သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့နယ်တွင်း တရုတ်နိုင်ငံသား ၈၀၀ ကျော် နေရပ်ပြန်ပို့


မြန်မာနိုင်ငံထဲကနေ အွန်လိုင်းငွေလိမ်လည်မှုလုပ်နေတယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသားတွေကို ရန်ကုန်နိုင်ငံတကာလေဆိပ်ကနေ တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲအပ်ပေးစဥ်။ (ဆင်ဟွာသတင်းဌာန/သြဂုတ် ၂၆၊ ၂၀၂၃)
မြန်မာနိုင်ငံထဲကနေ အွန်လိုင်းငွေလိမ်လည်မှုလုပ်နေတယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသားတွေကို ရန်ကုန်နိုင်ငံတကာလေဆိပ်ကနေ တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲအပ်ပေးစဥ်။ (ဆင်ဟွာသတင်းဌာန/သြဂုတ် ၂၆၊ ၂၀၂၃)

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ လောင်းကစားနဲ့ လိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်း-မြန်မာ နှစ်နိုင်ငံအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ပြန်လည် ခေါ်ယူနေကြောင်း တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မနှစ် မတ်လကလည်း တရုတ်တရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေဟာ နိုင်ငံဖြတ်ကျော် ဆိုင်ဘာ တယ်လီကွန် အသုံးပြု လိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး မြန်မာနဲ့ ထိုင်း အာဏာပိုင်တို့ ပူးပေါင်းပြီး နှိမ်နှင်းနေပြီး ရလဒ်ကောင်းတွေ ရနေကြောင်းလည်း တရုတ်အစိုးရပိုင် တရုတ်နေ့စဥ်သတင်းစာမှာ ရေးပါတယ်။ ဒုစရိုက်လုပ်ငန်း ဖြိုခွင်းရေးကို အရှိန်မြှင့်လုပ်ဆောင်နေပြီး တရုတ်၊ မြန်မာနဲ့ ထိုင်းတရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေပါဝင်တဲ့ အလုပ်အဖွဲ့ကို ဖွဲ့စည်းထားပြီး မြဝတီမြို့နယ်ထဲကနေ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ခေါ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ မတ်လဆန်းက ထုတ်ပြန်ချက်ထဲမှာတော့ တယ်လီကွန်လိမ်လည်မှုသံသယရှိသူ ၄၆,၀၀၀ ကို မြန်မာကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG