သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ တကမၻာလုံး အပစ္ရပ္စဲဖုိ႔ ကုလ အတြင္းေရးမွဴး တုိက္တြန္း


(Zawgyi/Unicode)

ကမၻာအႏွံ႔ ကူးစက္ျပန္႔ႏွံ႔ေနတဲ့ Coronavirus ကပ္ေရာဂါႀကီးနဲ႔ ရင္ဆုိင္ေနရတာေၾကာင့္ ကမၻာတ၀ွမ္း လက္ရွိျဖစ္ေပၚေနတဲ့ စစ္ပြဲေတြကုိ ရပ္တန္႔ၿပီး ဒီေရာဂါတုိက္ဖ်က္ေရးအတြက္ အားလုံး ၀ုိင္း၀န္း လုပ္ေဆာင္ၾကဖုိ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေမတၱာရပ္ခံလုိက္ပါတယ္။

“ကမၻာ့ေနရာအႏံွ႔မွာ ျဖစ္ေပၚေနတဲ့ စစ္ပြဲေတြ ခ်က္ခ်င္း ရပ္တန္႔ၾကဖုိ႔ က်ေနာ္ ေတာင္းဆုိပါတယ္။ အခုခ်ိန္ဟာ လက္နက္ကုိင္ ပဋိပကၡေတြကုိ ရပ္တန္႔ထားၿပီး က်ေနာ္တုိ႔အားလုံးရဲ႕ အသက္အႏၱရာယ္ကုိ ကာကြယ္ၾကရမယ့္ အခ်ိန္ျဖစ္ပါတယ္။ စစ္ျဖစ္ေနၾကတဲ့ ၿပိဳင္ဘက္အဖြဲ႔ေတြအေနနဲ႔လည္း မလုိမုန္းတီးမႈေတြ၊ မယုံၾကည္မႈေတြကုိ ေဘးဖယ္ထားၾကဖုိ႔ က်ေနာ္ တုိက္တြန္းလုိပါတယ္။ ေသနတ္သံေတြကုိ ရပ္တန္႔လုိက္ၾကပါ၊ တုိက္ပြဲေတြကုိ ရပ္ၾကပါ၊ ေလေၾကာင္းက တုိက္ခုိက္မႈေတြကုိ အဆုံးသတ္ၾကပါ။”

Coronavirus တကမၻာလုံးကုိ ကူးစက္ျပန္႔႔ႏွံ႔ေနတဲ့အခ်ိန္မွာဘဲ ဆီးရီးယားႏုိင္ငံက စစ္ပြဲေတြဟာ ၁၀ ႏွစ္တာ ကာလထဲကုိ ၀င္ေရာက္လာေနသလုိ၊ ယီမင္ႏုိင္ငံက ျပည္တြင္းစစ္ဟာလည္း ၆ ႏွစ္ထဲကုိ ေရာက္လာေနပါၿပီ။ အလားတူဘဲ အာဖရိကတုိက္အတြင္းက လစ္ဗ်ား၊ ေတာင္ဆူဒန္တုိ႔မွာလည္း စစ္ပြဲေတြ အရွိန္အဟုန္နဲ႔ ျဖစ္ေပၚေနတာပါ။

ျမန္မာႏုိင္ငံမွာလည္း ရွမ္းျပည္နယ္နဲ႔ ရခုိင္ျပည္နယ္အတြင္း အစုိးရတပ္ဖြဲ႔ေတြနဲ႔ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြၾကားက တုိက္ပြဲေတြဟာလဲ အရွိန္ေလ်ာ့မသြားေသးတာေၾကာင့္ အျပစ္မဲ့ျပည္သူ အမ်ားအျပား ေသဆုံးေနၾကရသလုိ ေထာင္ေပါင္းမ်ားစြာလည္း အိုးအိမ္ စြန္႔ခြာ ထြက္ေျပးေနၾကရတာပါ။

တနလၤာေန႔အထိေတာ့ Coronavirus ေၾကာင့္ ကမၻာတ၀ွမ္း ေသဆုံးသူ ၁၆,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေရာဂါပုိးကူးစက္သူ အေရအတြက္ကေတာ့ ေလးသိန္းနား ကပ္လာေနပါၿပီ။ အေမရိကန္ျပည္ေထာင္စုမွာေတာ့ တနလၤာေန႔က တရက္အတြင္း ေသဆုံးသူ အနည္းဆုံး ၁၀၀ ေက်ာ္နဲ႔ စံခ်ိန္တင္ခဲ့ၿပီး စုစုေပါင္း ေသဆုံးသူ ၅၄၁ ဦးနဲ႔ ကူးစက္သူ ၄၃,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

COVID-19 ကြောင့် တကမ္ဘာလုံး အပစ်ရပ်စဲဖို့ ကုလ အတွင်းရေးမှူး တိုက်တွန်း

(Unicode)

ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့နေတဲ့ Coronavirus ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်နေရတာကြောင့် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို ရပ်တန့်ပြီး ဒီရောဂါတိုက်ဖျက်ရေးအတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မေတ္တာရပ်ခံလိုက်ပါတယ်။

“ကမ္ဘာ့နေရာအနံှ့မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ ချက်ချင်း ရပ်တန့်ကြဖို့ ကျနော် တောင်းဆိုပါတယ်။ အခုချိန်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်တန့်ထားပြီး ကျနော်တို့အားလုံးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ စစ်ဖြစ်နေကြတဲ့ ပြိုင်ဘက်အဖွဲ့တွေအနေနဲ့လည်း မလိုမုန်းတီးမှုတွေ၊ မယုံကြည်မှုတွေကို ဘေးဖယ်ထားကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။ သေနတ်သံတွေကို ရပ်တန့်လိုက်ကြပါ၊ တိုက်ပွဲတွေကို ရပ်ကြပါ၊ လေကြောင်းက တိုက်ခိုက်မှုတွေကို အဆုံးသတ်ကြပါ။”

Coronavirus တကမ္ဘာလုံးကို ကူးစက်ပြန့့်နှံ့နေတဲ့အချိန်မှာဘဲ ဆီးရီးယားနိုင်ငံက စစ်ပွဲတွေဟာ ၁၀ နှစ်တာ ကာလထဲကို ဝင်ရောက်လာနေသလို၊ ယီမင်နိုင်ငံက ပြည်တွင်းစစ်ဟာလည်း ၆ နှစ်ထဲကို ရောက်လာနေပါပြီ။ အလားတူဘဲ အာဖရိကတိုက်အတွင်းက လစ်ဗျား၊ တောင်ဆူဒန်တို့မှာလည်း စစ်ပွဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတာပါ။

မြန်မာနိုင်ငံမှာလည်း ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားက တိုက်ပွဲတွေဟာလဲ အရှိန်လျော့မသွားသေးတာကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးနေကြရသလို ထောင်ပေါင်းများစွာလည်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

တနင်္လာနေ့အထိတော့ Coronavirus ကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ ၁၆,၀၀၀ ကျော်သွားပြီဖြစ်ပြီး ရောဂါပိုးကူးစက်သူ အရေအတွက်ကတော့ လေးသိန်းနား ကပ်လာနေပါပြီ။ အမေရိကန်ပြည်ထောင်စုမှာတော့ တနင်္လာနေ့က တရက်အတွင်း သေဆုံးသူ အနည်းဆုံး ၁၀၀ ကျော်နဲ့ စံချိန်တင်ခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅၄၁ ဦးနဲ့ ကူးစက်သူ ၄၃,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG