သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပဋိပက္ခ ၂၄ နာရီ အပစ်ရပ်မှုအသစ် ကြေညာ


Sudan

ဧပြီ ၁၉၊ ၂၀၂၃ (ဗွီအိုအ၊ မြန်မာ)

ဆူဒန်နိုင်ငံမြို့တော်ကလမ်းမတွေပေါ်မှာ တိုက်ခိုက်နေကြတဲ့ ပြိုင်ဘက်တပ်ဖွဲ့တွေက ၂၄ နာရီ အပစ်အခတ်ရပ်စဲမှုအသစ်တရပ်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ကြပါတယ်။ ဒီမတိုင်ခင် အရင်တရက်ကကြေညာခဲ့တဲ့ အလားတူ အပစ်အခတ်ရပ်စဲမှုကတော့ မအောင်မြင်ခဲ့ပါဘူး။

အမေရိကန်သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre ကတော့ နှစ်ဘက်စလုံးအနေနဲ့ အပစ်ရပ်စဲမှုသဘောတူညီချက်ကို လေးစားလိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ "အကြမ်းဖက်မှုတွေကိုစွန့်လွှတ်ပြီး ပြန်ပြီး စေ့စပ်ဆွေးနွေးကြဖို့လည်း တိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်တာအတွင်း မြို့တော်မှာ စစ်ဇုန်ဖြစ်စေခဲ့တဲ့ တပ်ဖွဲ့တွေရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၂ ဦးဟာဆိုရင် အရပ်သားတွေနဲ့ တိုက်ခိုက်ရေးသမား မဟုတ်သူတွေကို အသေအချာ ကာကွယ်ပေးဖို့အတွက် တာဝန်ရှိတယ်။" လို့လည်း သူမက ပြောပါတယ်။

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆူဒန်ရဲ့ပြည်သူ့စစ် အမြန်ထောက်ကူတပ်ဖွဲ့ RSF တွေကတော့ ဒေသစံတော်ချိန် ညနေ ၆ နာရီကစလို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ယာယီရပ်စဲမှုကို လိုက်နာမယ့်အကြောင်း သီးခြားစီ ကြေညာထားပါတယ်။ ညနေပိုင်းရောက်ချိန်ထိ သေနတ်ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲမှုတွေ ကြိုကြား ကြားနေရကြောင်း မြို့တော် Khartoum မြို့ခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းအေဂျင်စီက ဖော်ပြထားတာနဲ့အတူပဲ အပစ်အခတ်ရပ်စဲမှုကို လိုက်နာကြမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

မြို့တော် Khartoum က စစ်ဌာနချုပ်ကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ RSF တပ်ဖွဲ့တွေကို စစ်တပ်လေယာဉ်တွေက လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ စစ်ဌာနချုပ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မြို့တော်တွင်းက လမ်းမတွေပေါ်မှာလည်း တိုက်ခိုက်ရေးသမားတွေနဲ့ မြို့ကနေ ထွက်ပြေးဖို့ကြိုးစားသူတွေကလွဲရင် လူသူကင်းမဲ့နေပါတယ်

ဆူဒန်ပဋိပက္ခ ၂၄ နာရီ အပစ်ရပ်မှုအသစ် ကြေညာ
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG