သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၆)


Piles of debris are shown on the sidewalks in front of homes waiting to be hauled away, Sept. 27, 2017, in Hialeah, Fla. Up and down Florida's peninsula, county officials say tree limbs made up the bulk of the storm debris.
Piles of debris are shown on the sidewalks in front of homes waiting to be hauled away, Sept. 27, 2017, in Hialeah, Fla. Up and down Florida's peninsula, county officials say tree limbs made up the bulk of the storm debris.

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ The calm before the storm, To keep mum နဲ့ A cliff hanger တို့ကို တင်ပြထားပါတယ်။

(၁) The calm before the storm

The calm (စိတ်ငြိမ်တာ၊ ငြိမ်သက်တာ)၊ before (အရင်၊ မတိုင်မီ)၊ the storm (မုန်တိုင်း) လို့ လုံးကောကခရပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မုန်တိုင်းမကျမီ ငြိမ်သက်ခြင်း ဖြစ်ပါတယ်။ လေမုန်တိုင်းမကျမီ အားလုံးက ငြိမ်သက်နေတဲ့ အခြေအနေကို ရည်ညွှန်းတာ ဖြစ်တဲ့အတိုင်း အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ဒုက္ခတွေ၊ ပြဿနာကြီးတွေ၊ အလုပ်သိပ်ရှုပ်မယ့်ကိစ္စတွေ၊ ဆူပူမှုတွေ စသဖြင့်တို့ကို မုန်တိုင်းဆိုတဲ့ ဘေးအန္တရာယ်နဲ့ တင်စားပြောထားတာဖြစ်ပြီး၊ အဲဒီလို ဒုက္ခတွေ မတွေ့မီ၊ ရှုပ်ရှတ်ခတ်တာတွေ မဖြစ်မီ၊ ဖြစ်တော့မယ့်ဆဲဆဲ မတိုင်မီလေး အခြေအနေ၊ တဒင်္ဂလေးမှာ အေးအေးဆေးဆေး ရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ တိုက်ပွဲတွေ ဖြစ်နေရာက အပစ်ရပ်သွားပေမယ့်လဲ ဒါဟာခဏပဲဖြစိတယ်၊ စိတ်ချလက်ချ နေလို့တော့ မရသေးတဲ့အခြေအနေမျိုး၊ ငြိမ်နေတာက အကောင်းငြိမ်နေတာ မဟုတ်တဲ့အတွက်၊ အဟုတ်ကြီးမှတ်ပြီး စိတ်ချလက်ချ မနေနဲ့ ၊ ဒါထက်ပိုဆိုးတဲ့ အခြေအနေမျိုး ဖြစ်လာစရာရှိတယ်လို့ ကြိုသတိပေးတဲ့သဘောမျိုးလည်း ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က အောက်တိုဘာ (၅) ရက်နေ့က သူ့ရဲ့စစ်ဘက်ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး သတင်းထောက်တွေကို အခုလို တွေ့ဆုံတာဟာ ဘာကြောင့်လဲသိလားလို့မေးခဲ့ရာမှာ သတင်းထောက်တဦးက သမ္မတက ဘာကိုဆိုလိုသလဲဆိုတာကို ရှင်းပြပါလို့ ပြန်မေးရာမှာ၊ သမတက အခုလို တွေ့ဆုံမှုဟာ ကြီးကြီးကျယ်ကျယ် တခုခုမဖြစ်မီ အေးအေးဆေးဆေး ရှိနေတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တဲ့အကြောင်း သမ္မတ Trump က ဖြေကြားခဲ့ရာမှာ The calm before the storm ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The situation maybe peaceful now, but I think it is only the calm before the storm.

အခြေအနေက အခုတော့ အေးအေးဆေးဆေးပဲ ရှိနေပုံ ရပါတယ်။ ဒါပေမဲ့ ကျနော့်အထင်တော့ ဒါထက် ပိုဆိုးလာမယ့် အနေအထားမျိုး ဖြစ်လာနိုင်တယ်။

(၂) To keep mum

To keep (ဖြစ်စေတာ)၊ mum က ဒီနေရာမှာ နှုတ်ခမ်းကို စေ့ထားပြီး အသံထွက်ကြည့်ရင် “mmm” ဆိုတဲ့ အသံထွက်တာကို ဆိုလိုပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပါးစပ်ကို စေ့ထားတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကဘာမှထုတ်မပြောတာ ဖြစ်ပါတယ်။ ဒီအသုံးကို The calm before the storm လို့သမ္မတ Trump က ပြောခဲ့တာနဲ့ ပတ်သက်လို့ စစ်ရေးအရ အရေးယူမှုတွေ ပြုလုပ်တော့မလားလို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ပြောခွင့်ရအမျိုးသမီး Sarah Sanders က ကြိုပြီးတော့ ပြောလေ့မရှိဘူးဆိုပြီးတော့ နှုတ်ပိတ်နေတဲ့အကြောင်းနဲ့ ပတ်သက်လို့ New York Times သတင်းစာကြီးက White House mum over Trump's cryptic 'calm before the storm' message ဆိုပြီးတော့ Trump က ဒီလိုငြိမ်သက်မှုဟာ နောက်မှာ အကြီးအကျယ်တခုခု ဖြစ်စရာရှိတယ်လို့ လျှို့ဝှက်အဓိပ္ပါယ်နဲ့ပြောခဲ့တာနဲ့ ပတ်သက်လို့ အိမ်ဖြူတော်က နှုတ်ဆိတ်နေတယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအီဒီယံအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John, I want you to keep mum about Mary’s birthday party. We want to surprise her.

John ရေ ၊ Mary ရဲ့ မွေးနေ့ပါတီအကြောင်း ဘယ်သူကိုမှ မပြောနဲ့နော်။ သူ့ကို အံ့အားသင့်စေချင်လို့ပါ။

(၃) A cliffhanger

A cliff (တောင်ကလပ်စွန်း)၊ hanger (တွဲလောင်းဖြစ်နေတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တောင်ကလပ်စွန်းမှာတွဲလောင်းခိုနေတာ ဖြစ်ပါတယ်။ တောင်ကလပ်စွန်းမှာ တွဲလောင်းခိုနေတယ်ဆိုရင် အောက်ကိုပြုတ်ကျရင် ဘယ်လိုဖြစ်မလဲဆိုပြီး၊ စိုးရိမ်ထိတ်လန့်စရာစေမှာဖြစ်တဲ့အတိုင်း အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်စိုးရိမ်ထိတ်လန့်စရာ အခြေအနေ၊ သည်းထိတ်ရင်ဖို အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ Cliffhanger အသုံးကို ၁၉၃၀ ခုနှစ်များက အခန်းဆက်ဝထ္တုတွေ၊ အခန်းဆက် ရုပ်ရှင်ဇာတ်ကားတွေမှာ သုံးလာကြတာဖြစ်ပြီး၊ ဇာတ်လမ်းတွေရဲ့အဆုံးမှာ ပရိသတ်တွေကိုဆွဲဆောင်စေဖို့ သည်းထိတ်ရင်ဖိုအခန်းနဲ့ အဆုံးသတ်တာကို Cliffhanger ending လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ အလားတူပဲ နေ့စဉ်ဘဝမှာ ဘယ်လို အဖြေထွက်မလဲဆိုတာကို ရင်တထိတ်ထိတ်၊ ရင်တမမနဲ့ စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးကို Cliffhanger လို့ ရည်ညွှန်းသုံးလာတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က The calm before the storm လို့ ပြောခဲ့ပြီး၊ ဘာဖြစ်မလဲဆိုတာကို “Wait and see.” စောင့်ကြည့်ပေါ့လို့ သတင်းမီဒီယာကို ပြောခဲ့တာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားကိုပဲ တိုက်တော့မလား၊ အီရန်နဲ့ပဲ စစ်ဖြစ်တော့မလားဆိုပြီး လူတွေကို သည်းထိတ်ရင်ဖို စောင်ြ့ကည့်စေတဲ့အတွက်ကြောင့် CNN သတင်းဌာနကြီးက Donald Trump is treating a potential war like a reality show cliffhanger လို့ ရည်ညွှန်းသုံးခဲ့တာ ဖြစ်ပါတယ်။ Donald Trump ကစစ်ဖြစ်မယ့်အလားအလာနဲ့ ပတ်သက်လို့ တီဗီအခန်းဆက် သည်းထိတ်ရင်ဖိုဇာတ်လမ်းလိုပဲ သဘောထားနေတယ်လို့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The election was a cliffhanger. All the votes had to be counted before the winner could be declared.

ရွေးကောက်ပွဲကတော့ သည်းထိတ်ရင်ဖိုပါပဲ။ မဲတွေအားလုံး ရေတွက်ပြီစီးမှာပဲ ဘယ်သူနိုင်တယ်ဆိုတာကို ကြေညာနိုင်တော့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက The calm before the storm, To keep mum နဲ့ A cliffhanger တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG