သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးအတု အြန္လိုင္းေပၚ ေရာင္းခ်မႈ သတိျပဳဖြယ္


(Zawgyi/Unicode)
လေပါင္းမ်ားစြာၾကာေအာင္ေစာင့္ရမယ့္ COVID-19 ကာကြယ္ေဆး ထိုးရမယ့္ အလွည့္ကို လူေတြ သန္းနဲ႔ခ်ီ ေစာင့္ဆိုင္းေနခ်ိန္မွာပဲ အင္တာနက္ အြန္လိုင္းကေန လိမ္လည္သူေတြဟာ ကာကြယ္ေဆးကို ရက္အနည္းငယ္အတြင္း ေဒၚလာ ၁၅၀ နဲ႔ ပို႔ေပးႏိုင္ေၾကာင္း အီးေမးလ္ေတြ၊ ဖုန္း အက္ပလီေကးရွင္း ေတြကေန မတ္ေစ့ခ်္ေတြ ပိုၿပီး လူေတြကို ဆြဲေဆာင္ေနၾကပါတယ္။

COVID-19 ကာကြယ္ေဆး လိမ္လည္မႈေတြ ျမင့္တက္လာေနခ်ိန္မွာပဲ၊ ဥေရာပနဲ႔ အေမရိကန္အစိုးရ အရာရွိေတြ အဆိုအရ ေငြေၾကးနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္ေတြ အတြက္ လိမ္လည္သူေတြနဲ႔ ပတ္သက္လို႔ လူထုကို သတိေပးေနၾကပါတယ္။

႐ိုက္တာသတင္းဌာနရဲ႕ စုံစမ္းမႈအရ Dark Web Forum ဆိုတဲ့ တရားမဝင္ ဝက္ဘ္ဆိုင္ဒ္ေတြ၊ အက္ပလီေကးရွင္းေတြကေန COVID-19 ကာကြယ္ေဆးဆိုတာနဲ႔ပတ္သက္လို႔ ကြဲျပားတဲ့ ကမ္းလွမ္းခ်က္ ခုႏွစ္မ်ိဳးကိုေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ တနလၤာေန႔ထိ စစ္တမ္းေကာက္ယူခ်က္အရ လူေပါင္း ၄.၅ သန္း ဟာ COVID-19 ကာကြယ္ေဆး ကို ပထမအႀကိမ္ အထိုးခံခဲ့ၿပီးၿပီလို႔ အေမရိကန္ ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန CDC က ေျပာၾကားခဲ့ပါတယ္။ အေစာပိုင္းကေတာ့ ၂၀၂၀ ျပည့္ႏွစ္အကုန္မွာ ကာကြယ္ေဆးထိုးၿပီးသူေပါင္း သန္း ၂၀ ရွိရမယ္လို႔ အေမရိကန္ အစိုးရ က ခန႔္မွန္းထားခဲ့တာျဖစ္ပါတယ္။

ဒီအေတာအတြင္းမွာပဲ ၿဗိတိန္နဲ႔ ဆီြဒင္ေဆးကုမၸဏီ AstraZeneca နဲ႔ Oxford တကၠသိုလ္တို႔ ပူးေပါင္းထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆးကို မကၠဆီကိုႏိုင္ငံက အတည္ျပဳ လိုက္ပါတယ္။ ႏိုင္ငံျခားေရး ၀န္ႀကီး Marcelo Ebrard က တနလၤာေန႔ကသူ႔ရဲ႕တြစ္တာအေကာင့္ကေနတဆင့္ ေျပာၾကားရာမွာ မကၠဆီကို ႏိုင္ငံမွာ AstraZeneca ကထုတ္တဲ့ ကာကြယ္ေဆးကို အစိုးရက အေရးေပၚ ခြင့္ျပဳခဲ့ၿပီးျဖစ္ၿပီး ႏိုင္ငံတြင္း မၾကာခင္မွာ ထုတ္လုပ္မႈေတြ စတင္ေတာ့မယ္လို႔ ေဖၚျပထားပါတယ္။ လက္ရွိ မကၠဆီကိုမွာ ခြင့္ျပဳထားတဲ့ COVID-19 ကာကြယ္ေဆးေတြကေတာ့ Pfizer-BioNTech နဲ႔ အခု AstraZeneca တို႔ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကာကွယ်ဆေးအတု အွန်လိုင်းပေါ် ရောင်းချမှု သတိပြုဖွယ်
(Unicode)
လပေါင်းများစွာကြာအောင်စောင့်ရမယ့် COVID-19 ကာကွယ်ဆေး ထိုးရမယ့် အလှည့်ကို လူတွေ သန်းနဲ့ချီ စောင့်ဆိုင်းနေချိန်မှာပဲ အင်တာနက် အွန်လိုင်းကနေ လိမ်လည်သူတွေဟာ ကာကွယ်ဆေးကို ရက်အနည်းငယ်အတွင်း ဒေါ်လာ ၁၅၀ နဲ့ ပို့ပေးနိုင်ကြောင်း အီးမေးလ်တွေ၊ ဖုန်း အက်ပလီကေးရှင်း တွေကနေ မတ်စေ့ချ်တွေ ပိုပြီး လူတွေကို ဆွဲဆောင်နေကြပါတယ်။

COVID-19 ကာကွယ်ဆေး လိမ်လည်မှုတွေ မြင့်တက်လာနေချိန်မှာပဲ၊ ဥရောပနဲ့ အမေရိကန်အစိုးရ အရာရှိတွေ အဆိုအရ ငွေကြေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ အတွက် လိမ်လည်သူတွေနဲ့ ပတ်သက်လို့ လူထုကို သတိပေးနေကြပါတယ်။
ရိုက်တာသတင်းဌာနရဲ့ စုံစမ်းမှုအရ Dark Web Forum ဆိုတဲ့ တရားမဝင် ဝက်ဘ်ဆိုင်ဒ်တွေ၊ အက်ပလီကေးရှင်းတွေကနေ COVID-19 ကာကွယ်ဆေးဆိုတာနဲ့ပတ်သက်လို့ ကွဲပြားတဲ့ ကမ်းလှမ်းချက် ခုနှစ်မျိုးကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တနင်္လာနေ့ထိ စစ်တမ်းကောက်ယူချက်အရ လူပေါင်း ၄.၅ သန်း ဟာ COVID-19 ကာကွယ်ဆေး ကို ပထမအကြိမ် အထိုးခံခဲ့ပြီးပြီလို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က ပြောကြားခဲ့ပါတယ်။ အစောပိုင်းကတော့ ၂၀၂၀ ပြည့်နှစ်အကုန်မှာ ကာကွယ်ဆေးထိုးပြီးသူပေါင်း သန်း ၂၀ ရှိရမယ်လို့ အမေရိကန် အစိုးရ က ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန်နဲ့ ဆွီဒင်ဆေးကုမ္ပဏီ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို မက္ကဆီကိုနိုင်ငံက အတည်ပြု လိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Marcelo Ebrard က တနင်္လာနေ့ကသူ့ရဲ့တွစ်တာအကောင့်ကနေတဆင့် ပြောကြားရာမှာ မက္ကဆီကို နိုင်ငံမှာ AstraZeneca ကထုတ်တဲ့ ကာကွယ်ဆေးကို အစိုးရက အရေးပေါ် ခွင့်ပြုခဲ့ပြီးဖြစ်ပြီး နိုင်ငံတွင်း မကြာခင်မှာ ထုတ်လုပ်မှုတွေ စတင်တော့မယ်လို့ ဖေါ်ပြထားပါတယ်။ လက်ရှိ မက္ကဆီကိုမှာ ခွင့်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးတွေကတော့ Pfizer-BioNTech နဲ့ အခု AstraZeneca တို့ဖြစ်ပါတယ်။

XS
SM
MD
LG