သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ေရြးေကာက္ပြဲ ဆုိင္းဘုတ္တင္ပဲြမွာ လူစုလူေဝးမလုပ္ဖုိ႔ ေဒၚစု တုိက္တြန္း


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ကုိဗစ္ကူးစက္မႈ အေျခအေနေၾကာင့္ အသြားအလာ ကန္႔သတ္ခ်က္ေတြကို လိုက္နာတဲ့အေနနဲ႔ လူစုလူေဝး မလုပ္ၾကဖုိ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူေတြကို တိုက္တြန္းလို္က္ပါတယ္။

ရန္ကုန္တိုင္း ေကာ့မွဴးၿမဳိ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပဳိင္မယ့္ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က စက္တာဘာ ၈ ရက္ လာမယ့္အဂၤါေန႔က်ရင္ ေကာ့မွဴးၿမဳိ႕က ေရြးေကာက္ပဲြေအာင္ႏို္ငေရး ဆိုင္းဘုတ္တင္ပဲြ အခမ္းအနားမွာ ေဒသခံျပည္သူေတြ လူစုလူေဝးလုပ္မယ့္သတင္း ထြက္ေပၚေနတာေၾကာင့္ အခုလို သတိေပး ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

"ဒီေထာက္ခံမႈထက္ ပိုၿပီး တန္ဖုိးရွိတာကေတာ့ ျပည္သူေတြရဲ႕ က်န္းမာေရးပဲ ျဖစ္ပါတယ္။ က်န္းမာေရးနဲ႔ လုံၿခဳံေရးပါ။ ဒါေၾကာင့္မို႔လုိ႔ အခုအခ်ိန္မွာ ကိုဗစ္ကာလမွာဆိုလို႔ရွိရင္ လူစုလူေဝးလည္း မျဖစ္ရေအာင္ တေနရာကေန တေနရာ မသြားဖို႔ ပိတ္ပင္တားဆီးထားတဲ့ စည္းမ်ည္းစည္းကမ္းေတြနဲ႔လည္း ကိုက္ညီေအာင္လို႔ က်မတို႔ရဲ႕ ေကာ့မွဴးကို မလိုက္ပါနဲ႔လို႔ က်မအေနနဲ႔ ေမတၱာရပ္ခံခ်င္ပါတယ္။"

ျမန္မာႏုိင္ငံမွာ အခုရက္ပိုင္းအတြင္း ေတာက္ေလွ်ာက္ဆုိသလို ရန္ကုန္တုိင္းနဲ႔ ရခုိင္ျပည္နယ္မွာ ကုိဗစ္အတည္ျပဳလူနာေတြ တစစ တိုးလာေနတဲ့အတြက္ ေနအိမ္မွာပဲေနၾကဖို႔ Stay at Home အမိန္႔ကို အစိုးရက ထုတ္ျပန္ထားသလို ရခိုင္ျပည္နယ္က ၿမဳိ႕နယ္အမ်ားစုမွာ ညမထြက္ရ ၁၄၄ အမိန္႔ ထုတ္ျပန္ထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္တင္ဘာ ၅ ရက္ ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ စေနေန႔တရက္တည္း ကုိဗစ္ ဓာတ္ခဲြအတည္ျပဳ လူနာသစ္ ၃၇ ဦး ရွိပါတယ္။ အဲဒီထဲမွာ ရန္ကုန္တုိင္းက ၂၇ ဦးနဲ႔ အမ်ားဆုံးျဖစ္ၿပီး ရခုိင္ျပည္နယ္က ၆ ဦး၊ ရွမ္းျပည္နယ္က ၁ ဦးနဲ႔ မႏၱေလး၊ ဧရာဝတီ၊ ေနျပည္ေတာ္တုိင္းေတြက ၁ ဦးစီ ျဖစ္ပါတယ္။

အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ ကိုဗစ္ကူးစက္ခဲ့သူ စုစုေပါင္း ၁,၂၅၃ ဦးရွိေနၿပီး ေရာဂါကင္းစင္လာသူေပါင္း ၃၇၁ ဦးရွိကာ ၇ ဦး ေသဆုံးခဲ့ၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ရွေးကောက်ပွဲ ဆိုင်းဘုတ်တင်ပွဲမှာ လူစုလူဝေးမလုပ်ဖို့ ဒေါ်စု တိုက်တွန်း

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေကြောင့် အသွားအလာ ကန့်သတ်ချက်တွေကို လိုက်နာတဲ့အနေနဲ့ လူစုလူဝေး မလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တာဘာ ၈ ရက် လာမယ့်အင်္ဂါနေ့ကျရင် ကော့မှူးမြို့က ရွေးကောက်ပွဲအောင်နိုငရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားမှာ ဒေသခံပြည်သူတွေ လူစုလူဝေးလုပ်မယ့်သတင်း ထွက်ပေါ်နေတာကြောင့် အခုလို သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ဒီထောက်ခံမှုထက် ပိုပြီး တန်ဖိုးရှိတာကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ လုံခြုံရေးပါ။ ဒါကြောင့်မို့လို့ အခုအချိန်မှာ ကိုဗစ်ကာလမှာဆိုလို့ရှိရင် လူစုလူဝေးလည်း မဖြစ်ရအောင် တနေရာကနေ တနေရာ မသွားဖို့ ပိတ်ပင်တားဆီးထားတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့လည်း ကိုက်ညီအောင်လို့ ကျမတို့ရဲ့ ကော့မှူးကို မလိုက်ပါနဲ့လို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။"

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း တောက်လျှောက်ဆိုသလို ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ တစစ တိုးလာနေတဲ့အတွက် နေအိမ်မှာပဲနေကြဖို့ Stay at Home အမိန့်ကို အစိုးရက ထုတ်ပြန်ထားသလို ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ ညမထွက်ရ ၁၄၄ အမိန့် ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စနေနေ့တရက်တည်း ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၇ ဦး ရှိပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းက ၂၇ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၆ ဦး၊ ရှမ်းပြည်နယ်က ၁ ဦးနဲ့ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်တိုင်းတွေက ၁ ဦးစီ ဖြစ်ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခဲ့သူ စုစုပေါင်း ၁,၂၅၃ ဦးရှိနေပြီး ရောဂါကင်းစင်လာသူပေါင်း ၃၇၁ ဦးရှိကာ ၇ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG