သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ညီညီညွတ်ညွတ်ထောက်ခံဖို့ ဥရောပခေါင်းဆောင်တွေ တိုက်တွန်း


ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့မြို့နားက Blenheim နန်းတော်မှာကျင်းပတဲ့ ဥရောပနိုင်ငံရေးအသိုင်းအဝိုင်း ထိပ်သီးအစည်းဝေး EPCS ဖွင့်ပွဲ။ (ဇူလိုင် ၁၈၊ ၂၀၂၄)
ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့မြို့နားက Blenheim နန်းတော်မှာကျင်းပတဲ့ ဥရောပနိုင်ငံရေးအသိုင်းအဝိုင်း ထိပ်သီးအစည်းဝေး EPCS ဖွင့်ပွဲ။ (ဇူလိုင် ၁၈၊ ၂၀၂၄)

ရုရှားရဲ့ကျူးကျော်စစ်ကိုတွန်းလှန်နေရတဲ့ ယူကရိန်းကို ညီညီညွတ်ညွတ်နဲ့ အကူအညီပေးကြဖို့ ကြာသပတေးနေ့ ဗြိတိန်မှာ စတင်ကျင်းပတဲ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးတက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ပန်ကြားလိုက်ပါတယ်။

အောက်စ်ဖို့နားက Blenheim နန်းတော်မှာ ကြာသပတေးနေ့ကျင်းပတဲ့ ဥရောပနိုင်ငံရေးအသိုင်းအဝိုင်း ထိပ်သီးအစည်းဝေး EPCS ဖွင့်ပွဲ အခမ်းအနားမှာ ဗြိတန်ဝန်ကြီးချုပ် Keir Starmer က ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားရန်လိုမှုခံနေရတဲ့ ယူကရိန်းရဲ့တွန်းလှန်စစ်အတွက် ညီညီညွတ်ညွတ် ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ခြိမ်းခြောက်မှုဟာ ဥရောပတလွှားကိုပါ ပြန့်လာနေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံအများအပြားဟာ ကိုယ့်နိုင်ငံရဲ့ဒီမိုကရေစီ အတိုက်ခိုက်ခံရတာတခုတည်းကို မြင်နေကြပေမယ့် လမ်းမတွေပေါ်ကလူတွေ ပစ်မှတ်ထားတိုက်ခိုက်တာခံနေရသလို ဥရောပဝေဟင်ထဲ စစ်လေယာဉ်တွေ ဝင်လာတာ၊ ကမ်းရိုးတန်းမှာ သင်္ဘောတွေကင်းလှည့်လာတာတွေ တွေ့လာရတဲ့အတွက် အားလုံးခုထက်ပို အာရုံစိုက် ကြဖို့ ပန်ကြားလိုက်တာပါ။

ဒီအစည်းအဝေးကို ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်လာတဲ့ ယူကရိန်းသမ္မတကတော့ သူ့နိုင်ငံကိုအကူညီပေးတဲ့ ဥရောပနိုင်ငံတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဒီလိုခေါင်းဆောင်တွေနဲ့ ရုရှားသမ္မတကြား ရေရှည်ခံတဲ့ဆက်ဆံမှုမျိုးမရှိနိုင်တာဟာ အားသာချက် တခုဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေကြား စည်းလုံးမှုရှိမှသာ ဒီလို အားသာနေမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

ဒါပေမယ့် အီးယူအဖွဲ့ထဲက ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ဒီလအစောပိုင်း မှာ ရုရှားသမ္မတ Vladimir Putin နဲ့ မော်စကိုမှာ သွားရောက်တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ တိုက်ရိုက် ထုတ်ဖေါ်ဝေဖန်တာ မရှိပါဘူး။ ယူကရိန်းသမ္မတဟာ ဗြိတိန်ဘုရင်တတိယမြောက် Charles နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ယူကရိန်းကို ညီညီညွတ်ညွတ်ထောက်ခံဖို့ ဥရောပခေါင်းဆောင်တွေ တိုက်တွန်း
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG