သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ဆက်စပ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ တူရကီကုမ္ပဏီ ၂၀ကျော် အရေးယူဖို့ EU ပြင်ဆင်


ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ ရုရှားဘက်က ဒုံးကျည်နဲ့ တိုက်ခိုက်အပြီး မီးလောင်နေတဲ့ မြင်ကွင်းတခု (ဇန်နဝါရီ ၂၊ ၂၀၂၄)
ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ ရုရှားဘက်က ဒုံးကျည်နဲ့ တိုက်ခိုက်အပြီး မီးလောင်နေတဲ့ မြင်ကွင်းတခု (ဇန်နဝါရီ ၂၊ ၂၀၂၄)

ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို စစ်ရေးနည်းပညာ အထောက်အကူပေးနေတယ်လို့ စွပ်စွဲပြီး တရုတ်၊ အိန္ဒိယနဲ့ တူရကီနိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီ ၂၀ ကို EU ဥရောပသမဂ္ဂက အရေးယူဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားစတင်ကျူးကျော်တာ ၂ နှစ်ပြည့်တဲ့ ဖေဖေါ်ဝါရီလမှာ အီးယူက ရုရှားအပေါ် အရေးယူမှု ၁၃ ခု ချမှတ်ခဲ့တာပါ။ အခုဆက်ပြီး ရုရှားအတွက် စစ်ရေးအကူအညီပေးနေတဲ့ ကုမ္ပဏီ ၂၀ ဆီက ကုန်ပစ္စည်းတင်ပို့မှုကို တားမြစ်လိုက်ပြီး အမည်မည်းစာရင်း ထည့်သွင်းတော့မှာဖြစ်ကြောင်း အီးယူရဲ့ အဆိုပြုချက်စာတမ်းမှာ ဖေါ်ပြထားတာတွေ့ရတယ်လို့ AFP သတင်းကဆိုပါတယ်။ ဒီကုမ္ပဏီ ၂၀ ထဲမှာ တရုတ်ပြည်မကြီးက ကုမ္ပဏီ ၃ ခု၊ တူရကီကတခုနဲ့ အိန္ဒိယကကုမ္ပဏီတခု ပါဝင်နေတာပါ။

ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုကိုရှောင်ကွင်းပြီး ကုန်သွယ်မှုတွေမလုပ်အောင် အီးယူက အခုလို တဆင့်တိုးလုပ်ဆောင်လိုက်တဲ့အတွက် အီးယူရဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံဟာလည်း ဒီ ကုမ္ပဏီတွေနဲ့ ကုန်သွယ်မှုမလုပ်နိုင်တော့ပါဘူး။ အီးယူဟာ အာမေးနီးယား၊ UAE နဲ့ Uzbekistan အခြေစိုက်ကုမ္ပဏီ တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်အခြေစိုက်ကုမ္ပဏီ ၃ ခု အပါအဝင် ကုမ္ပဏီပေါင်း ၆၀၀ ကျော်ကို ပစ္စည်းတင်သွင်းခွင့်တွေ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

တကယ်လို့ အခု အီးယူရဲ့နောက်ထပ်အရေးယူဒဏ်ခတ်မှုကို အဖွဲ့ဝင်နိုင်ငံတွေကသာ သဘောတူလက်ခံခဲ့မယ်ဆိုရင် ဒါဟာ ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားကို ကူညီသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ထဲမှာ တရုတ်ပြည်မကြီး အခြေစိုက် ကုမ္ပဏီတွေကို ပထမဆုံး အရေးယူမှုလည်း ဖြစ်လာမှာပါ။ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ချိန်ကစပြီး အီးယူက အရေးယူ ဒဏ်ခတ်မှု ချမှတ်တာ ၁၂ ကြိမ်ရှိနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG