သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ေၾကာင့္ တိဘက္ဗုဒၶဘာသာ ႏွစ္ျခမ္းကဲြမည့္အေရး တိဘက္တို႔စိုးရိမ္


တိဘက္ ဘာသာေရးေခါင္းေဆာင္ ဒလိုင္းလားမား။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

တိဘက္ ဘာသာေရးေခါင္းေဆာင္ ဒလိုင္းလားမားေနရာကို ဆက္ခံမယ့္သူ ေရြးခ်ယ္တဲ့ကိစၥမွာ တ႐ုတ္ႏုိင္ငံက ၾကားဝင္စြက္ဖက္တာမ်ဳိး မလုပ္ဖို႔ အိႏၵိယႏုိင္ငံ Dharamsala ၿမဳိ႕ အေျခစိုက္ တိဘက္အေရး လႈပ္ရွားသူေတြက တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒီလိုလုပ္ခြင့္မရွိဘူးလို႔လည္း တိဘက္လူငယ္ကြန္ဂရက္ ဥကၠ႒ Gompo Dhondup က ေျပာပါတယ္။

"ဒါက လုံးဝ တရားမဝင္ပါဘူး။ 'People Republic of China' လို႔ေခၚတဲ့ တ႐ုတ္အစိုးရဟာ ဘုရားမဲ့ေတြ ျဖစ္ပါတယ္။ တိဘက္ေခါင္းေဆာင္ 'လာမာ' အသစ္ ေရြးခ်ယ္ပဲြ လုပ္ငန္းစဥ္ဟာ ဗုဒၶဘာသာအရေရာ တိဘက္ ယဥ္ေက်းမႈထုံးစံ အရပါ ဆက္ႏႊယ္ေနတာမို႔ တ႐ုတ္အစိုးရအေနနဲ႔ ဝင္ေရာက္စြက္ဖက္ပုိင္ခြင့္ မရွိပါဘူး။" လို႔ Gompo က ေျပာသြားတာပါ။

တ႐ုတ္အစိုးရဟာ ကြန္ျမဴနစ္တပ္ေတြ ၁၉၅၀ မွာ တိဘက္နယ္ေျမကို ဝင္သိမ္းခဲ့ခ်ိန္ကစလို႔ တင္းက်ပ္စြာအုပ္ခ်ဳပ္ခဲ့ၿပီး ဘုန္းေတာ္ႀကီး ဒလိုင္းလားမားကိုလည္း အႏၱရာယ္ရွိတဲ့ ေခါင္းေဆာင္အျဖစ္ ေစာင့္ၾကည့္လာခဲ့တာပါ။ ၁၉၅၉ မွာ တိဘက္ေတြရဲ႕ မေအာင္ျမင္တဲ့ အုံႂကြဆန္႔က်င္မႈအၿပီး ဒလိုင္းလားမားလည္း အိႏၵိယကုိ ထြက္ေျပးခဲ့ရပါတယ္။

ဒလိုင္းလားမားၿပီးရင္ ဒုတိယအဆင့္အျမင့္ဆုံး Panchen Lama ဆိုတဲ့ ဘုန္းေတာ္ႀကီးတပါးကို တ႐ုတ္အစိုးရက ခန္႔ထားေပမယ့္ ဒါဟာ 'လာမာ' အတုဆိုၿပီး တိဘက္ေတြက လက္မခံပါဘူး။

အစဥ္လာအရ ဒလိုင္းလားမားေနရာကို ဝင္စားမယ့္ ကေလးတဦးကို တ႐ုတ္ႏုိင္ငံတြင္း တိဘက္ေဒသမွာသာ အဆင့္ျမင့္ လာမာဘုန္းေတာ္ႀကီးေတြက ႏွစ္နဲ႔ခ်ီၾကာ ရွာေဖြရတာမ်ဳိး ျဖစ္ပါတယ္။

တိဘက္ေတြ စိုးရိမ္ေနတာကေတာ့ ျပည္ပအေျခစိုက္ တိဘက္ေတြ ေရြးခ်ယ္လိုက္တဲ့ ဒလိုင္းလားမားအသစ္နဲ႔ တ႐ုတ္အစိုးရက တင္ေျမႇာက္လိုက္တဲ့ ဒလိုင္းလားမားအသစ္ဆုိၿပီး ႏွစ္ဦးျဖစ္လာရင္ လက္ရွိ ဒလိုင္းလားမားကုိ ဆက္ခံမယ့္ကိစၥမွာ တိဘက္ဗုဒၶဘာသာဝင္ေတြၾကား ႏွစ္ျခမ္းကြဲသြားမလား ဆိုတာပဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

တရုတ်ကြောင့် တိဘက်ဗုဒ္ဓဘာသာ နှစ်ခြမ်းကွဲမည့်အရေး တိဘက်တို့စိုးရိမ်

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနေရာကို ဆက်ခံမယ့်သူ ရွေးချယ်တဲ့ကိစ္စမှာ တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်တာမျိုး မလုပ်ဖို့ အိန္ဒိယနိုင်ငံ Dharamsala မြို့ အခြေစိုက် တိဘက်အရေး လှုပ်ရှားသူတွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီလိုလုပ်ခွင့်မရှိဘူးလို့လည်း တိဘက်လူငယ်ကွန်ဂရက် ဥက္ကဋ္ဌ Gompo Dhondup က ပြောပါတယ်။

"ဒါက လုံးဝ တရားမဝင်ပါဘူး။ 'People Republic of China' လို့ခေါ်တဲ့ တရုတ်အစိုးရဟာ ဘုရားမဲ့တွေ ဖြစ်ပါတယ်။ တိဘက်ခေါင်းဆောင် 'လာမာ' အသစ် ရွေးချယ်ပွဲ လုပ်ငန်းစဉ်ဟာ ဗုဒ္ဓဘာသာအရရော တိဘက် ယဉ်ကျေးမှုထုံးစံ အရပါ ဆက်နွှယ်နေတာမို့ တရုတ်အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။" လို့ Gompo က ပြောသွားတာပါ။

တရုတ်အစိုးရဟာ ကွန်မြူနစ်တပ်တွေ ၁၉၅၀ မှာ တိဘက်နယ်မြေကို ဝင်သိမ်းခဲ့ချိန်ကစလို့ တင်းကျပ်စွာအုပ်ချုပ်ခဲ့ပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကိုလည်း အန္တရာယ်ရှိတဲ့ ခေါင်းဆောင်အဖြစ် စောင့်ကြည့်လာခဲ့တာပါ။ ၁၉၅၉ မှာ တိဘက်တွေရဲ့ မအောင်မြင်တဲ့ အုံကြွဆန့်ကျင်မှုအပြီး ဒလိုင်းလားမားလည်း အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။

ဒလိုင်းလားမားပြီးရင် ဒုတိယအဆင့်အမြင့်ဆုံး Panchen Lama ဆိုတဲ့ ဘုန်းတော်ကြီးတပါးကို တရုတ်အစိုးရက ခန့်ထားပေမယ့် ဒါဟာ 'လာမာ' အတုဆိုပြီး တိဘက်တွေက လက်မခံပါဘူး။

အစဉ်လာအရ ဒလိုင်းလားမားနေရာကို ဝင်စားမယ့် ကလေးတဦးကို တရုတ်နိုင်ငံတွင်း တိဘက်ဒေသမှာသာ အဆင့်မြင့် လာမာဘုန်းတော်ကြီးတွေက နှစ်နဲ့ချီကြာ ရှာဖွေရတာမျိုး ဖြစ်ပါတယ်။

တိဘက်တွေ စိုးရိမ်နေတာကတော့ ပြည်ပအခြေစိုက် တိဘက်တွေ ရွေးချယ်လိုက်တဲ့ ဒလိုင်းလားမားအသစ်နဲ့ တရုတ်အစိုးရက တင်မြှောက်လိုက်တဲ့ ဒလိုင်းလားမားအသစ်ဆိုပြီး နှစ်ဦးဖြစ်လာရင် လက်ရှိ ဒလိုင်းလားမားကို ဆက်ခံမယ့်ကိစ္စမှာ တိဘက်ဗုဒ္ဓဘာသာဝင်တွေကြား နှစ်ခြမ်းကွဲသွားမလား ဆိုတာပဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG