သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV ကာကွယ်ဆေးသစ် စမ်းသပ်မှု အလားအလာမကောင်း


(Zawgyi/Unicode)

AIDS ရောဂါဖြစ်စေတဲ့ HIV ကူးစက်မှုကာကွယ်ဆေးအသစ် စမ်းသပ်မှုတွေမှာ ကောင်းမွန်တဲ့ ရလဒ်ထွက်မလာတဲ့အတွက် ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။

အသစ်စမ်းသပ်နေတဲ့ HVTN 702 အမျိုးအစား ကာကွယ်ဆေးကို တောင်အာဖရိကနိုင်ငံမှာ စမ်းသပ်မှုတွေအတွက် သီးခြား အချက်အလက်စုဆောင်းရေးဘုတ်အဖွဲ့နဲ့ ဘေးအန္တရာယ်ဖြစ်စေခြင်း ရှိမရှိ စောင့်ကြည့်တဲ့အဖွဲ့က အောင်မြင်ခြင်းမရှိကြောင်း အကြံပြု တင်ပြခဲ့တဲ့အတွက် အခုလို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မယ်ရီလန်းပြည်နယ်အခြေစိုက် အမေရိကန် အမျိုးသား ကျန်းမာရေးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

AIDS ရောဂါနဲ့ဆက်စပ်ပြီး နေ့စဉ် ကလေးငယ် ၃၀၀ သေဆုံးနေရကြောင်း ကုလပြောတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

Zulu ဘာသာစကားနဲ့ Uhambo - ခေါ် ခရီးစဉ်လို့ အမည်ပေးထားတဲ့ အဲဒီ ကာကွယ်ဆေးအသစ်ကို တောင်အာဖရိနိုင်ငံက ဒေသပေါင်း ၁၄ ခုမှာရှိတဲ့ HIV ရောဂါပိုး ကူးစက်ခံထားရခြင်းမရှိသူ ၅ ထောင့် ၄ ရာကျော်နဲ့ ၂၀၁၆ ခုနှစ်ကတည်းက စမ်းသပ် လာခဲ့တာ ဖြစ်ပါတယ်။ ဒီ စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ လိင်ဆက်ဆံမှု ရှိနေဆဲဖြစ်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား အမျိုးသားနဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို စမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးအသစ်နဲ့ ဆေးအာနိသင်မရှိတဲ့ Placebo တွေ အသီးသီးပေးခဲ့တယ်လို့ ဆိုပါတယ်။

စမ်းသပ်တဲ့ ၁၈ လတာကာလအတွင်း ကာကွယ်ဆေးအသစ် အပေးခံရသူ ၁၂၉ ဦးမှာ HIV ရောဂါပိုး ကူးစက်နေတာကို တွေ့ရပြီး ဆေးအာနိသင်မရှိတဲ့ Placebo အပေးခံရသူတွေထဲမှာ ၁၂၃ ဦး ကူးစက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကာကွယ်ဆေးပေးခြင်း မပေးခြင်းက ရောဂါပိုးကူးစက်မှုကို ထူးခြားစွာ ပြောင်းလဲစေခြင်းမရှိဘူးဆိုတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ပြုလုပ်တဲ့ ကာကွယ်ဆေးအသစ် စမ်းသပ်မှုဟာ ထိုင်းနိုင်ငံမှာ အစောပိုင်းက ပြုလုပ်ခဲ့ပြီး HIV ကူးစက်မှုကို ကာကွယ်နိုင်တယ်ဆိုတဲ့ အောင်မြင်မှုလက္ခဏာပြခဲ့တဲ့ တခုထဲသော ဆေးဝါးဖြစ်တဲ့ RV144 ဆိုတဲ့ ကာကွယ်ဆေးအပေါ် အခြေခံပြီး ပြုလုပ်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)







XS
SM
MD
LG