(Zawgyi/Unicode)
ဥပေဒစိုးမိုးမူ လက္လွမ္းမမီတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္အစပ္ ကုံးမုံရြာအနီးမွာ ဒီမနက္ ေနရပ္ဇာတိ အတည္ျပဳဆဲလူ(၅)ဦး ေသနတ္ဒဏ္ရာနဲ႕ေသဆုံးသြားခဲ့တဲ့အေၾကာင္း နိုင္ကြန္းအိန္ တင္ျပေပးမွာပါ။
ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါျမိဳ႕နယ္ကုံး မုံေက်းရြာအနီး ေတာအုပ္အတြင္း ဒီကေန႕မနက္မွာ လူ(၅)ဦး ေသနတ္ ပစ္ခံဒဏ္ရာနဲ႕ေသဆုံးေနတယ္လို႕ နယ္စည္းမျခား ပရဟိတ(သီေပါ) တာ၀န္ခံ ကိုမ်ိဳးကေျပာပါတယ္။
“သူတို႕(၅)ဦးေပါ့ေနာ္ စိစစ္ဆဲေပါ့။ အကုန္လုံး(၅)ဦးလုံး ေသတယ္။ မိသားစု၀င္က ဘယ္ႏွစ္ဦးလဲ။ မိသားစု၀င္ မဟုတ္တာ ဘယ္ေလာက္လဲ။ အဲတာေတာ့ သူတို႕စိစစ္ေနတုန္းေပါ့။ သူတို႕က ေနရပ္ လိပ္စာလဲ မသိရေသးဘူး။ သူတို႕က ေတာထဲမွာ လာေနၾကတာကိုး။ ျပည္ေထာင္စုလမ္းမနဲ႕ (၆)မိုင္ေလာက္ အကြာ။ ကုံးမုံရြာနဲ႕ အနီးဆုံးေပါ့။”
ေသဆုံးသူေတြဟာ ဘယ္ရပ္ရြာ၊ ဘယ္ဇာတိကဆိုတာကို ရဲတပ္ဖြဲ႕၀င္ေတြက စီစစ္ေနဆဲျဖစ္ျပီး ဘယ္သူက ပစ္ခတ္ ခဲ့တယ္ဆိုတာေတာ့အတည္မျပဳနိုင္ေသးဘူးလို႕ ကိုမ်ိဳးကေျပာပါတယ္။
ေတာတြင္း ေသနတ္ဒဏ္ရာေတြနဲ႕ေသဆုံးေနတဲ့ ေယာက်ၤ ား(၂)ဦး၊ အမ်ိဳးသမီး(၂)ဦးနဲ႕ ကေလး(၁)ဦးစုစုေပါင္း (၅)ဦး ကိုေတာ့ သီေပါ ေဆးရုံ ရင္ခြဲရုုံကို ပို႔ေဆာင္ေပးခဲ႔တယ္လို႕လဲ သူကဆိုပါတယ္။
ဒီလို လူေသဆုံးတဲ့အထိ ပစ္ခတ္မႈျဖစ္စဥ္နဲ႔ အေျခအေနအေသးစိတ္ကိုသိရွိဖို႕ သီေပါၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးကို ဆက္သြယ္ ေမးျမန္းခဲ့ေပမယ့္ တာ၀န္ယူေျဖၾကားေပးမယ့္ သူမရွိခဲ့ပါဘူး။
ဒီမနက္ ကုံးမုံရြာအနီး လူ(၅)ဦး ေသနတ္နဲ႔ ပစ္သတ္ခံရေၾကာင္း သီေပါၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းခမ္းေအာင္ကလဲ အတည္ျပဳေျပာပါတယ္။
“ျဖစ္တယ္ဆိုတာလဲ သိရပါတယ္။ ျဖစ္တဲ့ ဟာလဲ လမ္းမႀကီးအတြင္းဘက္ လို႕ေျပာတယ္။ အေၾကာင္းအေသးစိတ္ေတာ့မသိရဘူးဗ်။ အဲဒီဘက္နားမွာ သီေပါနဲ႕ နည္းနည္းေလးေတာ့ လွမ္းတာေပါ့ဗ်ာ။”
သီေပါၿမိဳ႕နယ္ ကုံးမုံေက်းရြာဟာ လားရွိဳးၿမိဳ႕နယ္နဲ႕ အစပ္ၾကားမွာရွိၿပီး အဲဒီေဒသဟာ တရားဥပေဒ စိုးမိုးမွဳ အားနည္း ေနလို႕ အခုလိုျဖစ္စဥ္မ်ိဳး မၾကာမၾကာ ျဖစ္ပြားေနတယ္လို႕ သီေပါၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္လွယ္ စိုင္းခမ္းေအာင္က ဆက္ေျပာပါတယ္။
“သီေပါၿမိဳ႕နဲ႕အလွမ္းေ၀းတဲ့အခါက်ေတာ့ လုံျခံဳေရးတာ၀န္ရွိတဲ့အဖြဲ႕အစည္းေတြေပါ့ေနာ္။ တနည္းအားျဖင့္ ျမန္မာနိုင္ငံ ရဲေတြကေတာ့ လက္လွမ္း မမီနိုင္ဘူးေပါ့ဗ်ာ။ ေနာက္အဲဒီနားတ၀ိုက္ ကလဲ မူးယစ္ ေဆးသုံးတဲ့ သူေတြလဲ ေနၾကတယ္ဗ်ာ။ မူးယစ္ေဆး သုံးစြဲေရာင္း၀ယ္တဲ့သူေတြေပါ့။ အခုကြ်န္ေတာ္တို႕ ျဖစ္တဲ့ဟာလဲ အရင္တုန္းကလဲျဖစ္တယ္။ မၾကာမၾကာ ျဖစ္တတ္တာေပါ့ အဲဒီအနား။”
ျပီးခဲ့တဲ့ ဇန္န၀ါရီလကလဲ သီေပါျမိဳ႕နယ္ ကုံးမုံေက်းရြာအနီးမွာ လူ(၃)ဦးအသတ္ခံထားရျပီး လက္သည္တရားခံကို ေတာ့ ေဖၚထုတ္နိုင္ျခင္းမရွိေသးပါဘူး။
သီေပါနဲ႕လားရွိဳးၿမိဳ႕နယ္အစပ္ေဒသေတြမွာ မူးယစ္ေဆး သုံးစြဲ ေရာင္း၀ယ္ေဖာက္ကားမႈ ေတြရွိေနတာေၾကာင့္ ပုဂၢိဳလ္ေရး ျပႆနာေတြအေျခခံၿပီး အခုလို လူသတ္မွဳေတြ က်ဴးလြန္လာတယ္လို႕လဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေ၀ဖန္ သုံးသပ္ထားပါတယ္။
......................
သီပေါမြို့အနီးမှာ သေနတ်ဒဏ်ရာနဲ့ လူ ၅ ဦး သေဆုံးနေ
(Unicode)
ဥပဒေစိုးမိုးမူ လက်လှမ်းမမီတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အစပ် ကုံးမုံရွာအနီးမှာ ဒီမနက် နေရပ်ဇာတိ အတည်ပြုဆဲလူ(၅)ဦး သေနတ်ဒဏ်ရာနဲ့သေဆုံးသွားခဲ့တဲ့အကြောင်း နိုင်ကွန်းအိန် တင်ပြပေးမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကုံး မုံကျေးရွာအနီး တောအုပ်အတွင်း ဒီကနေ့မနက်မှာ လူ(၅)ဦး သေနတ် ပစ်ခံဒဏ်ရာနဲ့သေဆုံးနေတယ်လို့ နယ်စည်းမခြား ပရဟိတ(သီပေါ) တာဝန်ခံ ကိုမျိုးကပြောပါတယ်။
“သူတို့(၅)ဦးပေါ့နော် စိစစ်ဆဲပေါ့။ အကုန်လုံး(၅)ဦးလုံး သေတယ်။ မိသားစုဝင်က ဘယ်နှစ်ဦးလဲ။ မိသားစုဝင် မဟုတ်တာ ဘယ်လောက်လဲ။ အဲတာတော့ သူတို့စိစစ်နေတုန်းပေါ့။ သူတို့က နေရပ် လိပ်စာလဲ မသိရသေးဘူး။ သူတို့က တောထဲမှာ လာနေကြတာကိုး။ ပြည်ထောင်စုလမ်းမနဲ့ (၆)မိုင်လောက် အကွာ။ ကုံးမုံရွာနဲ့ အနီးဆုံးပေါ့။”
သေဆုံးသူတွေဟာ ဘယ်ရပ်ရွာ၊ ဘယ်ဇာတိကဆိုတာကို ရဲတပ်ဖွဲ့ဝင်တွေက စီစစ်နေဆဲဖြစ်ပြီး ဘယ်သူက ပစ်ခတ် ခဲ့တယ်ဆိုတာတော့အတည်မပြုနိုင်သေးဘူးလို့ ကိုမျိုးကပြောပါတယ်။
တောတွင်း သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ယောင်္ကျ ား(၂)ဦး၊ အမျိုးသမီး(၂)ဦးနဲ့ ကလေး(၁)ဦးစုစုပေါင်း (၅)ဦး ကိုတော့ သီပေါ ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လဲ သူကဆိုပါတယ်။
ဒီလို လူသေဆုံးတဲ့အထိ ပစ်ခတ်မှုဖြစ်စဉ်နဲ့ အခြေအနေအသေးစိတ်ကိုသိရှိဖို့ သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့် သူမရှိခဲ့ပါဘူး။
ဒီမနက် ကုံးမုံရွာအနီး လူ(၅)ဦး သေနတ်နဲ့ ပစ်သတ်ခံရကြောင်း သီပေါမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်ကလဲ အတည်ပြုပြောပါတယ်။
“ဖြစ်တယ်ဆိုတာလဲ သိရပါတယ်။ ဖြစ်တဲ့ ဟာလဲ လမ်းမကြီးအတွင်းဘက် လို့ပြောတယ်။ အကြောင်းအသေးစိတ်တော့မသိရဘူးဗျ။ အဲဒီဘက်နားမှာ သီပေါနဲ့ နည်းနည်းလေးတော့ လှမ်းတာပေါ့ဗျာ။”
သီပေါမြို့နယ် ကုံးမုံကျေးရွာဟာ လားရှိုးမြို့နယ်နဲ့ အစပ်ကြားမှာရှိပြီး အဲဒီဒေသဟာ တရားဥပဒေ စိုးမိုးမှု အားနည်း နေလို့ အခုလိုဖြစ်စဉ်မျိုး မကြာမကြာ ဖြစ်ပွားနေတယ်လို့ သီပေါမြို့နယ် ပြည်နယ် လွှတ်တော်လှယ် စိုင်းခမ်းအောင်က ဆက်ပြောပါတယ်။
“သီပေါမြို့နဲ့အလှမ်းဝေးတဲ့အခါကျတော့ လုံခြုံရေးတာဝန်ရှိတဲ့အဖွဲ့အစည်းတွေပေါ့နော်။ တနည်းအားဖြင့် မြန်မာနိုင်ငံ ရဲတွေကတော့ လက်လှမ်း မမီနိုင်ဘူးပေါ့ဗျာ။ နောက်အဲဒီနားတဝိုက် ကလဲ မူးယစ် ဆေးသုံးတဲ့ သူတွေလဲ နေကြတယ်ဗျာ။ မူးယစ်ဆေး သုံးစွဲရောင်းဝယ်တဲ့သူတွေပေါ့။ အခုကျွန်တော်တို့ ဖြစ်တဲ့ဟာလဲ အရင်တုန်းကလဲဖြစ်တယ်။ မကြာမကြာ ဖြစ်တတ်တာပေါ့ အဲဒီအနား။”
ပြီးခဲ့တဲ့ ဇန်နဝါရီလကလဲ သီပေါမြို့နယ် ကုံးမုံကျေးရွာအနီးမှာ လူ(၃)ဦးအသတ်ခံထားရပြီး လက်သည်တရားခံကို တော့ ဖေါ်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။
သီပေါနဲ့လားရှိုးမြို့နယ်အစပ်ဒေသတွေမှာ မူးယစ်ဆေး သုံးစွဲ ရောင်းဝယ်ဖောက်ကားမှု တွေရှိနေတာကြောင့် ပုဂ္ဂိုလ်ရေး ပြဿနာတွေအခြေခံပြီး အခုလို လူသတ်မှုတွေ ကျူးလွန်လာတယ်လို့လဲ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန် သုံးသပ်ထားပါတယ်။