သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကြားနာရေး ဇူလိုင် ၅ ရက် ပြန်စမည်


Myanmar Suu Kyi
Myanmar Suu Kyi

ထောင်ဒဏ် ၃၃ နှစ် ချမှတ်တာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်လျှောက်ထားမှုတွေအတွက် ဒီဇူလိုင်လအတွင်း ကြားနာမယ့် အစီအစဉ်ကို နေပြည်တော် အထူးတရားရုံးက ထုတ်ပြန်ခဲ့တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူတွေက စနေနေ့မှာ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကြားနာရေး ဇူလိုင် ၅ ရက် ပြန်စမည်

ထောင်ဒဏ် ၃၃ နှစ် ချမှတ်တာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်လျှောက်ထားမှုတွေအတွက် ဒီဇူလိုင်လအတွင်း ကြားနာမယ့် အစီအစဉ်ကို နေပြည်တော် အထူးတရားရုံးက ထုတ်ပြန်ခဲ့တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူတွေက စနေနေ့မှာ ပြောပါတယ်။

မနှစ်က စက်တင်ဘာမှာ ထောင်ဒဏ် ၃ နှစ်စီ အပြစ်ဒဏ်ချခဲ့တဲ့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖေါက်မှု စွဲချက် ၂ ခု အတွက် ဇူလိုင်လ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ကြားနာမှာ ဖြစ်ကြောင်း အမည်မဖေါ်လိုတဲ့ တရားရေးတာဝန်ရှိသူ ၂ ဦးရဲ့ ပြောကြားချက်ကို AP သတင်းမှာ ဖေါ်ပြထားပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူထုနဲ့ဆက်သွယ်ပြောကြားခွင့်မရသလို သူမရဲ့ ရှေ့နေတွေဟာလည်း ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကစပြီး သတင်းဌာနတွေကို ပြောကြားခွင့် ပိတ်ပင်တာ ခံနေရတာပါ။

ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ် ချမှတ်တာခံခဲ့ရတဲ့ ရဟတ်ယာဉ်ဝယ်ယူမှု အပါအဝင် အဂတိလိုက်စားမှု စွဲချက် ၅ ခု အတွက် ကြားနာဖို့ကိုတော့ ဇူလိုင်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့ကို သတ်မှတ်ထားတဲ့ အပြင် ဇူလိုင်လ ၁၈ ရက် အင်္ဂါနေ့မှာတော့ စကားပြောစက်လက်ဝယ်ထားရှိမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ချိုးဖေါက်မှု အပါအဝင် ဥပဒေချိုးဖေါက်မှုနဲ့ စွဲချက်တင်ထားတာတွေအတွက် ကြားနာဖို့ ရက်သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သူမအပေါ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကနဦးအယူခံဝင်မှု အားလုံးလိုလိုဟာ အပယ်ချခံခဲ့ရပြီး ဖြစ်ပါတယ်။ အယူခံဝင်ခဲ့တဲ့ ထဲက အဂတိလိုက်စားမှု ၇ မှု အတွက်တော့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ လည်း ဖေါ်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ အယူခံဝင်ဖို့ ပြင်ဆင်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတာ အပါအဝင် သူမအပေါ်ချမှတ်ထားတဲ့ ကန့်သတ်မှုတွေကြောင့် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာပါ။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလ နောက်ဆုံးတွေ့ခွင့်ရပြီးချိန်ကစလို့ နောက်ထပ်တွေ့ဆုံဖို့ ၅ ကြိမ် လျှောက်ထားခဲ့ပေမယ့် အခုချိန်အထိ တွေ့ခွင့်မရသေး သလို အကြာင်းပြန်ကြားတာလည်း မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနှစ် ဇွန်လကုန်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ၂ သောင်းလောက် ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP- B က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG