သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ ရိုဟင်ဂျာအရေး အထူးစည်းဝေးမည်


လွန်ခဲ့တဲ့ သြဂုတ်လကစလို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းကို လူပေါင်း ၆ သိန်းကျော်ထွက်ပြေးခဲ့ရတဲ့ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ တခြားဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ဂျီနီဗာက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ အထူးတွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ရတယ်လို့ ကုလသမဂ္ဂက အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့မှာ အထူးဆွေးနွေးပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ အဲဒီ အဆင့်မြင့် အရာရှိက ရိုက်တာသတင်းဌာနကို ပြောဆိုကြောင်း ဖေါ်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီး Zeid Ra’ad al-Hussein ကမြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း နှိမ်နင်းမှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် ဥပမာပေးလို့ရတဲ့ အခြေအနေမျိုးဖြစ်တယ်ဆိုပြီး ပြောဆိုထားခဲ့ဘူးပါတယ်။ မြန်မာစစ်တပ်ဖက်ကတော့ အခုလို စွပ်စွဲမှုတွေဟာ ခိုင်လုံမှုမရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာ လ ၂၈ ရက်နေ့တုန်းကတံခါးဖွင့်အစည်းအဝေး ကျင်းပခဲ့ပြီးဒီအစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ် Antonio Guterres က စစ်ဆင်ရေးတွေတွေ အဆုံးသတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေအဟန့်အတားမဲ့စွာ ပေးနိုင်ခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေကို ဘေးကင်းကင်းနဲ့ နေရင်းရင်း ပြန်ခွင့်ပြုဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာလလယ်ပိုင်းတုန်းကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘောအစည်းအဝေးမှာတော့ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ဥက္ကဋ္ဌ Kofi Annan အပါအဝင် မြန်မာ အစိုးရကိုယ်စားလှယ်တွေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီ ရိုဟင်ဂျာအရေးအထူးစည်းဝေးမည်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG