႔ ဆိုပါတယ္။ တ႐ုတ္နိုင္ငံတြင္း ဝက္ေမြးျမဴေရးၿခံ နဲ႔ သားသတ္႐ုံေတြမွာ ဝက္ေတြကတဆင့္ အလုပ္သမားေတြကို ဒီေရာဂါပိုးကူးစက္တာကို ေတြ႕ရေပမဲ့ လူလူခ်င္း ကူးစက္မႈ ရွိ၊ မရွိ အေထာက္အထားေတြကိုေတာ့ လတ္တေလာ မေတြ႕ေသးပါဘူး။
ဒီပိုးက လူရဲ့ အသက္ရႈလမ္းေၾကာင္းတြင္း ရွင္သန္နိုင္ၿပီး အလၽွင္အျမန္ အဆပြါးနိုင္တယ္လို႔ ေျပာပါတယ္။
G4 ဗိုင္းရပ္စ္ က H1N1 မ်ိဳးကြဲသစ္ျဖစ္ေပမဲ့ လက္ရွိ အသုံးျပဳေနတဲ့ တုပ္ေကြး ကာကြယ္ေဆးေတြက ဒီပိုးကို တိုက္ထုတ္နိုင္တဲ့ ခႏၶာကိုယ္ ခုခံစြမ္းအားကို မေပးနိုင္ဘူးလို႔ လည္းသုေတသနပညာရွင္ေတြက ေျပာပါတယ္။
အဲဒီ G4 ဗိုင္းရပ္စ္ပိုးမွာ ကပ္ေရာဂါအျဖစ္ အသြင္ေျပာင္းလာနိုင္တဲ့ ဗိုင္းရပ္စ္ပိုးရဲ့ သြင္ျပင္လကၡဏာ အားလုံရွိေနတယ္လို႔ လည္း အဲဒီသုေတသန စာတမ္းမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ သိပၸံပညာရွင္ေတြကဝက္ေတြအခ်င္းခ်င္းၾကား G4 ဗိုင္းရပ္စ္ ပိုး ကူးစက္ျပန္႔ႏွံ့တာကို ထိန္းခ်ဳပ္ဖို႔နဲ႔ အဲဒီ ဝက္ေတြနဲ႔ နီးနီးကပ္ကပ္ရွိတဲ့ ဝက္ၿခံ အလုပ္သမားေတြကို အနီးကပ္ေစာင့္ၾကည့္ ဖို႔ကို သတိေပးတိုက္တြန္းထားပါတယ္။
[Unicode]
၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင်းက ပြည်နယ် ၁၀ ခုကဝက်မွေးမြူရေးခြံတွေနဲ့ သားသတ်ရုံတွေကို လေ့လာသုတေသနပြုလုပ်ခဲ့တဲ့ စီမံချက်အရ “G4” မျိုးဆက်သစ် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးကို ဝက် တွေကိုယ်ထဲမှာ တွေ့ရှိရတာဖြစ်ကြောင်း အမေရိကန်အခြေစိုက်National Academy of Sciences ကထုတ်ဝေတဲ့ သိပ္ပံဂျာနယ် တစောင်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အခုတွေ့တဲ့ ရောဂါပိုးက ၂၀၀၉ ခုနှစ်တုန်းက လူပေါင်း ရာ၊ ထောင်ချီ သေဆုံးခဲ့တဲ့ H1N1 ဝက်တုပ်ကွေးရဲ့ မျိုးကွဲတခုလို့ ဆိုပါတယ်။ တရုတ်နိုင်ငံတွင်း ဝက်မွေးမြူရေးခြံ နဲ့ သားသတ်ရုံတွေမှာ ဝက်တွေကတဆင့် အလုပ်သမားတွေကို ဒီရောဂါပိုးကူးစက်တာကို တွေ့ရပေမဲ့ လူလူချင်း ကူးစက်မှု ရှိ၊ မရှိ အထောက်အထားတွေကိုတော့ လတ်တလော မတွေ့သေးပါဘူး။
ဒီပိုးက လူရဲ့ အသက်ရှုလမ်းကြောင်းတွင်း ရှင်သန်နိုင်ပြီး အလျှင်အမြန် အဆပွါးနိုင်တယ်လို့ ပြောပါတယ်။
G4 ဗိုင်းရပ်စ် က H1N1 မျိုးကွဲသစ်ဖြစ်ပေမဲ့ လက်ရှိ အသုံးပြုနေတဲ့ တုပ်ကွေး ကာကွယ်ဆေးတွေက ဒီပိုးကို တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ် ခုခံစွမ်းအားကို မပေးနိုင်ဘူးလို့ လည်းသုတေသနပညာရှင်တွေက ပြောပါတယ်။
အဲဒီ G4 ဗိုင်းရပ်စ်ပိုးမှာ ကပ်ရောဂါအဖြစ် အသွင်ပြောင်းလာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့ သွင်ပြင်လက္ခဏာ အားလုံရှိနေတယ်လို့ လည်း အဲဒီသုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေကဝက်တွေအချင်းချင်းကြား G4 ဗိုင်းရပ်စ် ပိုး ကူးစက်ပြန့်နှံ့တာကို ထိန်းချုပ်ဖို့နဲ့ အဲဒီ ဝက်တွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ ဝက်ခြံ အလုပ်သမားတွေကို အနီးကပ်စောင့်ကြည့် ဖို့ကို သတိပေးတိုက်တွန်းထားပါတယ်။