သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရို ၂၀၂၄ ပွဲ အိမ်ရှင်ဂျာမနီ အုပ်စုပထမနဲ့နောက်တဆင့်တက်


Euro 2024 - အုပ်စု A ဆွစ်ဇာလန်နဲ့ဂျာမနီပြိုင်ပွဲ (ဇွန် ၂၃၊ ၂၀၂၄)
Euro 2024 - အုပ်စု A ဆွစ်ဇာလန်နဲ့ဂျာမနီပြိုင်ပွဲ (ဇွန် ၂၃၊ ၂၀၂၄)

ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ ယူရို-၂၀၂၄ ဥရောပဖလားဘောလုံးပွဲမှာတော့ အိမ်ရှင်ဂျာမနီအသင်းက ပွဲပြီးခါနီးမှ ချေပဂိုးသွင်းပြီး အုပ်စုပထမနဲ့ နောက်တဆင့်တက်သွားပါတယ်။

ဒီနေ့ အုပ်စု A နောက်ဆုံးပွဲစဉ်တွေအဖြစ်နဲ့ အိမ်ရှင်ဂျာမနီနဲ့ ဆွစ်ဇာလန်၊ ဟန်ဂေရီနဲ့ စကော့တလန်တို့ကစားခဲ့ကြပြီး ဖရန့်ဖတ်မြို့မှာကစားတဲ့ ဂျာမနီ နဲ့ ဆွစ်ဇာလန်ပွဲမှာတော့ ၁ ဂိုးစီ သရေဖြစ်သွားပါတယ်။ ဒီပွဲမှာ ဆွစ်ဇာလန်အသင်းက ၂၈ မိနစ်မှာ ဂိုးအရင်သွင်းခဲ့လို့ အိမ်ရှင်ဂျာမနီအသင်း နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဂျာမနီအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး ဒဏ်ရာရအချိန်ပိုမှာ ဒေါ့မန်တိုက်စစ်မှူး Fullkrug က ခေါင်းတိုက်သွင်းခဲ့လို့ တဘက် ၁ ဂိုးစီနဲ့ သရေဖြစ်သွားခဲ့ပါတယ်။

စတုဂတ်မြို့မှာကစားတဲ့ဟန်ဂေရီနဲ့ စကော့တလန်ပွဲမှာတော့ အကြိတ်အနယ်နဲ့ ၂ သင်းစလုံး ဂိုးသွင်းခွင့်တွေအပြန်အလှန်ရခဲ့ပြီး ပွဲပြီးခါနီး ဒဏ်ရာရအချိန်ပို ၁၀ မိနစ်မှာ ဟန်ဂေရီဘက်က Csoboth သွင်းတဲ့ဂိုးနဲ့ ဟန်ဂေရီက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်သွားခဲ့ပါတယ်။

ဒါကြောင့် ဒီ အုပ်စု A မှာတော့ အိမ်ရှင်ဂျာမနီက ၂ ပွဲနိုင်၊ ၁ ပွဲသရေ ၇ မှတ်နဲ့ အုပ်စု ပထမရပြီး ဆွစ်ဇာလန်က ၁ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ အုပ်စုဒုတိယရပြီး နောက်တဆင့်ကိုတက်သွားခဲ့ပါတယ်။ ဟန်ဂေရီအသင်းကတော့ ၃ မှတ်နဲ့ အုပ်စု တတိယရပြီး စကော့တလန်အသင်းကတော့ ၁ မှတ်နဲ့အုပ်စုအဆင့်ကနေ ထွက်လိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG