သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆာဆာကာဝါခရီးစဥ္ ရခိုင္ျပည္အတြက္ ခုိင္မာတဲ့ၿငိမ္းခ်မ္းေရး ေမွ်ာ္လင့္ႏိုင္မလား


တိုက္႐ိုက္ လင့္ခ္

ရခိုင္ျပည္နယ္မွာ ေရရွည္ခုိင္မာတဲ့ ၿငိမ္းခ်မ္းေရးရႏုိင္ဖို႔ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ ဆာဆာကာဝါက ဘယ္ေလာက္ထိ စြြမ္းေဆာင္ေပးႏုိင္မလဲဆိုတာ အပါအဝင္ အလားအလာေတြကို ေမးျမန္းထားပါတယ္။

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ လက္ရွိအားျဖင့္ ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ စစ္ေကာင္စီ ႏွစ္ဘက္စလံုးက စစ္တိုက္လိုတဲ့ဆႏၵ ျပင္းျပင္းထန္ထန္ ရွိၾကပံုမေပၚဘူးလို႔ ထိပ္တန္း ရခိုင္ႏုိင္ငံေရးသမားတဦးက ဗီြအိုိေအကိုေျပာပါတယ္။

ဒါေပမယ့္လည္း ရႈပ္ေထြးေနတဲ့ ျမန္မာ့ႏုိင္ငံေရး အခင္းအက်င္းေၾကာင့္ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ Yōhei Sasakawa အေနနဲ႔ ရခိုင္ျပည္မွာ ဒီ့ထက္ခုိင္မာတဲ့ ၿငိမ္းခ်မ္းတည္ၿငိမ္မႈရဖို႔ အမ်ားႀကီး စြမ္းေဆာင္ေပးႏုိင္မယ္ မထင္ဘူးလို႔ ရခိုင္အမ်ဳိးသားပါတီ (ANP) ရဲ႕ ႏုိင္ငံေရးဦးေဆာင္ေကာ္မတီ ဝင္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာက ေျပာပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။
................................

(Unicode)

ဆာဆာကာဝါခရီးစဉ် ရခိုင်ပြည်အတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေး မျှော်လင့်နိုင်မလား

ရခိုင်ပြည်နယ်မှာ လက်ရှိအားဖြင့် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ နှစ်ဘက်စလုံးက စစ်တိုက်လိုတဲ့ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြပုံမပေါ်ဘူးလို့ ထိပ်တန်း ရခိုင်နိုင်ငံရေးသမားတဦးက ဗွီအိုအေကိုပြောပါတယ်။

ဒါပေမယ့်လည်း ရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yōhei Sasakawa အနေနဲ့ ရခိုင်ပြည်မှာ ဒီ့ထက်ခိုင်မာတဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရဖို့ အများကြီး စွမ်းဆောင်ပေးနိုင်မယ် မထင်ဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဝင်၊ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။
XS
SM
MD
LG