သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုနဲ့ တရုတ်နိုင်ငံသား ၁၅၀ တရုတ်ထံ မြန်မာလွှဲပြောင်း


မြန်မာဘက်က လွှဲပြောင်းပေးအပ်ခဲ့တဲ့ အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများကို ယူနန်ပြည်နယ်တွင် တွေ့ရစဉ်
မြန်မာဘက်က လွှဲပြောင်းပေးအပ်ခဲ့တဲ့ အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများကို ယူနန်ပြည်နယ်တွင် တွေ့ရစဉ်

နယ်စပ်ဖြတ်ကျော်ပြီး အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁၅၀ ကို မြန်မာဘက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ပြောပါတယ်။ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူတွေကို နှိမ်နှင်းရေးအတွက် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ မြန်မာရဲတပ်ဖွဲ့တို့ မနှစ်ကစပြီး ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်လာတာမှာ ရာဇဝတ်မှုကျူးလွန်သူ စုစုပေါင်း တရုတ်နိုင်ငံသား ၄၉,၀၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။

မနှစ် ဩဂုတ်လအတွင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ၊ ထိုင်း၊ လာအိုတို့က တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအခြေစိုက် ဆိုင်ဘာရာဇဝတ်မှုဂိုဏ်းတွေကို ပူးတွဲဆောင်ရွက်ကြမယ့်အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။​ ထိုင်း-မြန်မာနယ်စပ်၊​ မြဝတီမြို့အနီးမှာရှိတဲ့ ရွှေကုက္ကိုလ်မှာ ရာဇဝတ်ဂိုဏ်းတွေက အဓမ္မခေါ်ဆောင် အလုပ်ခိုင်းစေခံရသူ နိုင်ငံခြားသားတွေထဲ ထိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ လာအိုတို့လို အိမ်နီးချင်း နိုင်ငံသားတွေပါဝင်သလို မလေးရှား၊ ဖိလစ်ပိုင်စတဲ့ တခြား ဒေသတွင်းနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။​


အဲဒီထဲက နိုင်ငံခြားသားတော်တော်များများကို ကယ်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရွှေကုက္ကိုလ်ကို နယ်စပ်ဖြတ်ကျော် သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ မသင်္ကာတဲ့ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၆ ဦးကို ထိုင်းနယ်စပ်၊​ မဲဆောက်မြို့အနီးမှာ ထိုင်းအာဏာပိုင်တွေက အခုရက်ပိုင်းမှာဘဲ ဖမ်းဆီးမိခဲ့ပါတယ်။​

Forum

XS
SM
MD
LG