(Zawgyi/Unicode)
ေဟာင္ေကာင္မွာ ကိုဗစ္ ၁၉ ေရာဂါ ေနာက္တခ်ီ ျပန္ျဖစ္ပြြါးသူ အတည္ျပဳလူနာ တဦးကို ေတြ႔ရွိခဲ့တာဟာ လူေပါင္း ၂၃ သန္း ေက်ာ္ ထဲက တဦးျဖစ္ေနတာ ေၾကာင့္ အခုလို တေက်ာ့ျပန္ျဖစ္ပြားႏိုင္ေျခဟာ သိပ္ကို နည္းပါးတယ္လို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ေျပာပါတယ္။
ဒီေရာဂါအကူးစက္ခံခဲ့ရသူ တဦးဟာ ေနာက္ ၄ လ ေက်ာ္ ၾကာသြားခ်ိန္မွာ ထပ္မံ ျဖစ္ပြါးခဲ့ၿပီး အခု ေတြ႔ရတဲ့ ဗိုင္းရပ္စ္ဟာ ပထမအကူးစက္ခံရခ်ိန္က ဗိုင္းရပ္စ္ နဲ႔ မတူေၾကာင္း ေဟာင္ေကာင္တကၠသိုလ္ သုေတသီေတြက တနလၤာေန႔က ေၾကညာခဲ့တာ ျဖစ္ပါတယ္။
အခုလို ေတြ႔ရွိခ်က္ေတြကို မွတ္တမ္းတင္ အတည္ျပဳေရးဟာ အေရးႀကီးေၾကာင္းလည္း WHO ေျပာခြင့္ရ Dr. Margaret Harris က အဂၤါေန႔ အြန္လိုင္း ဂ်နီဗာသတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။
အရင္ကလည္း ျပန္အကူးစက္ခံရတယ္ ဆိုတဲ့ အတည္မျပဳႏိုင္တဲ့ သတင္းေတြထြက္ေပၚခဲ့ ေပမယ့္ ဒါဟာ ဒီေရာဂါပိုး ရွိမရွိ စမ္းသပ္စစ္ေဆးစဥ္မွာ ေပၚေပါက္ခဲ့တဲ့ ျပႆနာ ျဖစ္ႏုိင္ေခ်ရွိေနတာပါ။
အခု ဒီေရာဂါ ျပန္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့တာဟာ လူ ၂၃ သန္းေက်ာ္မွာ တဦးျဖစ္ေၾကာင္းနဲ႔ တကယ္လို႔ ဒီလို ကူးစက္မႈမ်ိဳး ပံုမွန္လိုလို ရွိေနတယ္ ဆိုရင္ အခု အခ်ိန္ေလာက္မွာ ဒီလိုျဖစ္ပြါးသူ အေရတြက္ ဒီ့ထက္မက ပိုမ်ားမွာ ျဖစ္ေၾကာင္းလည္း Dr. Harris က ေျပာပါတယ္။
ဒီေရာဂါပိုး အကူးစက္ခံရသူေတြမွာ ဒီဗိုင္းရပ္စ္ အတြက္ ခုခံႏိုင္အားေတြ ထြက္လာတတ္တာေၾကာင့္ ေရာဂါအကူးစက္ခံရသူေတြကို ေျခရာခံလိုက္တာ၊ ခႏၶာကိုယ္ ခုခံႏိုင္အား တိုင္းတာတာေတြ လုပ္ၿပီး ဒီခုခံအားဘယ္ေလာက္ ၾကာၾကာခံတယ္ဆိုတာကို ေလ့လာေနၾကတဲ့ သုေတသနအဖြဲ႔ အမ်ားအျပား ရွိေနေၾကာင္းလည္း ေျပာပါတယ္။
.............
ကိုဗစ်တကျော့ပြန်ဖြစ်ပွားနိုင်ခြေနည်းကြောင်း WHO ပြော
(Unicode)
ဟောင်ကောင်မှာ ကိုဗစ် ၁၉ ရောဂါ နောက်တချီ ပြန်ဖြစ်ပွါးသူ အတည်ပြုလူနာ တဦးကို တွေ့ရှိခဲ့တာဟာ လူပေါင်း ၂၃ သန်း ကျော် ထဲက တဦးဖြစ်နေတာ ကြောင့် အခုလို တကျော့ပြန်ဖြစ်ပွားနိုင်ခြေဟာ သိပ်ကို နည်းပါးတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
ဒီရောဂါအကူးစက်ခံခဲ့ရသူ တဦးဟာ နောက် ၄ လ ကျော် ကြာသွားချိန်မှာ ထပ်မံ ဖြစ်ပွါးခဲ့ပြီး အခု တွေ့ရတဲ့ ဗိုင်းရပ်စ်ဟာ ပထမအကူးစက်ခံရချိန်က ဗိုင်းရပ်စ် နဲ့ မတူကြောင်း ဟောင်ကောင်တက္ကသိုလ် သုတေသီတွေက တနင်္လာနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။
အခုလို တွေ့ရှိချက်တွေကို မှတ်တမ်းတင် အတည်ပြုရေးဟာ အရေးကြီးကြောင်းလည်း WHO ပြောခွင့်ရ Dr. Margaret Harris က အင်္ဂါနေ့ အွန်လိုင်း ဂျနီဗာသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အရင်ကလည်း ပြန်အကူးစက်ခံရတယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့် ဒါဟာ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးစဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာ ဖြစ်နိုင်ချေရှိနေတာပါ။
အခု ဒီရောဂါ ပြန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာဟာ လူ ၂၃ သန်းကျော်မှာ တဦးဖြစ်ကြောင်းနဲ့ တကယ်လို့ ဒီလို ကူးစက်မှုမျိုး ပုံမှန်လိုလို ရှိနေတယ် ဆိုရင် အခု အချိန်လောက်မှာ ဒီလိုဖြစ်ပွါးသူ အရေတွက် ဒီ့ထက်မက ပိုများမှာ ဖြစ်ကြောင်းလည်း Dr. Harris က ပြောပါတယ်။
ဒီရောဂါပိုး အကူးစက်ခံရသူတွေမှာ ဒီဗိုင်းရပ်စ် အတွက် ခုခံနိုင်အားတွေ ထွက်လာတတ်တာကြောင့် ရောဂါအကူးစက်ခံရသူတွေကို ခြေရာခံလိုက်တာ၊ ခန္ဓာကိုယ် ခုခံနိုင်အား တိုင်းတာတာတွေ လုပ်ပြီး ဒီခုခံအားဘယ်လောက် ကြာကြာခံတယ်ဆိုတာကို လေ့လာနေကြတဲ့ သုတေသနအဖွဲ့ အများအပြား ရှိနေကြောင်းလည်း ပြောပါတယ်။