သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၈ နှစ်မြောက် ဒေါ်စုမွေးနေ့ ပြည်ပရောက် မြန်မာတွေ စုဝေးကျင်းပ


နယ်သာလန်နိုင်ငံမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် မွေးနေ့ မြင်ကွင်း။ (photo: Htin Lin GarGuu)
နယ်သာလန်နိုင်ငံမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် မွေးနေ့ မြင်ကွင်း။ (photo: Htin Lin GarGuu)

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ မွေးနေ့ကို ဇွန်လ ၁၇ ရက်နေ့ စနေနေ့က အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီနဲ့ ဥရောပတိုက်၊ နယ်သာလန်နိုင်ငံမှာ အဝေးရောက်မြန်မာ့ဒီမိုကရေစီအင်အားစုတွေကစုရုံးကျင်း ပခဲ့ကြပါတယ်။

၇၈ နှစ်မြောက် ဒေါ်စုမွေးနေ့ ပြည်ပရောက် မြန်မာတွေ စုဝေးကျင်းပ

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ မွေးနေ့ကို ဇွန်လ ၁၇ ရက်နေ့ စနေနေ့က အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ကျင်းပခဲ့သလို၊ ဥရောပတိုက်၊ နယ်သာလန်နိုင်ငံမှာလည်း အဝေးရောက်မြန်မာ့ဒီမိုကရေစီအင်အားစုတွေကစုရုံးကျင်း ပခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွက် NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ကနေ အခုလိုတိုက်တွန်းပြောဆိုခဲ့ပါတယ်။
“ အမေဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ်ချစ်မြတ်နိုးပြီးတော့ သူလိုချင်တဲ့အကောင်းဆုံးဆု ပေးဖို့အတွက် လူတိုင်းလူတိုင်းက ရောက်တဲ့နေရာမှာ ရရာတာဝန်ကို တော်လှန်ရေးအသိ တော်လှန်ရေးသစ္စာ တော်လှန်ရေးကတိတွေ မပျောက်ပျက်ဘဲနဲ့ ဆက်လက်ပြီးလုပ်ဆောင်ရင်းနဲ့ လိုချင်တဲ့ငြိမ်းချမ်းရေး စစ်အာဏာရှင်ဆန့်ကျင်ရေး တိုင်းပြည်ရဲ့ ဒီမိုကရေစီလူ့အခွင့်အရေးရဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့အတွက် အများကြီးတိုက်တွန်းလိုပါတယ်။ ပန်ကြားလိုပါတယ်။”

အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမှာတော့ အဝေးရောက်မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ NUG ဝန်ကြီး၊ ဒေါက်တ ာဇော်ဝေစိုး၊ ကိုထင်လင်းအောင်၊ ကိုမိုးဇော်ဦးတို့ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကျင်းပခဲ့သလို၊ လက်ရှိနိုင်ငံရေး အပေါ်ဆွေးနွေးရှင်းလင်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်။
NUG ရဲ့ တနှစ်တာတော်လှန်ရေးအောင်နိုင်ရေးအစီစဉ်၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက်တိုင်းရင်းသားများ နဲ့သဘောတူထားချက်တွေ၊ အမေရိကန်အစိုးရရဲ့ ကူညီပံ့ပိုးမှုအခြေအနေစတာတွေကိုဆွေးနွေးရှင်းလင်းသွားမယ်လို့ အခန်းအနားအစီစဉ်မှာဖေါ်ပြထားပါတယ်။ အခမ်းအနားကိုတော့ ညနေ ၅ နာရီမှာစတင်ခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံချစ်ခင်သူတွေစုရုံးခဲ့ပြီး၊ ဆုတောင်းမေတ္တာပို့သခဲ့လို၊ အကူအညီအမှန်တကယ်လိုအပ်နေတဲ့ စစ်ဘေးကြုံနေရသူတွေအတွက် ဆေးဝါးရိက္ခာနဲ့ စစ်ပြေးဒုက္ခသည်ကလေးတွေ ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဒါနအဖြစ် စုပေါင်းလှုဒန်းသွားမှာဖြစ်ပါတယ်။ အခန်းအနားကိုတော့ နေ့လည် ၁၁ နာရီမှာစတင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG