သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂ်ာမနီဝန္ႀကီးခ်ဳပ္ ယူကရိန္းသမၼတ Zelenskiy နဲ႔ ေတြ႕ဆုံ


ဂ်ာမနီဝန္ႀကီးခ်ဳပ္ Scholz 

[[Zawgyi/Unicode]]

သမၼတ Zelenskiy က ယူကရိန္းမွာေရာက္ေနတဲ့ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Scholz ကို ဒီကေန႔ တနလၤာေန႔မွာ လက္ခံေတြ႕ဆုံၿပီး ႐ုရွား-ယူကရိန္း နယ္စပ္အက်ပ္အတည္းကို ေဆြးေႏြးၾကပါတယ္။ အဂၤါေန႔ မွာ ႐ုရွားသမၼတပူတင္နဲ႔ Scholz က ေတြ႕ဆုံဖို႔စီစဥ္ထားၿပီး ဒီခရီးစဥ္ဟာ ဥေရာပ မွာ ၿငိမ္းခ်မ္းေရး ေသခ်ာေအာင္ ရွာေဖြတဲ့ခရီးျဖစ္တယ္လို႔ ဆိုပါတယ္။

႐ုရွားစစ္တပ္ေတြခ်ထားတဲ့ကိစၥအေပၚ ႐ုရွားနဲ႔ဥေရာပ လုံၿခဳံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ ရဲ႕ အျခားအဖြဲ႕ဝင္ေတြလည္း ၂ ရက္အတြင္း ပါဝင္ေဆြးေႏြးၾကဖို႔ ယူကရိန္းက တနဂၤေႏြေန႔ က ေတာင္းဆိုထားပါတယ္။ အဆိုပါအဖြဲ႕အတြင္း လုံၿခဳံေရးအရ ကြဲျပားမႈမရွိေစရဘူးဆိုတဲ့ အခ်က္အေပၚ အေလးအနက္ထားတယ္ဆိုရင္ ႐ုရွားဟာ စစ္ေရးအရ ပြင့္လင္းျမင္သာမႈ ရွိေစရမယ္ဆိုတဲ့ ကတိကဝတ ကို ျဖည့္ဆည္းရပါမယ္လို႔ ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba က သူ႔ရဲ႕ လူမႈစာမ်က္ႏွာမွာ ေရးထားပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္ကလည္း ယူကရိန္းသမၼတကို တနဂၤေႏြေန႔က ဖုန္းေခၚခဲ့ၿပီး ယူကရိန္းရဲ႕ အခ်ဳပ္အျခာနဲ႔ နယ္ေျမတည္တံ့မႈကို အေမရိကန္က ကတိကဝတ္ထား ေလးစားေၾကာင္း ေျပာဆိုခဲ့ပါတယ္။ သံတမန္ေရးနည္းလမ္းနဲ႔ အင္အားနဲ႔ဟန႔္တားေရးနည္းလမ္းေတြကို ဆက္လက္ ေဆာင္႐ြက္ၾကဖို႔ အေရးႀကီးတာအေပၚ အေမရိကန္သမၼတနဲ႔ ယူကရိန္းသမၼတတို႔ သေဘာတူၾကေၾကာင္း အိမ္ျဖဴေတာ္က ေျပာပါတယ္။

ယူကရိန္းကို ေနတိုးႏိုင္ငံအျဖစ္လက္မခံေရး ႐ုရွားရဲ႕ ေတာင္းဆိုခ်က္ကို အျခားေသာ ႏိုင္ငံတႏိုင္ငံအေပၚ ဗီတိုအာဏာက်င့္သုံးလိုတဲ့လုပ္ရပ္အျဖစ္ အေနာက္ႏိုင္ငံမဟာမိတ္ေတြက ရႈျမင္ၾကပါတယ္။ ဒါေပမဲ့ ႐ုရွားနဲ႔နီးတဲ့ေနတိုးအဖြဲ႕ဝင္တိုင္းျပည္ေတြမွာ ေနတိုးရဲ႕ဒုံးက်ည္ေတြခ်ထားတာ၊ ေနတိုးတပ္ဖြဲ႕ေတြ စစ္ေရးေလ့က်င့္တာ အစရွိတဲ့ ကိစၥေတြအပါအဝင္ လုံၿခဳံေရးဆိုင္ရာ ကိစၥေတြကို ေဆြးေႏြးဖို႔ေတာ့ ဖြင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ဂျာမနီဝန်ကြီးချုပ် ယူကရိန်းသမ္မတ Zelenskiy နဲ့ တွေ့ဆုံ

သမ္မတ Zelenskiy က ယူကရိန်းမှာရောက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် Scholz ကို ဒီကနေ့ တနင်္လာနေ့မှာ လက်ခံတွေ့ဆုံပြီး ရုရှား-ယူကရိန်း နယ်စပ်အကျပ်အတည်းကို ဆွေးနွေးကြပါတယ်။ အင်္ဂါနေ့ မှာ ရုရှားသမ္မတပူတင်နဲ့ Scholz က တွေ့ဆုံဖို့စီစဉ်ထားပြီး ဒီခရီးစဉ်ဟာ ဥရောပ မှာ ငြိမ်းချမ်းရေး သေချာအောင် ရှာဖွေတဲ့ခရီးဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်တွေချထားတဲ့ကိစ္စအပေါ် ရုရှားနဲ့ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရဲ့ အခြားအဖွဲ့ဝင်တွေလည်း ၂ ရက်အတွင်း ပါဝင်ဆွေးနွေးကြဖို့ ယူကရိန်းက တနင်္ဂနွေနေ့ က တောင်းဆိုထားပါတယ်။ အဆိုပါအဖွဲ့အတွင်း လုံခြုံရေးအရ ကွဲပြားမှုမရှိစေရဘူးဆိုတဲ့ အချက်အပေါ် အလေးအနက်ထားတယ်ဆိုရင် ရုရှားဟာ စစ်ရေးအရ ပွင့်လင်းမြင်သာမှု ရှိစေရမယ်ဆိုတဲ့ ကတိကဝတ ကို ဖြည့်ဆည်းရပါမယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က သူ့ရဲ့ လူမှုစာမျက်နှာမှာ ရေးထားပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း ယူကရိန်းသမ္မတကို တနင်္ဂနွေနေ့က ဖုန်းခေါ်ခဲ့ပြီး ယူကရိန်းရဲ့ အချုပ်အခြာနဲ့ နယ်မြေတည်တံ့မှုကို အမေရိကန်က ကတိကဝတ်ထား လေးစားကြောင်း ပြောဆိုခဲ့ပါတယ်။ သံတမန်ရေးနည်းလမ်းနဲ့ အင်အားနဲ့ဟန့်တားရေးနည်းလမ်းတွေကို ဆက်လက် ဆောင်ရွက်ကြဖို့ အရေးကြီးတာအပေါ် အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ သဘောတူကြကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ယူကရိန်းကို နေတိုးနိုင်ငံအဖြစ်လက်မခံရေး ရုရှားရဲ့ တောင်းဆိုချက်ကို အခြားသော နိုင်ငံတနိုင်ငံအပေါ် ဗီတိုအာဏာကျင့်သုံးလိုတဲ့လုပ်ရပ်အဖြစ် အနောက်နိုင်ငံမဟာမိတ်တွေက ရှုမြင်ကြပါတယ်။ ဒါပေမဲ့ ရုရှားနဲ့နီးတဲ့နေတိုးအဖွဲ့ဝင်တိုင်းပြည်တွေမှာ နေတိုးရဲ့ဒုံးကျည်တွေချထားတာ၊ နေတိုးတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်တာ အစရှိတဲ့ ကိစ္စတွေအပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့တော့ ဖွင့်ထားပါတယ်။
============

XS
SM
MD
LG