သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္မွာ အထည္ခ်ဳပ္စက္ရုံအလုပ္သမားေတြအတြက္ ကုိဗစ္စစ္ေဆးေရးဌာနဖြင့္


Bangladesh ကအထည္ခ်ဳပ္စက္ရုံ

Zawgyi/Unicode

ဘဂၤလားေဒ့ရွ္မွာ အထည္ခ်ဳပ္စက္႐ုံ လုပ္သားေတြအတြက္ ကိုရိုနာဗိုင္းရပ္စ္ပိုး ရွိ မရွိ စစ္ေဆးေပးမယ့္ ဓါတ္ခြဲခန္းတခုကို ဖြင့္လွစ္လိုက္ပါတယ္။ ကမၻာ့ ထိပ္တန္း ဖက္ရွင္တံဆိပ္ အဝတ္အထည္ေတြကို ခ်ဳပ္လုပ္ေပးေနတဲ့ အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြအၾကား ဗိုင္းရပ္စ္ ကူးစက္မႈ မရွိေစေရးအတြက္ အထည္ခ်ဳပ္ လုပ္ငန္းရွင္ေတြက အခုလို လုပ္ေဆာင္လာတာလည္း ျဖစ္ပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြနဲ႔ ပို႔ကုန္လုပ္ငန္းရွင္မ်ား အသင္း (BGMEA) နဲ႔ ဘဂၤလားေဒ့ရွ္ ဆီးခ်ိဳေရာဂါဆိုင္ရာ အဖြဲ႕အစည္းတို႔ ပူးေပါင္းေဆာင္ရြက္တဲ့ ဒီ ဓါတ္ခြဲခန္းက လာမယ့္ စေနေန႔ကစၿပီး တေန႔ ဓါတ္ခြဲနမူနာ ၁၈၀ ေလာက္အထိ စစ္ေဆးေပးသြားျဖစ္ၿပီး အလားတူ ဓါတ္ခြဲခန္း ၂ ခုကိုလည္း မၾကာခင္ဖြင့္လွစ္သြားဖို႔ ရွိပါတယ္။

အလုပ္သမားေတြကို ဉီးစားေပး စစ္ေဆးေပးသြား မယ္လို႔ BGMEA ဥကၠဌ RUBANA HUQ က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ တ႐ုတ္နိုင္ငံၿပီးရင္ အေနာက္နိုင္ငံေတြကို အဝတ္အစားေတြနဲ႔ ဖိနပ္ေတြ အမ်ားဆုံးခ်ဳပ္လုပ္တင္ပို႔ေနတာ ျဖစ္ၿပီး ပို႔ကုန္လုပ္ငန္းရဲ့ ၈၀ ရာခိုင္ႏႈန္းက အထည္ခ်ဳပ္ လုပ္ငန္းအေပၚမွာ မွီခိုေနတာပါ။

နိုင္ငံတြင္း အမ်ိဳးသမီး အမ်ားစု လုပ္ကိုင္တဲ့ အထည္ခ်ဳပ္စက္႐ုံ ၄၀၀၀ ေလာက္မွာ အလုပ္သမား ၄ သန္းေလာက္ရွိၿပီး ကပ္ေရာဂါေၾကာင့္ ၁ လၾကာပိတ္ထားတဲ့ စက္႐ုံအမ်ားစုကို ဧၿပီလတုန္းကျပန္ဖြင့္ေပးခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ တနိုင္ငံလုံးေရာဂါပိုး ကူးစက္ခံထားရသူ ၆၀၀၀၀ ေလာက္ရွိၿပီး ေသဆုံးသူ ၈၀၀ ေက်ာ္ရွိပါတယ္။ အထည္ခ်ဳပ္လုပ္သား ၂၇၀ ေက်ာ္ေရာဂါပိုး ကူးစက္ခံထားရေပမဲ့ ေသဆုံးတာေတာ့ မရွိေသးပါဘူး။ ဒါေပမဲ့ ဗိုင္းရပ္စ္ပိုးရွိ မရွိ စစ္ေဆးမႈ နည္းပါးတာေၾကာင့္ ကူးစက္ခံရတဲ့ အေရအတြက္ ပိုမ်ားနိုင္တယ္လို႔ အထည္ခ်ဳပ္အလုပ္႐ုံေတြနဲ႔အတူ အလုပ္လုပ္ေနတဲ့ NGO ေတြကေျပာပါတယ္ ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္


[Unicode]

ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံ လုပ်သားတွေအတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေးပေးမယ့် ဓါတ်ခွဲခန်းတခုကို ဖွင့်လှစ်လိုက်ပါတယ်။ ကမ္ဘာ့ ထိပ်တန်း ဖက်ရှင်တံဆိပ် အဝတ်အထည်တွေကို ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေအကြား ဗိုင်းရပ်စ် ကူးစက်မှု မရှိစေရေးအတွက် အထည်ချုပ် လုပ်ငန်းရှင်တွေက အခုလို လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်များ အသင်း (BGMEA) နဲ့ ဘင်္ဂလားဒေ့ရှ် ဆီးချိုရောဂါဆိုင်ရာ အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီ ဓါတ်ခွဲခန်းက လာမယ့် စနေနေ့ကစပြီး တနေ့ ဓါတ်ခွဲနမူနာ ၁၈၀ လောက်အထိ စစ်ဆေးပေးသွားဖြစ်ပြီး အလားတူ ဓါတ်ခွဲခန်း ၂ ခုကိုလည်း မကြာခင်ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

အလုပ်သမားတွေကို ဉီးစားပေး စစ်ဆေးပေးသွား မယ်လို့ BGMEA ဥက္ကဌ RUBANA HUQ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်နိုင်ငံပြီးရင် အနောက်နိုင်ငံတွေကို အဝတ်အစားတွေနဲ့ ဖိနပ်တွေ အများဆုံးချုပ်လုပ်တင်ပို့နေတာ ဖြစ်ပြီး ပို့ကုန်လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းက အထည်ချုပ် လုပ်ငန်းအပေါ်မှာ မှီခိုနေတာပါ။

နိုင်ငံတွင်း အမျိုးသမီး အများစု လုပ်ကိုင်တဲ့ အထည်ချုပ်စက်ရုံ ၄၀၀၀ လောက်မှာ အလုပ်သမား ၄ သန်းလောက်ရှိပြီး ကပ်ရောဂါကြောင့် ၁ လကြာပိတ်ထားတဲ့ စက်ရုံအများစုကို ဧပြီလတုန်းကပြန်ဖွင့်ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးရောဂါပိုး ကူးစက်ခံထားရသူ ၆၀၀၀၀ လောက်ရှိပြီး သေဆုံးသူ ၈၀၀ ကျော်ရှိပါတယ်။ အထည်ချုပ်လုပ်သား ၂၇၀ ကျော်ရောဂါပိုး ကူးစက်ခံထားရပေမဲ့ သေဆုံးတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးရှိ မရှိ စစ်ဆေးမှု နည်းပါးတာကြောင့် ကူးစက်ခံရတဲ့ အရေအတွက် ပိုများနိုင်တယ်လို့ အထည်ချုပ်အလုပ်ရုံတွေနဲ့အတူ အလုပ်လုပ်နေတဲ့ NGO တွေကပြောပါတယ် ခင်ဗျား။

XS
SM
MD
LG