သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်တို့ကြား တိုက်ပွဲပြင်းထန်


ဆူဒန်စစ်တပ်နဲ့ပြည်သူ့စစ်ကြား ခါတွန်းမြို့တိုက်ပွဲမြင်ကွင်း။ (ဧပြီ ၁၅၊ ၂၀၂၃) 
ဆူဒန်စစ်တပ်နဲ့ပြည်သူ့စစ်ကြား ခါတွန်းမြို့တိုက်ပွဲမြင်ကွင်း။ (ဧပြီ ၁၅၊ ၂၀၂၃) 


{{Zawgyi/Unicode}}

ဆူဒန်နိုင်ငံ မြို့တော် Khartoum မှာ စနေနေ့က အာဏာသိမ်းထားတဲ့ ဆူဒန်စစ်တပ်နဲ့ အင်အားကြီးတဲ့ပြည်သူ့စစ်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဆေးပညာရှင်များအဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ မြို့တော်တဝိုက်တင်မကဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ပြန့်နှံ့လာနေတာဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့ မျှော်လင့်နေချိန်မှာပဲ အခုလို ပဋိပက္ခတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာကြောင့် စိုးရိမ်မှုတွေလည်း တိုးလာနေတာပါ။

RSF ခေါ် အမြန်အထောက်ကူပေးရေးတပ်ဖွဲ့နဲ့ ဆူဒန်စစ်တပ်တို့ကြား တင်းမာမှုတွေပေါ်ပေါက်နေတာ လအတော်ကြာနေပြီဖြစ်ပါတယ်။ ဆူဒန်နိုင်ငံမှာ ၂၀၂၁ အောက်တိုဘာလ စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံရေးပါတီတွေကြား ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ညှိနှိုင်းမှုတွေကလည်း နိုင်ငံတွင်း လက်နက်ကိုင်အဖွဲ့တွေကြား တင်းမာမှုတွေကြောင့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။

စနေနေ့က Khartoum မြို့တော်တလွှားမှာရော အနားက Omdurman မြို့မှာပါ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံတွေနဲ့ ဆူညံနေတာပါ။ ဆူဒန်မှာ အာဏာသိမ်းမှုဖြစ်ပွါးခဲ့ချိန်ကစပြီး Omdurman မြို့မှာ စစ်တပ်ကရော RSF ဘက်ကပါ တပ်သားသောင်းနဲ့ချီ စုဆောင်းနေတာဖြစ်ပါတယ်။
Khartoum မြို့လမ်းမတွေပေါ်မှာတော့ စက်သေနတ်တွေဆင်ထားတဲ့ ပစ်ကပ် ထရပ်ကားတွေပေါ်ကနေ ပစ်ခတ်နေကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ တင့်ကားတွေကိုပါ လမ်းမတွေပေါ်မှာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

စစ်တပ်ကတော့ သူတို့ဟာ RSF တွေ နေရာယူထားတဲ့နေရာတွေကို လေကြောင်းကနေ လေယာဉ်နဲ့ရော ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG