သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ် ကြိုတင်ပြင်ဆင်ထားခြင်း


ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ် ကြိုတင်ပြင်ဆင်ထားခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မကြာခင်က မြန်မာပြည်အလယ်ပိုင်းမှာ ငလျင်လှုပ်အပြီး နောက်ဆက်တွဲ ငလျင်ငယ် (သို့မဟုတ်) အကြီးစားငလျင် ထပ်လှုပ်မှာကို စိုးရိမ်ရသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ ငလျင်လှုပ်လာရင် အထိအခိုက်အနည်းဆုံးဖြစ်အောင် ရောက်ရှိနေတဲ့ အခြေအနေအလိုက် လုပ်ဆောင်ဖို့လိုပါတယ်။ အထပ်မြင့်အိမ်တွေအပါအဝင် အိမ်ထဲမှာရှိနေသူတွေအနေနဲ့ အပြင်ကို ထွက်မပြေးပါနဲ့၊ ပြိုကျလာနိုင်တွေ ပိသွားနိုင်လို့ပါ။ အဝင်အဝပေါက်၊ ပြူတင်းပေါက်နဲ့ မှန်တွေနားမှာလဲ မနေပါနဲ့။ အိမ်ထဲက နီးစပ်ရာ စားပွဲအောက်မှာ အကာအကွယ်ယူပြီး ဝပ်နေသင့်ပါတယ်။ စားပွဲအောက် ဝင်လို့မရရင် စားပွဲဘေးမှာကပ်ပြီး ဝပ်နေနိုင်ပါတယ်။ အပေါ်က ကျလာနိုင်တဲ့ ပစ္စည်းတွေကနေ လူကို တိုက်ရိုက်မထိအောင် စားပွဲက ကာကွယ်ပေးထားနိုင်လို့ပါ။ စားပွဲမရှိရင်လဲ ဘီရို၊ ကုတင်၊ ဆိုဖာခုံတွေဘေးနားမှာ ဝပ်နေနိုင်ပါတယ်။ ဒီပစ္စည်းတွေအနေနဲ့ စားပွဲလိုပဲ အပေါ်ကကျလာနိုင်တာတွေကနေ တြိဂံပုံလုံခြုံတဲ့နေရာလပ်လေး ဖန်တီးပေးပြီး ကာကွယ်ပေးထားနိုင်လို့ပါ။ ကုတင်ပေါ်မှာ အိပ်နေရင်လဲ ချက်ချင်း ခေါင်းအုံးကို ခေါင်းမှာ ကာထားလိုက်ပါ။

လမ်းမပေါ်ရောက်နေသူတွေအနေနဲ့ ဘေးမှာ အဆောက်အဦးကြီး မရှိတဲ့နေရာမျိုးမှာ ဝပ်နေသင့်ပါတယ်။ ဓာတ်မီးတိုင်၊ ဓာတ်ကြိုး၊ သစ်ပင်၊ မြစ်ချောင်းရေတွေနဲ့ ဝေးရာမှာ ရှောင်နေသင့်ပါတယ်။ ကားထဲမှာ ရှိနေရင်လဲ ကားကိုရပ်ပြီး ကားထဲမှာ အကာအကွယ်ရအောင် ဆက်နေသင့်ပါတယ်၊ ဒါပေမဲ့ တံတားပေါ်ရောက်နေရင်တော့ တံတားကျိုးသွားနိုင်တာမို့ အမြန်ရှောင်ထွက်သင့်ပါတယ်။

တကယ်လို့ ပြိုကျပြီး အုတ်ပုံတွေ၊ အပျက်အစီးတွေအကြား ရောက်သွားရင်တော့ ဖုန်မှုံတွေအများကြီးဝင်ပြီး အသက်ရှုလမ်းကြောင်း မထိခိုက်ရအောင် အဝတ်စနဲ့ နှာခေါင်း၊ပါးစပ်တို့ကို ကာပြီး အသက်ရှုသင့်ပါတယ်။ ဒဏ်ရာရပြီး မလှုပ်ရှားနိုင်ရင်လဲ လာကယ်သူတွေသိနိုင်ဖို့ အော်ခေါ်တာထက်စာရင် နီးစပ်ရာ သံပိုက်၊ အုတ်ခဲ စတာတွေကို ခေါက်ပြီး အသံပေးနိုင်ပါတယ်။ အော်ခေါ်ရင် ဖုန်တွေ အသက်ရှုလမ်းကြောင်းထဲ ပိုဝင်ပြီး အသက်ရှုပိတ်သွားနိုင်လို့ပါ။

ကယ်ဆယ်ရေးလုပ်သူတွေအနေနဲ့လည်း နောက်ထပ် ပြိုကျနိုင်တာတွေကို သတိထားပြီး သွားသင့်ပါတယ်။ အသက်ကယ်အင်္ကျ ီအထူစားတွေ ဝတ်ထားပြီး၊ လှေကားနဲ့ အောက်ဆီဂျင်ဘူးတွေ ယူသွားသင့်ပါတယ်။ လူကို အနံ့ခံနိုင်တဲ့ ခွေးတွေကိုလဲ ဖြစ်နိုင်ရင် ခေါ်သွားသင့်ပါတယ်။ လိုအပ်ရင် ဟယ်လီကော်ပတာ သုံးနိုင်ဖို့ အကူအညီတောင်းသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG