သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ကို အေလွ်ာ့မေပးတဲ့ ျမန္မာဆရာဝန္မ်ားရဲ႕ စိတ္ဓာတ္


COVID-19 ကုသေရးဌာန (သုဝဏၰ)၊ အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာ ခံစားေနရသူတဦးကို ကုသေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၁၆၊ ၂၀၂၀။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

ကိုဗစ္ေရာဂါကို ေရွ႕တန္းက ကာကြယ္ထိန္းခ်ဳပ္ ကုသေနရတဲ့ ျမန္မာက်န္းမာေရးဝန္ထမ္း အေျခအေန ပထမဆံုးစစ္တမ္းကို ဒီေရာဂါ အဓိကကိုင္တြယ္ေနရတဲ့ ရန္ကုန္ေဆး႐ုံႀကီးအေျချပဳ ေကာက္ယူရာမွာ အမ်ားစု ၉၀ ရာခုိင္ႏႈန္းေက်ာ္က ပင္ပန္းလြန္းေနေပမယ့္ ဒီအမ်ားစု ၈၅ ရာခုိင္ႏႈန္းေက်ာ္ကေတာ့ တာဝန္သိစိတ္နဲ႔ ဆက္ႀကိဳးစားလုပ္သြားမယ္လို႔ ဆိုပါတယ္။

ျပည္သူေတြအေနနဲ႔ ကိုဗစ္ကာကြယ္ေရး စည္းကမ္းလိုက္နာမႈ အားနည္းတဲ့အေပၚ က်န္းမာေရးဝန္ထမ္း အမ်ားစုက အားမရၾကဘဲ အခုထက္ ပုိလိုက္နာေစခ်င္တယ္လို႔လည္း ေတြ႔ရွိထားတဲ့ ဒီစစ္တမ္း ေကာက္ယူရာမွာ ဦးေဆာင္သူ ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦးကို ကိုဝင္းမင္းက ေမးရာမွာ အခုလိုစရွင္းျပပါတယ္။

ေဒါက္တာေမာ္ေမာ္ဦး - “ရန္ကုန္ေဆး႐ုံႀကီးမွာ အလုပ္လုပ္ေနတဲ့ ဆရာဝန္၊ သူနာျပဳ အပါအဝင္ က်န္းမာေရးဝန္ထမ္းေပါင္း ၂၀၀ ကို စစ္တမ္းေကာက္ၾကည့္တဲ့အခါမွာ ၁၈၀ က ျပန္ေပးတဲ့ အေျဖေလးေတြ ရွိတယ္။ အဲ့ဒီဟာေတြကို ၾကည့္ျခင္းအားျဖင့္ သူတို႔ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာအရ ဖိစီးမႈေတြမ်ားၿပီးေတာ့ မိသားစုေတြနဲ႔လည္း မေတြ႔ရ၊ သူတို႔ကိုယ္တိုင္လည္း ကူးစက္ခံရနဲ႔ ရန္ကုန္ေဆး႐ုံႀကီးဆိုရင္ ကူးစက္ခံရတဲ့လူေပါင္း ၂၅၀ ေက်ာ္။ ဒီလိုအေျခအေနမ်ိဳးေတြ ျဖစ္လာတဲ့အခါမွာ ဆက္မလုပ္ႏိုင္ေလာက္ေအာင္ ဝန္ပိေနလားဆိုတဲ့ ေမးခြန္းကို ၃၇ ရာခုိင္ႏႈန္းကေတာ့ ဆက္မလုပ္ႏုိင္ေလာက္ေအာင္ ပင္ပန္းပါတယ္လို႔ ဒီ ဒီဇင္ဘာလ အစပိုင္းမွာတုန္းက ေျပာခဲ့ပါတယ္။ သူက မနည္းတဲ့ရာခိုင္ႏႈန္းေတာ့ မဟုတ္ပါဘူး။

“သို႔ေသာ္လည္းပဲ က်ေနာ္တုိ႔ အံ့ၾသဖို႔ေကာင္းတဲ့ အခ်က္တခ်က္က ဒီလိုသာ ဆက္လုပ္ေနရရင္ အလုပ္ထြက္ဖို႔မ်ား စိတ္ကူးရွိသလား (သို႔မဟုတ္) အလုပ္ကို ဆက္လုပ္ဖို႔အတြက္ အားတင္းၿပီးေတာ့ လုပ္မလား ဆိုတဲ့အခါက်ေတာ့ ၈၅ ရာခုိင္ႏႈန္းေက်ာ္က ဆက္လုပ္ပါမယ္၊ အရမ္းေတာ့ပင္ပန္းေနပါၿပီ ဆိုၿပီးေတာ့ ေျဖတယ္။ ဘာျဖစ္လို႔လဲလို႔ ေမးတဲ့အခါမွာေတာ့ သူတို႔ရဲ႕တာဝန္ျဖစ္တယ္၊ သူတို႔ ဆက္ၿပီးေတာ့ လုပ္ရဦးမယ္ ဆုိတဲ့အတြက္ေၾကာင့္ ႀကိဳးစားၿပီးေတာ့ လုပ္ၾကည့္ဖို႔ အေျခအေန ရွိပါတယ္။”

ကုိဝင္းမင္း - ေနာက္ထပ္ေရာ ဒီ ထူးျခားတဲ့ ေတြ႔ရွိမႈေတြ ရွိခဲ့ေသးလား။

ေဒါက္တာေမာ္ေမာ္ဦး - “ေနာက္တခုကေတာ့ ပထမပိုင္း လူနာ (Case) ေတြ အရမ္းကိုမ်ားေနတဲ့ အခ်ိန္တုန္းကဆိုရင္ ျပင္ပမွာ ျပည္သူလူထုက လိုက္နာမႈမရွိဘူး၊ ေဆး႐ုံေတြကေန ခါးစည္းခံေနရတယ္ဆိုတဲ့ အျမင္မ်ိဳးေတြ ေရာက္လာတယ္။ အခုအပတ္ကေတာ့ နည္းနည္းေတာ့ က်လာတယ္။ သို႔ေသာ္လည္းပဲ ဒီလိုက္နာမႈေတြ ျပန္ၿပီးေတာ့ ဆိုင္ေတြ၊ လုပ္ငန္းေတြ၊ စက္႐ုံေတြ ျပန္ဖြင့္တဲ့အခါမ်ိဳးမွာအတြက္ စိုးရိမ္ေနဆဲျဖစ္တယ္ ဆုိတာလည္းပဲ ဒီစစ္တမ္းအေျဖမွာ ေတြ႔လာရတာေပါ့ေနာ္။ အခုေလာေလာဆယ္လည္း ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ ကိုဗစ္ကူးစက္မႈ အေျခအေနကို ထိန္းႏုိင္မယ္ထင္သလားဆိုတဲ့ ေမးခြန္းကို ၇၀ ရာခုိင္ႏႈန္းက ထိန္းမႏိုင္သိမ္းမရ ျဖစ္လာလိမ့္ဦးမယ္လို႔ ထင္ေနတယ္။

“ဘာေၾကာင့္လဲဆိုေတာ့ ျပည္သူလူထုရဲ႕ ကာကြယ္ေရး နည္းလမ္းေတြကို လိုက္နာမႈရွိသလားဆိုတဲ့ ေမးခြန္းကို ၈၅ ရာခုိင္ႏႈန္းက လံုေလာက္တဲ့ လိုက္နာမႈေတြ မရွိဘူးလို႔ ထင္တယ္ဗ်။ ရန္ကုန္တိုင္းမွာေရာ ကူးစက္မႈေတြက အျခား တိုင္းနဲ႔ျပည္နယ္ေတြထက္ ပိုၿပီးေတာ့မ်ားေနတဲ့ အေၾကာင္းရင္းက ဘာေၾကာင့္လဲလို႔ ေမးတဲ့အခါမွာလည္း ၉၇ ရာခုိင္ႏႈန္းက ကိုဗစ္ကာကြယ္ေရး နည္းလမ္းေတြကို လိုက္နာမႈ အားနည္းလို႔လို႔ အေျဖေပးၾကတယ္။ ေနာက္ထပ္ ဒီျပည္သူလူထုက ဒီလို လိုက္နာမႈမရွိတာကို ေက်နပ္မႈရွိမရွိ ဆိုတဲ့ကိစၥကို ၉၆ ရာခုိင္ႏႈန္းက ေက်နပ္မႈမရွိတာကို ေတြ႔ရတာေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ ဒီ ကိုဗစ္ကူးစက္မႈ ကာကြယ္ေရး စည္းကမ္းေတြကို လိုက္နာေပးၾကဖို႔ ဆရာဝန္ ဆရာမေတြဘက္က အရမ္းကို လိုခ်င္ေနတယ္ဆိုတဲ့ အေျခအေနမ်ိဳးကို ေတြ႔ရတာေပါ့ေနာ္။”

ကုိဝင္းမင္း - ေနာက္ထပ္ေရာ ဒီ အေရးႀကီးတဲ့ ေတြ႔ရွိမႈ။

ေဒါက္တာေမာ္ေမာ္ဦး - “သူတို႔ ဘယ္ေလာက္ထိ အခ်ိန္ၾကာၾကာ လုပ္ခဲ့ရၿပီလဲ ဆိုတဲ့အခါက်ေတာ့ မတ္လကတည္းက စခဲ့တဲ့ က်န္းမာေရးဝန္ထမ္းေတြထဲမွာ ၇၂ ရာခုိင္ႏႈန္းက အခုအခ်ိန္ထိ ၁၀ လတိတိ ကိုယ့္အိမ္ကို မျပန္ႏိုင္တဲ့လူေတြ၊ အေဆာင္ေတြမွာ ေနၿပီးေတာ့ လုပ္ခဲ့ရတာ။ သူတို႔ အလုပ္ေတြ ဘယ္ေလာက္အထိ ဝန္ပိေနလဲဆိုတာ ၾကည့္တဲ့အခါ တာဝန္က် (Duty) ခ်ိန္ဟာ တပတ္ကို နာရီ ၅၀ ဆက္တိုက္လုပ္ရတဲ့လူေတြ ျဖစ္ေနတယ္။ တကုိယ္ေရအကာအကြယ္ (PPE) ဝတ္စံုေတြနဲ႔။ အားလံုေပါင္း ၈၄ ရာခုိင္ႏႈန္းဟာ ပ်မ္းမွ် (Average) ေျပာမယ္ဆိုရင္ တေန႔တေန႔ကို PPE ဝတ္ရတဲ့အခ်ိန္ဟာ ၄ နာရီကေန ၇ နာရီအထိ ၾကာတယ္။ PPE နဲ႔ အလုပ္လုပ္ဖို႔ဆိုတာ ေတာ္ေတာ္ပင္ပန္းတဲ့ကိစၥပါ။ ရာသီဥတုကလည္း ျမန္မာျပည္က ပူတဲ့အေျခအေနမ်ိဳး ရွိတယ္။”

ကုိဝင္းမင္း - တျခားစိုးရိမ္မႈေတြေရာ။

ေဒါက္တာေမာ္ေမာ္ဦး - “ကိုဗစ္ကုသေရး ေဆာင္ရြက္ေနရတာ အဆင္တေျပနဲ႔ လုပ္လို႔ရသလားဆိုတဲ့ ေမးခြန္းကိုေတာ့ ၇၀ ရာခုိင္ႏႈန္းက ေလာေလာဆယ္ေတာ့ ႀကိတ္မွိတ္ၿပီးေတာ့ လုပ္ေပးေနတယ္ဆိုတဲ့ အေျခအေနကို ေျဖတာ။ ဒါကေတာ့ ေတာ္ေတာ္ေလးကို ေစတနာနဲ႔ အားသြန္ခြန္စိုက္ လုပ္ေနဆဲလို႔ သူတို႔ကေျပာတယ္။ ဒါေပမယ့္ အရမ္းကို ပင္ပန္းေနသလားဆိုတဲ့ ေမးခြန္းကို ၉၂ ရာခုိင္ႏႈန္းက စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာေရာ အလြန္ကို ပင္ပန္းေနပါတယ္လို႔ ေျပာတယ္ဗ်။ အဲ့ဒီက်ေတာ့ တာဝန္က် (Duty) ခ်ိန္ေတြကေရာ မ်ားေနသလားဆိုေတာ့ ၇၀ ရာခုိင္ႏႈန္းက မ်ားလြန္းေနပါၿပီ၊ သူတို႔ရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြ အားလံုးကို ျဖည့္ၿပီးေတာ့ ေပးထားပါတယ္လို႔ ေျပာတဲ့ အေျခအေနမွာ ရွိပါတယ္။”

ကုိဝင္းမင္း - ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကိုဗစ်ကို အလျှော့မပေးတဲ့ မြန်မာဆရာဝန်များရဲ့ စိတ်ဓာတ်

ကိုဗစ်ရောဂါကို ရှေ့တန်းက ကာကွယ်ထိန်းချုပ် ကုသနေရတဲ့ မြန်မာကျန်းမာရေးဝန်ထမ်း အခြေအနေ ပထမဆုံးစစ်တမ်းကို ဒီရောဂါ အဓိကကိုင်တွယ်နေရတဲ့ ရန်ကုန်ဆေးရုံကြီးအခြေပြု ကောက်ယူရာမှာ အများစု ၉၀ ရာခိုင်နှုန်းကျော်က ပင်ပန်းလွန်းနေပေမယ့် ဒီအများစု ၈၅ ရာခိုင်နှုန်းကျော်ကတော့ တာဝန်သိစိတ်နဲ့ ဆက်ကြိုးစားလုပ်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းလိုက်နာမှု အားနည်းတဲ့အပေါ် ကျန်းမာရေးဝန်ထမ်း အများစုက အားမရကြဘဲ အခုထက် ပိုလိုက်နာစေချင်တယ်လို့လည်း တွေ့ရှိထားတဲ့ ဒီစစ်တမ်း ကောက်ယူရာမှာ ဦးဆောင်သူ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှူး ဒေါက်တာမော်မော်ဦးကို ကိုဝင်းမင်းက မေးရာမှာ အခုလိုစရှင်းပြပါတယ်။

ဒေါက်တာမော်မော်ဦး - “ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်၊ သူနာပြု အပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၂၀၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ၁၈၀ က ပြန်ပေးတဲ့ အဖြေလေးတွေ ရှိတယ်။ အဲ့ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် သူတို့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ ဖိစီးမှုတွေများပြီးတော့ မိသားစုတွေနဲ့လည်း မတွေ့ရ၊ သူတို့ကိုယ်တိုင်လည်း ကူးစက်ခံရနဲ့ ရန်ကုန်ဆေးရုံကြီးဆိုရင် ကူးစက်ခံရတဲ့လူပေါင်း ၂၅၀ ကျော်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာတဲ့အခါမှာ ဆက်မလုပ်နိုင်လောက်အောင် ဝန်ပိနေလားဆိုတဲ့ မေးခွန်းကို ၃၇ ရာခိုင်နှုန်းကတော့ ဆက်မလုပ်နိုင်လောက်အောင် ပင်ပန်းပါတယ်လို့ ဒီ ဒီဇင်ဘာလ အစပိုင်းမှာတုန်းက ပြောခဲ့ပါတယ်။ သူက မနည်းတဲ့ရာခိုင်နှုန်းတော့ မဟုတ်ပါဘူး။

“သို့သော်လည်းပဲ ကျနော်တို့ အံ့သြဖို့ကောင်းတဲ့ အချက်တချက်က ဒီလိုသာ ဆက်လုပ်နေရရင် အလုပ်ထွက်ဖို့များ စိတ်ကူးရှိသလား (သို့မဟုတ်) အလုပ်ကို ဆက်လုပ်ဖို့အတွက် အားတင်းပြီးတော့ လုပ်မလား ဆိုတဲ့အခါကျတော့ ၈၅ ရာခိုင်နှုန်းကျော်က ဆက်လုပ်ပါမယ်၊ အရမ်းတော့ပင်ပန်းနေပါပြီ ဆိုပြီးတော့ ဖြေတယ်။ ဘာဖြစ်လို့လဲလို့ မေးတဲ့အခါမှာတော့ သူတို့ရဲ့တာဝန်ဖြစ်တယ်၊ သူတို့ ဆက်ပြီးတော့ လုပ်ရဦးမယ် ဆိုတဲ့အတွက်ကြောင့် ကြိုးစားပြီးတော့ လုပ်ကြည့်ဖို့ အခြေအနေ ရှိပါတယ်။”

ကိုဝင်းမင်း - နောက်ထပ်ရော ဒီ ထူးခြားတဲ့ တွေ့ရှိမှုတွေ ရှိခဲ့သေးလား။

ဒေါက်တာမော်မော်ဦး - “နောက်တခုကတော့ ပထမပိုင်း လူနာ (Case) တွေ အရမ်းကိုများနေတဲ့ အချိန်တုန်းကဆိုရင် ပြင်ပမှာ ပြည်သူလူထုက လိုက်နာမှုမရှိဘူး၊ ဆေးရုံတွေကနေ ခါးစည်းခံနေရတယ်ဆိုတဲ့ အမြင်မျိုးတွေ ရောက်လာတယ်။ အခုအပတ်ကတော့ နည်းနည်းတော့ ကျလာတယ်။ သို့သော်လည်းပဲ ဒီလိုက်နာမှုတွေ ပြန်ပြီးတော့ ဆိုင်တွေ၊ လုပ်ငန်းတွေ၊ စက်ရုံတွေ ပြန်ဖွင့်တဲ့အခါမျိုးမှာအတွက် စိုးရိမ်နေဆဲဖြစ်တယ် ဆိုတာလည်းပဲ ဒီစစ်တမ်းအဖြေမှာ တွေ့လာရတာပေါ့နော်။ အခုလောလောဆယ်လည်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကူးစက်မှု အခြေအနေကို ထိန်းနိုင်မယ်ထင်သလားဆိုတဲ့ မေးခွန်းကို ၇၀ ရာခိုင်နှုန်းက ထိန်းမနိုင်သိမ်းမရ ဖြစ်လာလိမ့်ဦးမယ်လို့ ထင်နေတယ်။

“ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုရဲ့ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမှုရှိသလားဆိုတဲ့ မေးခွန်းကို ၈၅ ရာခိုင်နှုန်းက လုံလောက်တဲ့ လိုက်နာမှုတွေ မရှိဘူးလို့ ထင်တယ်ဗျ။ ရန်ကုန်တိုင်းမှာရော ကူးစက်မှုတွေက အခြား တိုင်းနဲ့ပြည်နယ်တွေထက် ပိုပြီးတော့များနေတဲ့ အကြောင်းရင်းက ဘာကြောင့်လဲလို့ မေးတဲ့အခါမှာလည်း ၉၇ ရာခိုင်နှုန်းက ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမှု အားနည်းလို့လို့ အဖြေပေးကြတယ်။ နောက်ထပ် ဒီပြည်သူလူထုက ဒီလို လိုက်နာမှုမရှိတာကို ကျေနပ်မှုရှိမရှိ ဆိုတဲ့ကိစ္စကို ၉၆ ရာခိုင်နှုန်းက ကျေနပ်မှုမရှိတာကို တွေ့ရတာပေါ့နော်။ ဒါကြောင့်မို့လို့ ဒီ ကိုဗစ်ကူးစက်မှု ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာပေးကြဖို့ ဆရာဝန် ဆရာမတွေဘက်က အရမ်းကို လိုချင်နေတယ်ဆိုတဲ့ အခြေအနေမျိုးကို တွေ့ရတာပေါ့နော်။”

ကိုဝင်းမင်း - နောက်ထပ်ရော ဒီ အရေးကြီးတဲ့ တွေ့ရှိမှု။

ဒေါက်တာမော်မော်ဦး - “သူတို့ ဘယ်လောက်ထိ အချိန်ကြာကြာ လုပ်ခဲ့ရပြီလဲ ဆိုတဲ့အခါကျတော့ မတ်လကတည်းက စခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ၇၂ ရာခိုင်နှုန်းက အခုအချိန်ထိ ၁၀ လတိတိ ကိုယ့်အိမ်ကို မပြန်နိုင်တဲ့လူတွေ၊ အဆောင်တွေမှာ နေပြီးတော့ လုပ်ခဲ့ရတာ။ သူတို့ အလုပ်တွေ ဘယ်လောက်အထိ ဝန်ပိနေလဲဆိုတာ ကြည့်တဲ့အခါ တာဝန်ကျ (Duty) ချိန်ဟာ တပတ်ကို နာရီ ၅၀ ဆက်တိုက်လုပ်ရတဲ့လူတွေ ဖြစ်နေတယ်။ တကိုယ်ရေအကာအကွယ် (PPE) ဝတ်စုံတွေနဲ့။ အားလုံပေါင်း ၈၄ ရာခိုင်နှုန်းဟာ ပျမ်းမျှ (Average) ပြောမယ်ဆိုရင် တနေ့တနေ့ကို PPE ဝတ်ရတဲ့အချိန်ဟာ ၄ နာရီကနေ ၇ နာရီအထိ ကြာတယ်။ PPE နဲ့ အလုပ်လုပ်ဖို့ဆိုတာ တော်တော်ပင်ပန်းတဲ့ကိစ္စပါ။ ရာသီဥတုကလည်း မြန်မာပြည်က ပူတဲ့အခြေအနေမျိုး ရှိတယ်။”

ကိုဝင်းမင်း - တခြားစိုးရိမ်မှုတွေရော။

ဒေါက်တာမော်မော်ဦး - “ကိုဗစ်ကုသရေး ဆောင်ရွက်နေရတာ အဆင်တပြေနဲ့ လုပ်လို့ရသလားဆိုတဲ့ မေးခွန်းကိုတော့ ၇၀ ရာခိုင်နှုန်းက လောလောဆယ်တော့ ကြိတ်မှိတ်ပြီးတော့ လုပ်ပေးနေတယ်ဆိုတဲ့ အခြေအနေကို ဖြေတာ။ ဒါကတော့ တော်တော်လေးကို စေတနာနဲ့ အားသွန်ခွန်စိုက် လုပ်နေဆဲလို့ သူတို့ကပြောတယ်။ ဒါပေမယ့် အရမ်းကို ပင်ပန်းနေသလားဆိုတဲ့ မေးခွန်းကို ၉၂ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အလွန်ကို ပင်ပန်းနေပါတယ်လို့ ပြောတယ်ဗျ။ အဲ့ဒီကျတော့ တာဝန်ကျ (Duty) ချိန်တွေကရော များနေသလားဆိုတော့ ၇၀ ရာခိုင်နှုန်းက များလွန်းနေပါပြီ၊ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ အားလုံးကို ဖြည့်ပြီးတော့ ပေးထားပါတယ်လို့ ပြောတဲ့ အခြေအနေမှာ ရှိပါတယ်။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

XS
SM
MD
LG