သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

COVID-19 သတင္းေတြ WhatsApp ကျဖန္႔ႏုိင္ဖုိ႔ အာဖရိကကုမၸဏီ စီစဥ္


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ေရာဂါနဲ႔ပတ္သက္တဲ့ ေနာက္ဆံုးရ သတင္းေတြကို ကမာၻတလႊားက လူသန္းေပါင္းမ်ားစြာ လက္လွမ္း မွီႏိုင္ေအာင္ ေတာင္အာဖရိက ကုမၸဏီတခုက (COVID-19 Health Alert) ကိုဗစ္- 19 က်န္းမာေရး သတိေပးခ်က္ေတြကို WhatsApp bot ကေန တဆင့္ မိုဘိုင္း သတင္းအခ်က္အလက္ေတြကို ျဖန္႔ေဝေပးေနပါတယ္။

ဒီေတာင္အာဖရိက က Praekelt.org ကုမၸဏီဟာ COVID-19 ေရာဂါ စတင္ ျပန္ပြားခ်ိန္ ကတည္းက ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြ မွာေနထိုင္သူေတြ က်န္းမာေရးနဲ႔ လူေနမႈ တိုးတက္ ေအာင္ ဒစ္ဂ်စ္တယ္ နည္းေတြနဲ႔အကူညီေပးေနတဲ့ အဖြဲ႔ ျဖစ္ပါတယ္။ သူ႔ရဲ႕ ထင္ရွားတဲ့ မိုဘိုင္းဖုန္း ဝန္ေဆာင္မႈတခုကေတာ့ ကိုယ္ဝန္ေဆာင္ မိခင္ေတြ အတြက္ သတင္းအခ်က္လက္ေတြနဲ႔ အကူညီေတြ ေပးေနတဲ့ MomConnect ျဖစ္ပါတယ္

အခုလည္း ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ နဲ႔ပတ္သက္တဲ့ သတင္းမွားေတြေၾကာင့္ ထိတ္လန္႔တုန္လႈပ္မႈေတြ စိုးရိမ္မႈေတြမျဖစ္ေအာင္ အခ်က္လက္ မွန္ေတြကို အခ်ိန္နဲ႔ တေျပးညီ သိရဖို႔ WhatsApp ကို အေျခခံတဲ့ hotline - အေရးေပၚလိုင္း ေတြ ဖြင့္ ေပးထားပါတယ္။ အဲဒီမွာ ပထမ ၁၀ရက္ အတြင္းမွာပဲ သံုးစြဲသူ ၃ သန္းခြဲေက်ာ္ ရွိလာတာ ျဖစ္ၿပီး ကမာၻတလႊားမွာ သံုးဖို႔ အလားတူ လိုင္းေတြကို WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးနဲ႔ ပါ လက္တြဲၿပီး လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ေဖ့စ္ဘုတ္ ကုမၸဏီပိုင္ WhatsApp ဟာ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ အေတာ္ ေရပန္းစားတာ ျဖစ္ၿပီး သံုးစြဲသူက သန္း ၂၀၀၀ ေက်ာ္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID-19 သတင်းတွေ WhatsApp ကဖြန့်နိုင်ဖို့ အာဖရိကကုမ္ပဏီ စီစဉ်
(Unicode)

ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို ကမ္ဘာတလွှားက လူသန်းပေါင်းများစွာ လက်လှမ်း မှီနိုင်အောင် တောင်အာဖရိက ကုမ္ပဏီတခုက (COVID-19 Health Alert) ကိုဗစ်- 19 ကျန်းမာရေး သတိပေးချက်တွေကို WhatsApp bot ကနေ တဆင့် မိုဘိုင်း သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးနေပါတယ်။

ဒီတောင်အာဖရိက က Praekelt.org ကုမ္ပဏီဟာ COVID-19 ရောဂါ စတင် ပြန်ပွားချိန် ကတည်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာနေထိုင်သူတွေ ကျန်းမာရေးနဲ့ လူနေမှု တိုးတက် အောင် ဒစ်ဂျစ်တယ် နည်းတွေနဲ့အကူညီပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

သူ့ရဲ့ ထင်ရှားတဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်မှုတခုကတော့ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် သတင်းအချက်လက်တွေနဲ့ အကူညီတွေ ပေးနေတဲ့ MomConnect ဖြစ်ပါတယ်။

အခုလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ နဲ့ပတ်သက်တဲ့ သတင်းမှားတွေကြောင့် ထိတ်လန့်တုန်လှုပ်မှုတွေ စိုးရိမ်မှုတွေမဖြစ်အောင် အချက်လက် မှန်တွေကို အချိန်နဲ့ တပြေးညီ သိရဖို့WhatsApp ကို အခြေခံတဲ့ hotline - အရေးပေါ်လိုင်း တွေ ဖွင့် ပေးထားပါတယ်။ အဲဒီမှာ ပထမ ၁၀ရက် အတွင်းမှာပဲ သုံးစွဲသူ ၃ သန်းခွဲကျော် ရှိလာတာ ဖြစ်ပြီး ကမ္ဘာတလွှားမှာ သုံးဖို့ အလားတူ လိုင်းတွေကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနဲ့ ပါ လက်တွဲပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ် ကုမ္ပဏီပိုင် WhatsApp ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အတော် ရေပန်းစားတာ ဖြစ်ပြီး သုံးစွဲသူက သန်း ၂၀၀၀ ကျော် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG